Monday, September 23, 2019

ကက္တမင္း မူးယစ္ေဆး တစ္တန္ေက်ာ္ တင္လာတဲ့ေလွ အိႏၵိယသမုဒၵရာထဲ ဖမ္းမိ


Image may contain: 10 people, outdoor
ေဒၚလာ ၄၂ သန္းဖိုး တန္ေၾကးရိွတဲ့ မူးယစ္ေဆး သယ္ေဆာင္လာတယ္ဆိုတဲ့ ေရယာဥ္ငယ္တစ္စီးနဲ႔ ျမန္မာ ၆ ဦးကို အိႏၵိယသမုဒၵရာ နီကိုဘာကြ်န္းစုနားမွာ ဖမ္းဆီးလိုက္ေၾကာင္း အိႏၵိယကမ္းေျခေစာင့္တပ္က ေျပာဆိုတယ္လို႔ AFP သတင္းတစ္ပုဒ္မွာ ေရးသားထားပါတယ္။

ကက္တမင္း ကီလို ၁,၁၆၀ သယ္ေဆာင္လာတဲ့ ေရယာဥ္ကို ကမ္းေျခေစာင့္တပ္ေလယာဥ္က စတင္ ေတြ႔ရိွခဲ့တယ္၊ ေရဒီယိုစက္နဲ႔ ဆက္သြယ္ေမးျမန္းေပမယ့္ အေၾကာင္းမျပန္ခဲ့ဘူး၊ ေရယာဥ္ကို ဟန္႔တား စစ္ေဆးရာမွာ မူးယစ္ေဆး ေတြ႔ရိွတာျဖစ္တယ္လို႔ အိႏၵိယကာကြယ္ေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ျမန္မာ ေျခာက္ဦးက သူတို႔ဟာ ျမန္မာျပည္ကေန စက္တင္ဘာ ၁၄ ရက္ေန႔မွာ ထြက္ခြာခဲ့ၿပီး ထုိင္း-မေလးရွား ကူးသန္းတဲ့ ေရယာဥ္နဲ႔ ေတြ႔ဖို စီစဥ္ ခ်ိတ္ဆက္ထားတယ္လို႔ ထြက္ဆိုခဲ့ေၾကာင္း ကာကြယ္ေရးဌာန ထုတ္ျပန္ခ်က္က ဆိုပါတယ္။
ကက္တမင္းဟာ ႏိုက္ကလပ္မွာ အေပ်ာ္ရွာၾကသူေတြၾကား အသံုးမ်ားတဲ့ မူးယစ္ေဆးတစ္မ်ဳိး ျဖစ္ပါတယ္။
ေဆးဝါးကုသရာမွာ သံုးတဲ့ ကက္တမင္းကို အေၾကာထဲထိုးသြင္းႏိုင္တဲ့အရည္ပံုစံ ထုတ္လုပ္ၾကေပမယ့္ ေပ်ာ္ပါးဖို႔ သံုးတဲ့အခါ ၿမိဳခ်ရ သို႔မဟုတ္ ရွဴရိႈက္ရ လြယ္ကူဖို႔
အျဖဴေရာင္အမႈန္႔အျဖစ္ ျပဳျပင္ထားတယ္လို႔ Transnational Institute အဖဲြ႔က ျမန္မာဘာသာနဲ႔ ထုတ္ျပန္တဲ့ အစီရင္ခံစာတစ္ေစာင္မွာ ေဖာ္ျပထားပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလမွာလည္း တနသၤာရီတုိင္းေဒသႀကီး ပင္လယ္ျပင္မွာ ေလွနဲ႔သယ္လာတဲ့ ကက္တမင္း ပမာဏ အမ်ားအျပား ဖမ္းဆီးရမိေၾကာင္း ျမန္မာသတင္းဌာနတခ်ဳိ႕က သတင္းထည့္သြင္းေဖာ္ျပဖူးပါတယ္။ အဲဒီတုန္းကလည္း ကက္တမင္းကို လက္ဘက္ေျခာက္ကုန္ပစၥည္းဟန္ျပၿပီး သယ္ေဆာင္လာတယ္လို႔ သိရပါတယ္။
Photo: HANDOUT / INDIAN MINISTRY OF DEFENCE / AFP
RFA 
ကက်တမင်း မူးယစ်ဆေး တစ်တန်ကျော် တင်လာတဲ့လှေ အိန္ဒိယသမုဒ္ဒရာထဲ ဖမ်းမိ
~~~~~~~~~~
■ ဒေါ်လာ ၄၂ သန်းဖိုး တန်ကြေးရှိတဲ့ မူးယစ်ဆေး သယ်ဆောင်လာတယ်ဆိုတဲ့ ရေယာဉ်ငယ်တစ်စီးနဲ့ မြန်မာ ၆ ဦးကို အိန္ဒိယသမုဒ္ဒရာ နီကိုဘာကျွန်းစုနားမှာ ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်က ပြောဆိုတယ်လို့ AFP သတင်းတစ်ပုဒ်မှာ ရေးသားထားပါတယ်။
ကက်တမင်း ကီလို ၁,၁၆၀ သယ်ဆောင်လာတဲ့ ရေယာဉ်ကို ကမ်းခြေစောင့်တပ်လေယာဉ်က စတင် တွေ့ရှိခဲ့တယ်၊ ရေဒီယိုစက်နဲ့ ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းမပြန်ခဲ့ဘူး၊ ရေယာဉ်ကို ဟန့်တား စစ်ဆေးရာမှာ မူးယစ်ဆေး တွေ့ရှိတာဖြစ်တယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ ခြောက်ဦးက သူတို့ဟာ မြန်မာပြည်ကနေ စက်တင်ဘာ ၁၄ ရက်နေ့မှာ ထွက်ခွာခဲ့ပြီး ထိုင်း-မလေးရှား ကူးသန်းတဲ့ ရေယာဉ်နဲ့ တွေ့ဖို စီစဉ် ချိတ်ဆက်ထားတယ်လို့ ထွက်ဆိုခဲ့ကြောင်း ကာကွယ်ရေးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။
ကက်တမင်းဟာ နိုက်ကလပ်မှာ အပျော်ရှာကြသူတွေကြား အသုံးများတဲ့ မူးယစ်ဆေးတစ်မျိုး ဖြစ်ပါတယ်။
ဆေးဝါးကုသရာမှာ သုံးတဲ့ ကက်တမင်းကို အကြောထဲထိုးသွင်းနိုင်တဲ့အရည်ပုံစံ ထုတ်လုပ်ကြပေမယ့် ပျော်ပါးဖို့ သုံးတဲ့အခါ မြိုချရ သို့မဟုတ် ရှူရှိုက်ရ လွယ်ကူဖို့
အဖြူရောင်အမှုန့်အဖြစ် ပြုပြင်ထားတယ်လို့ Transnational Institute အဖွဲ့က မြန်မာဘာသာနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာလည်း တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ပြင်မှာ လှေနဲ့သယ်လာတဲ့ ကက်တမင်း ပမာဏ အများအပြား ဖမ်းဆီးရမိကြောင်း မြန်မာသတင်းဌာနတချို့က သတင်းထည့်သွင်းဖော်ပြဖူးပါတယ်။ အဲဒီတုန်းကလည်း ကက်တမင်းကို လက်ဘက်ခြောက်ကုန်ပစ္စည်းဟန်ပြပြီး သယ်ဆောင်လာတယ်လို့ သိရပါတယ်။
Photo: HANDOUT / INDIAN MINISTRY OF DEFENCE / AFP
RFA  

No comments:

Post a Comment

My Blog List