Tuesday, September 24, 2019

အႏုပညာရွင္မ်ားအေနျဖင့္ ျပည္သူအားဂ်င္းထည့္သည့္လုပ္ရပ္မ်ိဳးကို သတိထားေဆာင္ရြက္ရန္လိုအပ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ သတိေပး



အႏုပညာရွင္မ်ားအေနျဖင့္ ေက်ာ္ၾကားမႈကိုအသံုးခ်ၿပီး ျပည္သူအားဂ်င္းထည့္သည့္လုပ္ရပ္မ်ိဳးကို သတိထားေဆာင္ ရြက္ရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက သတိေပးေျပာၾကား လိုက္ သည္။

ရန္ကုန္ၿမိဳ႕ရွိ ရုပ္ရွင္အစည္းအရုံးတြင္ စက္တင္ဘာလ ၂၂ ရက္ကက်င္းပေသာ ေထာက္ပံ့ေငြေပးအပ္လွဴဒါန္းျခင္း အခမ္းအနားတြင္ ယင္းကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ ဘာေၾကာင့္ ကြ်န္ေတာ္ဒီလုိေျပာတာလဲ။ ဒါေတြအကုန္လုံးဟာမွတ္တမ္းမွတ္ရာနဲ႔အသံေတြ ၊အရုပ္ေတြ အကုန္လုံးက်န္ခဲ့တယ္။ ကြ်န္ေတာ္တုိ႔မမီလုိက္တဲ့ေခတ္ကရုပ္ရွင္ေတြအခုထိ ၾကည့္ေနရတုန္းပဲ။ ဒီေခတ္ပုိဆုိးတာေပါ့။ အဲဒီေတာ့ မေန႔တစ္ေန႔ကေျပာတဲ့စကားဒီေန႔က်န္တယ္။ မေန႔တစ္ေန႔က သရုပ္ေဆာင္မႈေတြသည္ဒီေန႔က်န္သြားတယ္။ ဇာတ္လမ္းဇာတ္ကြက္အရသရုပ္ေဆာင္မႈကုိမေျပာလုိေပမဲ့ တစ္ခါတစ္ရံမွာ မိမိတုိ႔ေက်ာ္ၾကားမႈကုိအေၾကာင္းျပဳၿပီးေတာ့ အသုံးခ်တဲ့ျပည္သူကုိ ဂ်င္းထည့္ရတဲ့အလုပ္မ်ိဳးကေတာ့  ေတာ္ေတာ္ေလးသတိထားၿပီးေဆာင္ရြက္ၾကဖုိ႔လုိလိမ့္မယ္လုိ႔ ဒါေလးတစ္ခ်က္ ကြ်န္ေတာ္ကသတိေပးၿပီးတင္ျပတာပါ’’ ဟု ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးက ေျပာသည္။
ထို႔ေၾကာင့္ အႏုပညာရွင္မ်ားအေနျဖင့္ ကၽြမ္းက်င္ေသာပညာရပ္ျဖင့္ ျပည္သူကို အေလးထားရန္လိုအပ္ေၾကာင္းလည္း ၄င္းက ထည့္သြင္းေျပာၾကားခဲ့သည္။
ၿပီးခဲ့ေသာ ၂၀၁၅ ေရြးေကာက္ပြဲတြင္ အႏုပညာရွင္အခ်ိဳ႕သည္ NLD ပါတီအားကုိယ္စားျပဳ၍ မဲဆြယ္ေပးသည့္ သီခ်င္းမ်ားသီဆုိျခင္း၊ မွတ္တမ္းဗီဒီယုိအတုိမ်ားရုိက္ကူးေပးျခင္းတုိ႔ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
မင္းသီဟန္(အကုန္သိသတင္းဌာန)

အနုပညာရှင်များအနေဖြင့်ပြည်သူအားဂျင်းထည့်သည့်လုပ်ရပ်မျိုးကို သတိထားဆောင်ရွက်ရန်လိုအပ်ကြောင်း  ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ သတိပေး


အနုပညာရှင်များအနေဖြင့် ကျော်ကြားမှုကိုအသုံးချပြီး ပြည်သူအားဂျင်းထည့်သည့်လုပ်ရပ်မျိုးကို သတိထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သတိပေးပြောကြားလိုက်သည်။
ရန်ကုန်မြို့ရှိ ရုပ်ရှင်အစည်းအရုံးတွင် စက်တင်ဘာလ ၂၂ ရက်ကကျင်းပသော ထောက်ပံ့ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားတွင် ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။
“ ဘာကြောင့် ကျွန်တော်ဒီလိုပြောတာလဲ။ ဒါတွေအကုန်လုံးဟာမှတ်တမ်းမှတ်ရာနဲ့အသံတွေ ၊အရုပ်တွေ အကုန်လုံးကျန် ခဲ့တယ်။ ကျွန်တော်တို့မမီလိုက်တဲ့ခေတ်ကရုပ်ရှင်တွေအခုထိ ကြည့်နေရတုန်းပဲ။ ဒီခေတ်ပိုဆိုးတာပေါ့။ အဲဒီတော့ မနေ့တစ်နေ့ကပြောတဲ့စကားဒီနေ့ကျန်တယ်။ မနေ့တစ်နေ့က သရုပ်ဆောင်မှုတွေသည်ဒီနေ့ကျန်သွားတယ်။ ဇာတ်လမ်း ဇာတ်ကွက်အရသရုပ်ဆောင်မှုကိုမပြောလိုပေမဲ့ တစ်ခါတစ်ရံမှာ မိမိတို့ကျော်ကြားမှုကိုအကြောင်းပြုပြီးတော့အသုံးချတဲ့ပြည်သူကို ဂျင်းထည့်ရတဲ့အလုပ်မျိုးကတော့  တော်တော်လေးသတိထားပြီးဆောင်ရွက်ကြဖို့လိုလိမ့်မယ်လို့ ဒါလေးတစ်ချက် ကျွန်တော်ကသတိပေးပြီးတင်ပြတာပါ’’ ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
ထို့ကြောင့် အနုပညာရှင်များအနေဖြင့် ကျွမ်းကျင်သောပညာရပ်ဖြင့် ပြည်သူကို အလေးထားရန်လိုအပ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲတွင် အနုပညာရှင်အချို့သည် NLD ပါတီအားကိုယ်စားပြု၍ မဲဆွယ်ပေးသည့် သီချင်းများသီဆိုခြင်း၊ မှတ်တမ်းဗီဒီယိုအတိုများရိုက်ကူးပေးခြင်းတို့ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန) 

No comments:

Post a Comment

My Blog List