ကရင္အာဇာနည္ေန႔ကို ဦးေဆာင္က်င္းပခဲ့တာေၾကာင့္ဆိုျပီး ၿငိမ္းစုစီဥပေဒပုဒ္မ ၂၀ နဲ႔ တရားစြဲခံထားရတဲ့ ေဒၚေနာ္အုန္းလွနဲ႔ ကရင္လူငယ္ႏွစ္ေယာက္ကို ေက်ာက္တံတားတရားရံုးမွာ စက္တင္ဘာ(၂၇)ရက္(ဒီကေန႔)မွာ ရံုးထုတ္မွာျဖစ္ပါတယ္။
အဲဒီရံုးခ်ိန္းကို လူ႔ေဘာင္သစ္ပါတီ၀င္ေတြ၊ ႏိုင္ငံေရးအက်ဥ္းသားေဟာင္းေတြ၊ ကရင္လူငယ္ေတြ၊ ကရင္တိုင္းရင္းသားအဖြဲ႔အစည္းေတြ၊ ဒီမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရးအမ်ဳိးသမီးအဖြဲ႔နဲ႔ တျခားအဖြဲ႔အစည္းေတြက လူအင္အား(၁၀၀)ေက်ာ္ေလာက္က လာေရာက္ဝန္းရံခဲ့ၾကပါတယ္။ ေဒၚေနာ္အုန္းလွတို႔ကေတာ့ သူတို႔မွာ အျပစ္မရွိတဲ့အတြက္ တရားရံုးမွာ အစစ္ေဆးမခံဘူးလို႔ ျပီးခဲ့တဲ့ ရံုးခ်ိန္းတုန္းက ေျပာဆိုထားပါတယ္။
သတင္း၊ ဓာတ္ပံု - သူရမင္းေစာဦး
Unicode Version
ငြိမ်းစုစီပုဒ်မဖြင့်တရားစွဲခံထားရသည့် နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးအတွက် ကရင်လူမျိုးများ လာရောက်ဝန်းရံ
----------------------------------
ကရင်အာဇာနည်နေ့ကို ဦးဆောင်ကျင်းပခဲ့တာကြောင့်ဆိုပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ နဲ့ တရားစွဲခံထားရတဲ့ ဒေါ်နော်အုန်းလှနဲ့ ကရင်လူငယ်နှစ်ယောက်ကို ကျောက်တံတားတရားရုံးမှာ စက်တင်ဘာ(၂၇)ရက်(ဒီကနေ့)မှာ ရုံးထုတ်မှာဖြစ်ပါတယ်။ အဲဒီရုံးချိန်းကို လူ့ဘောင်သစ်ပါတီဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ကရင်လူငယ်တွေ၊ ကရင်တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့နဲ့ တခြားအဖွဲ့အစည်းတွေက လူအင်အား(၁၀၀)ကျော်လောက်က လာရောက်ဝန်းရံခဲ့ကြပါတယ်။ ဒေါ်နော်အုန်းလှတို့ကတော့ သူတို့မှာ အပြစ်မရှိတဲ့အတွက် တရားရုံးမှာ အစစ်ဆေးမခံဘူးလို့ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက ပြောဆိုထားပါတယ်။
သတင်း၊ ဓာတ်ပုံ - သူရမင်းစောဦး
No comments:
Post a Comment