Thursday, September 26, 2019

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက တစ်စုံတစ်ရာ ညွှန်ကြားမှုမရှိသေးဟု ကချင်ဝန်ကြီးချုပ်ပြော စီမံကိန်းဆိုင်းဘုတ် ယိုင်နဲ့နေ၍ ဘေးကင်းစေရန် ဖြုတ်သိမ်းခြင်းဖြစ်ကြောင်း CPI ကုမ္ပဏီရှင်းလင်း


မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး ပြည် ထောင်စုအစိုးရထံမှ တစ်စုံတစ်ရာ ညွှန်ကြားချက် မရှိသေးကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆိုင်းဘုတ်ကို တရုတ်ကုမ္ပဏီက ဖြုတ်သိမ်းခြင်းနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ထံ ဆက်သွယ်မေး မြန်းရာ ရန်ကုန်နှင့် နေပြည်တော် သို့ ရောက်ရှိနေသောကြောင့် မြစ် ကြီးနားသို့ ပြန်လည်ရောက်ရှိမှ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်း ကြည့်ရမည်ဖြစ်ကြောင်း ဖြေကြားသည်။မြစ်ဆုံစီမံကိန်း ဆက်လုပ်၊ မလုပ် အစိုးရသဘောထားကို မေးမြန်းရာ ပြည်ထောင်စုအစိုးရ က ဆုံးဖြတ်ရမည့်ကိစ္စဖြစ် ကြောင်း ပြောသည်။‘‘ဒီဟာက ပြည်ထောင်စုအ ဆင့်က ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်နေတယ်။ ဦးအနေနဲ့တော့ မျှော်လင့် တယ်ဆိုတဲ့ဟာက ပြောရမယ်ဆို ရင် နိုင်ငံတော်အကြီးအကဲတွေက အကောင်းဆုံး ဆုံးဖြတ်ပါလိမ့် မယ်လို့ ဒီလိုပဲ မျှော်လင့်ပါတယ်’’ ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။မြစ်ဆုံစီမံကိန်းကို စဉ်ဆက် မပြတ် ကန့်ကွက်ခဲ့သည့် ဒေသခံ တန်ဖဲရွာသူ ဒေါ်လုရာက လက်ရှိ အစိုးရအနေဖြင့် စီမံကိန်းနှင့် ပတ် သက်ပြီး တိကျသည့် အဖြေတစ်ခုခု ပြည်သူလူထုအား အသိပေး သင့်သည်ဟု ပြောသည်။‘‘တချို့တွေက ရေကာတာ ကို ဖျက်သိမ်းလိုက်တဲ့ သဘော ပေါ့။ အဲဒီလို ပြောကြတယ်။ ဒါ ပေမဲ့ ကျွန်မတို့အနေနဲ့ အဲဒါဖျက် သိမ်းတဲ့ သဘောတော့မဟုတ် ဘူး။ ဘာကြောင့်လဲဆိုရင် လက် ရှိ အစိုးရက ဘာမှလည်း အဲဒါကို အဖြူ၊ အမည်းမှ မပြောသေးတာ။ စီမံကိန်းကို ဖျက်သိမ်းတယ်၊ မဖျက်သိမ်းဘူး၊ လုပ်မယ်၊ မလုပ် မယ်ဆိုတာ သူတို့ တိတိကျကျ အဖြေလည်း မထုတ်သေးဘူး’’ဟုပြောသည်။မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်း ဆိုင်းဘုတ်ဖြုတ်သိမ်းခြင်း နှင့် ပတ်သက်ပြီး တရုတ်ကုမ္ပဏီ CPI သို့ 7Day Daily သတင်းစာ က ဆက်သွယ်မေးမြန်းရာ ‘‘ဒီနေရာမှာ မကြာခင်က လေပြင်းတွေ တိုက်နေပါတယ်။ ဒီဆိုင်းဘုတ်က ယိုင်နဲ့ပြီး ပြုတ်နေတာပါ။ ဒီနေရာမှာနေတဲ့သူတွေ ဘေးကင်းလုံခြုံ ဖို့အတွက် ကုမ္ပဏီက ဖြုတ်လိုက် တာပါ’’ဟု စက်တင်ဘာ ၂၄ ရက် တွင် စာဖြင့် ပြန်လည်ဖြေကြား သည်။ 
ယင်းသို့ ဆိုင်းဘုတ်ယိုင်နဲ့ နေသည်ဆိုခြင်းနှင့် ပတ်သက်ပြီး ဒေါ်လုရာက ‘‘သူတို့ ပြောသလို ယိုင်နဲ့တာလည်း မဟုတ်ဘူး။ အမှန်အကန် ဆောက်ထားတာ သံနဲ့။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ စဉ်းစားကြည့်ရင် တစ်ခုခုပေါ့။ သူတို့ ပြောင်းချင်တာပေါ့။ နာမည်ပဲ ပြောင်းချင်သလား၊ စီမံကိန်း တော့ စီမံကိန်းပေါ့။ ဒါပေမဲ့ တစ် ခု စီမံကိန်းပြောင်းချင်သလား၊ စာ သားပြောင်းချင်သလားပေါ့။ အဲဒီ လိုမျိုးထင်တယ်။ ဘာကြောင့်လဲ ဆို သူတို့က အရမ်းပြောင်းလွယ် တယ်လေ။ ပထမဆုံးက CPI၊ ဒုတိယက ACHC၊ အခု တတိယ က SPIC ဖြစ်သွားတာလေ။ အဲ ဒါကြောင့်မို့ အခုလည်း အဲဒီဆိုင်း ဘုတ်ကို လူ့ရဲ့စိတ်ကို နည်းနည်း လှုပ်ရှားအောင်လား၊ တစ်မျိုး ပြောင်းချင်သလား ကျွန်မတို့ အ ထင်ပေါ့’’ဟု မှတ်ချက်ပြုသည်။
7Day  

No comments:

Post a Comment

My Blog List