Monday, September 23, 2019

တပ္ထဲတြင္ မဲရံုလုပ္ျခင္းကို သေဘာမတူေၾကာင္း NLD ဗဟုိအလုပ္အမႈေဆာင္ ဦးဥာဏ္၀င္းေျပာ



ေရြးေကာက္ပြဲတြင္ တပ္ထဲ မဲရံုျပဳလုပ္ျခင္းကို သေဘာမတူေၾကာင္း NLDပါတီ ဗဟုိအလုပ္အမႈေဆာင္ ဦးဥာဏ္၀င္းက ယေန႔(စက္တင္ဘာ ၂၂ရက္)က က်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကား လုိက္သည္။

ရန္ကုန္ၿမဳိ႕ NLDရုံးခ်ဳပ္ က်င္းပေသာ  ဒုတိယဗဟုိေကာ္မတီ တတိယအႀကိမ္ေျမာက္ ပုံမွန္အစည္းအေ၀းအၿပီး သတင္းစာရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ားသုိ႔  ပါတီဗဟုိအလုပ္အမႈေဆာင္ ဦးဥာဏ္၀င္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ေရြးေကာက္ပြဲမွာ ျပႆနာက အခုမွ ျပႆနာမဟုတ္ဘူး။ ဟုိးအစကတည္းကေပၚတာ။ ဒီမုိကေရစီ ႏုိင္ငံသြားမွာ။ အားလုံးက အညီအမွ်ပဲ ျဖစ္ေစခ်င္တယ္။  အဲဒီတပ္မဲဆုိလုိ႔ရွိရင္ တပ္ထဲမွာ မဲရုံ လုပ္တာကအစ ကြ်န္ေတာ္ သေဘာမတူႏုိင္ဘူး။ ကြ်န္ေတာ္တုိ႔ ေတာက္ေလွ်ာက္ ေရြးေကာက္ပြဲကာလတုိင္းမွာ ကန္႔ကြက္ခဲ့တယ္။ မေအာင္ျမင္ခဲ့ဘူး။ အခုက ဒီကိစၥကေတာ့ ဥပေဒေၾကာင္းျပႆနာမုိ႔လုိ႔ ဒီအတုိင္းပဲ ေတာင္းဆုိရမွာပဲ’’ဟု ၄င္းကေျပာသည္။
၂၀၁၀ေရြးေကာက္ပြဲတြင္ ျပည္ခုိင္ၿဖဳိးပါတီမွ ေထာက္ခံမဲ ထက္၀က္ေက်ာ္ျဖင့္ အႏုိင္ရရွိခဲ့ၿပီး ၂၀၁၅ခုႏွစ္ ေရြးေကာက္ပြဲတြင္ NLDပါတီမွ အႏုိင္ရရွိကာ တပ္ဖြဲ႔ႏွင့္တပ္စခန္းမ်ားရွိ မဲရုံမ်ားမွာ ၿပဳိင္ဘက္ပါတီကုိ ေထာက္ခံမဲေပးမႈမ်ား ရွိခဲ့သည္။
“တပ္ထဲမွာ မဲရုံရွိတာကုိ ကန္႔ကြက္တာကေတာ့ တပ္က လူကုိပဲ မဲထည့္မွာ စုိးလုိ႔ တပ္ ထဲမဲရုံရွိတာကုိ ကန္႔ကြက္တာ ေနပါလိမ့္မယ္။ ဒီသေဘာပဲ ရွိပါလိမ့္မယ္။ တပ္ကလည္း တပ္ထဲ မဲရုံထားတာ တပ္အေျခအေနအရ ျဖစ္လိမ့္မယ္ထင္ပါတယ္’’ဟု ဒီမုိကရက္တစ္ပါတီ ျမန္မာဥကၠ႒ ဦးသုေ၀က ေျပာသည္။
မင္းသီဟန္(အကုန္သိသတင္းဌာန)

တပ်ထဲတွင် မဲရုံလုပ်ခြင်းကို သဘောမတူကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းပြော

ရွေးကောက်ပွဲတွင် တပ်ထဲ၌ မဲရုံပြုလုပ်ခြင်းကို သဘောမတူကြောင်း NLDပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ယနေ့(စက်တင်ဘာ ၂၂ရက်)က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားလိုက်သည်။
ရန်ကုန်မြို့ NLDရုံးချုပ်၌ ကျင်းပသော  ဒုတိယဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများသို့  ပါတီဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ရွေးကောက်ပွဲမှာ ပြဿနာက အခုမှ ပြဿနာမဟုတ်ဘူး။ ဟိုးအစကတည်းကပေါ်တာ။ ဒီမိုကရေစီ နိုင်ငံသွားမှာ။ အားလုံးက အညီအမျှပဲ ဖြစ်စေချင်တယ်။  အဲဒီတပ်မဲဆိုလို့ရှိရင် တပ်ထဲမှာ မဲရုံ လုပ်တာကအစ ကျွန်တော် သဘောမတူနိုင်ဘူး။ ကျွန်တော်တို့ တောက်လျှောက် ရွေးကောက်ပွဲကာလတိုင်းမှာ ကန့်ကွက်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ အခုက ဒီကိစ္စကတော့ ဥပဒေကြောင်းပြဿနာမို့လို့ ဒီအတိုင်းပဲ တောင်းဆိုရမှာပဲ’’ဟု ၎င်းကပြောသည်။
၂၀၁၀ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ထောက်ခံမဲ ထက်ဝက်ကျော်ဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် NLDပါတီမှ အနိုင်ရရှိကာ တပ်ဖွဲ့နှင့်တပ်စခန်းများရှိ မဲရုံများမှာ ပြိုင်ဘက်ပါတီကို ထောက်ခံမဲပေးမှုများ ရှိခဲ့သည်။
“တပ်ထဲမှာ မဲရုံရှိတာကို ကန့်ကွက်တာကတော့ တပ်က လူကိုပဲ မဲထည့်မှာ စိုးလို့ တပ် ထဲမဲရုံရှိတာကို ကန့်ကွက်တာ နေပါလိမ့်မယ်။ ဒီသဘောပဲ ရှိပါလိမ့်မယ်။ တပ်ကလည်း တပ်ထဲ မဲရုံထားတာ တပ်အခြေအနေအရ ဖြစ်လိမ့်မယ်ထင်ပါတယ်’’ဟု ဒီမိုကရက်တစ်ပါတီ မြန်မာဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
 

No comments:

Post a Comment

My Blog List