Tuesday, September 24, 2019

ရုပ္ရွင္အစည္းအရံုးသို႔အလွဴေငြလွဴဒါန္းျခင္းမွာ မဲဆြယ္ျခင္းမဟုတ္ေၾကာင္း ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ေျပာ



ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံးသို႔ သြားေရာက္ၿပီး ေငြက်ပ္သိန္း ၄၀၀ ေက်ာ္လွဴဒါန္းျခင္းမွာ မဲဆြယ္စည္းရုံးျခင္း မဟုတ္ေၾကာင္း ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးကေျပာသည္။

စက္တင္ဘာလ ၂၂ ရက္က ယင္းကဲ့သို႔ သြားေရာက္လွဴဒါန္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
“ ကၽြန္ေတာ္ဒီကေန႔ အခုလုိလာေရာက္ေတြ႔ဆံုမႈ၊ မိမိတက္ႏုိင္သေလာက္ေထာက္ပံ႔မႈေတြလုပ္မယ္လုိ႔ စဥ္းစားလုိက္တဲ့အခ်ိန္မွာ စိတ္ထဲမွာငါဒီအလုပ္ကုိသြားလုပ္တဲ႔အတြက္ ငါတုိ႔ုကုိလာၿပီးေတာ့ မဲဆြယ္တယ္စည္းရံုးတယ္လုိ႔ ဒီလုိမ်ားထင္မလားဆုိတဲ႔ ခံစားခ်က္ကအေတာ္ႀကီးပါတယ္။ ဒါေၾကာင့္ ျဖစ္ႏုိင္ရင္ ေနာက္ခံစာတန္းထုိးတဲ႔အခါမွာလည္း ျပည္ခုိင္ၿဖိဳးပါတီလည္းမထည့္နဲ႔၊ ပါတီတံဆိပ္လည္းမထည့္နဲ႔၊ ရုိးရုိးသာမာန္လွဴးဒါန္းပြဲ(ဒါမွမဟုတ္)ေစတနာရွင္မ်ားလုိ႔သာေဆာင္ရြက္ဖုိ႔ လမ္းညႊန္ခဲ႔တယ္”ဟု ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီဥကၠ႒ ဦးသန္းေဌးကေျပာသည္။
ျပည္ေထာင္စုၾကံ႕ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီအေနျဖင့္ ရုပ္ရွင္တစ္သက္တာဆုရွင္ဘဘဘုိကေလးတင့္ေအာင္၊ ရုပ္ရွင္တစ္သက္တာဆုရွင္ ေဒၚျမင႔္ျမင့္ခင္၊ အေမမ်ားအဖြဲ႔၊ မမမ်ားအဖြဲ႔၊ ကုိလူေခ်ာတုိ႔အဖြဲ႔၊ ဇာတ္ပုိ႔ဇာတ္ရန္အဖြဲ႕၊ ဇာတ္ညႊနး္အလႊာအဖြဲ႔၊ တည္းျဖတ္အလႊာအဖြဲ႔ႏွင့္ စက္မႈအလႊာအဖြဲ႔မ်ားထံ အလွဴေငြမ်ားေပးအပ္ခဲ့ျခင္းျဖစ္သည္။
၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္ အႏုိင္ရရွိခဲ့သည့္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီအား အႏုပညာရွင္အသီးသီးက မဲဆြယ္စည္းရုံးေရးကာလတြင္ ကူညီမဲဆြယ္ေပးခဲ့သည္။
ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

ရုပ်ရှင်အစည်းအရုံးသို့အလှူငွေလှူဒါန်းခြင်းမှာ မဲဆွယ်ခြင်းမဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ သွားရောက်ပြီး ငွေကျပ်သိန်း ၄၀၀ ကျော်လှူဒါန်းခြင်းမှာ မဲဆွယ်စည်းရုံးခြင်း မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြောသည်။
စက်တင်ဘာလ ၂၂ ရက်က ယင်းကဲ့သို့ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ ကျွန်တော်ဒီကနေ့ အခုလိုလာရောက်တွေ့ဆုံမှု၊ မိမိတက်နိုင်သလောက်ထောက်ပံ့မှုတွေလုပ်မယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ စိတ်ထဲမှာငါဒီအလုပ်ကိုသွားလုပ်တဲ့အတွက် ငါတို့ုကိုလာပြီးတော့ မဲဆွယ်တယ်စည်းရုံးတယ်လို့ ဒီလိုများထင်မလားဆိုတဲ့ ခံစားချက်ကအတော်ကြီးပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နောက်ခံစာတန်းထိုးတဲ့အခါမှာလည်း ပြည်ခိုင်ဖြိုးပါတီလည်း မထည့်နဲ့၊ ပါတီတံဆိပ်လည်းမထည့်နဲ့၊ ရိုးရိုးသာမာန်လှူးဒါန်းပွဲ(ဒါမှမဟုတ်)စေတနာရှင်များလို့သာဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့တယ်”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရုပ်ရှင်တစ်သက်တာဆုရှင်ဘဘဘိုကလေးတင့်အောင်၊ ရုပ်ရှင်တစ်သက်တာဆုရှင် ဒေါ်မြင့်မြင့်ခင်၊ အမေများအဖွဲ့၊ မမများအဖွဲ့၊ ကိုလူချောတို့အဖွဲ့၊ ဇာတ်ပို့ဇာတ်ရန်အဖွဲ့၊ ဇာတ်ညွှန်း အလွှာအဖွဲ့၊ တည်းဖြတ်အလွှာအဖွဲ့နှင့် စက်မှုအလွှာအဖွဲ့များထံ အလှူငွေများပေးအပ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား အနုပညာရှင်အသီးသီးက မဲဆွယ်စည်းရုံးရေးကာလတွင် ကူညီမဲဆွယ်ပေးခဲ့သည်။
ချမ်းငြိမ်း(အကုန်သိသတင်းဌာန)
 

No comments:

Post a Comment

My Blog List