Tuesday, September 24, 2019

သက်သေအသစ်များ ထပ်မံပေါ်ပေါက်မှသာ ဝင်းနှင့်ဇော်အမှုကို အစအဆုံးပြန်လည်စစ်ဆေးနိုင်မည်ဟု ထိုင်းရှေ့နေများ ကောင်စီပြော


Image may contain: 5 people, people sitting, text and indoor
မြန်မာရွေ့ပြောင်းလုပ်သား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့အပေါ် သေဒဏ်ချမှတ်ထားတဲ့ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သက်သေအသစ်တွေ ထပ်မံ ပေါ်ပေါက်လာမှသာအမှုကို အစဆုံးပြန်လည် စစ်ဆေးတာမျိုး လုပ်ဆောင်နိုင်မယ်လို့ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင် မစ္စတာဆန်းယာက ပြောပါတယ်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (FED) နဲ့ထိုင်းရှေ့နေများကောင်စီတို့ ပူးတွဲပြီး စက်တင်ဘာ(၂၃)ရက်က ရန်ကုန်မြို့၊ Lotteဟိုတယ်မှာ ပြုလုပ်တဲ့ လိပ်ကျွန်းနဲ့ ရနောင်းလူသတ်မှု သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။
"လိပ်ကျွန်းအမှုနဲ့ပတ်သက်ပြီး အမြင့်ဆုံး တရားရုံးက အမိန့်ချပြီးတာ ဖြစ်တဲ့အတွက် ဒီအမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာမှပြောလို့မရတော့ဘူး။ ခြွင်းချက်အနေနဲ့ သက်သေအသစ်တွေ ပေါ်လာမယ်ဆိုရင် ဒီအမှုကို အစအဆုံး သုံးသပ်တာ ပြန်စစ်ဆေးတာတွေ လုပ်လို့ရမယ်" လို့ မစ္စတာဆန်းယာက ဆိုပါတယ်။
အဲဒီလိုသက်သေအသစ်တွေ ရရှိရင် အမှုကိုအစကနေပြန်စစ်ဆေးဖို့ ငွေအားလူအားသာမက အစိုးရကလည်း ဦးဆောင်ပြီး ဆောင်ရွက်ဖို့လိုတယ်လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

လက်ရှိမှာတော့ သေဒဏ်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ထိုင်းဘုရင်မင်းမြတ်ဆီ အသနားခံစာ တင်ဖို့အတွက် ထိုင်းရှေ့နေများ ကောင်စီက ထိုင်းဘာသာနဲ့ ရေးသားထားတဲ့ မူကြမ်းကို မြန်မာအစိုးရ အပါအ၀င် ဘာသာရေး အဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကို ပေးပို့သွားမယ်လို့ ဦးထူးချစ်ကပြောပါတယ်။
"ထိုင်းရှေ့နေများကောင်စီက ရေးတဲ့ဟာကို ဘာသာပြန်ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အစိုးရကို မေတ္တာရပ်ခံပြီး တင်ခိုင်းမှာ ဖြစ်တယ်။ တပ်မတော်က အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ လာတွေ့သွားတာလည်း ကလေးတွေအတွက် အင်အားလည်း ရစေတယ်။ ထိုင်းအစိုးရအနေနဲ့ ပိုပြီးတော့ သတိထားမိစေတယ်" လို့ ဦးထူးချစ်က ဆိုပါတယ်။
ထိုင်းဘုရင်မင်းမြတ်ဆီပို့မယ့်အသနားခံစာကိုအောက်တိုဘာကုန်နောက်ဆုံးထားပြီးတင်သွင်းရမှာဖြစ်ပါတယ်။ဝင်းနဲ့ဇော်ဟာ (၂၀၁၄)ခုနှစ်ကတည်းကထိုင်းနိုင်ငံတောင်ပိုင်းခိုတောင်ကျွန်း(ခ)လိပ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ ကော့စမွီခရိုင်တရားရုံးက သေဒဏ်ချမှတ်ခံရတာပဲ ဖြစ်ပါတယ်။ သေဒဏ်အပေါ် အယူခံဝင်ခဲ့ပေမယ့် ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက ၂၀၁၉ ခုနှစ်သြဂုတ်လ ၂၉ ရက်မှာ မူလပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ကိုသာ ဆက်လက်အတည်ပြုခဲ့တာပါ။
Image may contain: 1 person Image may contain: 1 person, text
သတင်း - သန့်ဇင်လင်း

No comments:

Post a Comment

My Blog List