Wednesday, September 25, 2019

ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ အဆိုျပဳခ်က္ ၃၇၆၅ ခ်က္အနက္ ဥပေဒမူၾကမ္းတြင္ထည့္သြင္းေဆာင္ရြက္မည့္အခ်က္မ်ားကို မဲေပးေရြးခ်ယ္၍ အတည္ျပဳျခင္းမ်ားေဆာင္ရြက္ရာတြင္ အခန္း ၂ အထိ ေဆာင္ရြက္ၿပီးစီး




ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး(၃၉/၂၀၁၉)ကို စက်တင်ဘာ ၂၄ ရက်က ကျင်းပစဉ်
ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးအတြက္ အဆိုျပဳခ်က္ ၃၇၆၅ ခ်က္အနက္မွ ဥပေဒမူၾကမ္းတြင္ ထည့္သြင္းေဆာင္ရြက္မည့္ အခ်က္မ်ားကို မဲေပးေရြးခ်ယ္၍ အတည္ျပဳျခင္းမ်ား ေဆာင္ရြက္ရာတြင္ အခန္း ၂ အထိ ေဆာင္ရြက္ၿပီးစီးေနၿပီျဖစ္ေၾကာင္း ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီထံမွ သိရသည္။

ဖြဲ႕စည္းပုံ အေျခခံဥပေဒႏွင့္ပတ္သက္၍ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးပူးေပါင္းေကာ္မတီက ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပထားသည့္ ျပင္ဆင္၊ ျဖည့္စြက္၊ ပယ္ဖ်က္ရန္ တင္ျပခ်က္ေပါင္း ၃၇၆၅ အား ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳခဲ့ၿပီး ေနာက္ဆက္တြဲအေနျဖင့္ ဥပေဒမူၾကမ္းေရးဆြဲနိုင္ ေရးအတြက္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။
“ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ့ အစီရင္ခံစာပါ တင္ျပခ်က္ေပါင္း ၃၇၀၀ ေက်ာ္ နဲ႔ ပတ္သက္ၿပီး ေနာက္ဆက္တြဲအေနနဲ႔ ဥပေဒမူၾကမ္းေရးဆြဲေရးအတြက္ ေဆာင္ရြက္တာ ျဖစ္တယ္။ ေဆာင္ရြက္တဲ့အခါမွာ ဥပေဒမွာ က ပုဒ္မတစ္ခုကို ျပင္ဆင္ခ်က္တစ္ခုပဲ ပါရ မွာျဖစ္တယ္။ အခု အခန္း (၂) ၿပီးသြားၿပီ။ ပုဒ္မ ၅၆(စ)အထိ ၿပီးသြားၿပီေပ့ါေနာ္” ဟု အဆိုပါ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီတြင္ ပါဝင္သူတစ္ဦးက ေျပာၾကားသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ပတ္သက္၍ ျပင္ဆင္ရန္၊ ျဖည့္စြက္ပယ္ဖ်က္ရန္ အခ်က္ေပါင္း ၃၇၆၅ ခ်က္ပါဝင္ေသာ အစီရင္ခံစာကို ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက ဇူလိုင္ ၁၅ ရက္က ျပဳလုပ္ေသာ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးတြင္ တင္သြင္းခဲ့ျခင္းျဖစ္ၿပီး ၾသဂုတ္ ၉ ရက္က ျပဳလုပ္ေသာ လႊတ္ေတာ္အစည္းအေဝးတြင္ မဲခြဲ အတည္ျပဳခဲ့ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၉ ရက္တြင္ မေကြးတိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္(၄)မွ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ညြန႔္ တင္သြင္းခဲ့ေသာ ဖြဲ႕စည္း ပုံအေျခခံဥပေဒျပင္ဆင္ေရး လုပ္ငန္းမ်ား ေဆာလ်င္စြာေဆာင္ရြက္နိုင္ေရးအတြက္ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီတစ္ရပ္ဖြဲ႕စည္းရန္ အဆိုအား ေဖေဖာ္ဝါရီ ၆ ရက္တြင္ လႊတ္ေတာ္က ေဆြးေႏြးအတည္ျပဳခဲ့ျခင္းျဖစ္သည္။
ယင္းသို႔ အတည္ျပဳခ်က္အရ ေကာ္မတီဥကၠ႒အျဖစ္ ျပည္ေထာင္စုလႊတ္ေတာ္ဒုတိယ နာယက ဦးထြန္းထြန္းဟိန္၊ ဒုတိယဥကၠ႒အျဖစ္ အမ်ိဳးသားလႊတ္ေတာ္ဒုတိယဥကၠ႒ ဦးေအးသာေအာင္၊ အတြင္းေရးမွူးအျဖစ္ ရန္ကုန္တိုင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ (၃)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာျမတ္ဉာဏစိုး၊ တြဲဖက္အတြင္းေရးမွူးအျဖစ္ ေဒါပုံမဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္းေအာင္(ခ) ဦးျပဳံးခ်ိဳတို႔ကို တာဝန္ေပးအပ္ခဲ့ၿပီး အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ၁၈ ဦး၊ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ရွစ္ဦး၊ ျပည္ခိုင္ၿဖိဳးပါတီ၊ ရခိုင္ အမ်ိဳးသားပါတီႏွင့္ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ႏွစ္ဦးစီ၊ တေအာင္း (ပေလာင္)အမ်ိဳးသားပါတီ၊ ဇိုမီးဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ၊ ပအိုဝ္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ လီဆူအမ်ိဳးသားဖြံ့ၿဖိဳးတိုးတက္ေရးပါတီ(ဒူးေလးပါတီ)၊ ကခ်င္ျပည္နယ္ ဒီမိုကေရစီပါတီ၊ ကိုးကန႔္ဒီမိုကေရစီႏွင့္ညီညြတ္ေရးပါတီ၊ တိုင္းရင္းသားစည္းလုံးညီညြတ္ ေရးပါတီ၊ မြန္အမ်ိဳးသားပါတီ၊ “၀” ဒီမိုက ရက္တစ္ပါတီႏွင့္ အမ်ိဳးသားညီညြတ္ေသာဒီမိုကရက္တစ္ပါတီတို႔မွ လႊတ္ေတာ္ကိုယ္စား လွယ္ တစ္ဦးစီႏွင့္ တစ္သီးပုဂၢလလႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးတို႔ျဖင့္ ၄၅ ဦးပါ ျပင္ ဆင္ေရး ပူးေပါင္းေကာ္မတီကို ဖြဲ႕စည္းခဲ့ျခင္း ျဖစ္သည္။
အဆိုပါ ၄၅ ဦးေကာ္မတီထဲမွ အမ်ိဳးသားညီညြတ္ေသာ ဒီမိုကရက္တစ္ပါတီမွ ကိုယ္စားလွယ္ျဖစ္သူ မအူပင္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ဝင္းႏွင့္ ရခိုင္အမ်ိဳးသားပါတီမွ ကိုယ္စားလွယ္ႏွစ္ဦးတို႔ ႏုတ္ထြက္စာတင္ထားၿပီး လီဆူအမ်ိဳးသားဖြံ့ၿဖိဳးတိုးတက္ေရးပါတီ(ဒူးေလးပါတီ)မွ ကိုယ္စားလွယ္ျဖစ္သူကလည္း ပါတီဝင္အျဖစ္မွ ႏုတ္ထြက္လိုက္ျခင္းေၾကာင့္ ေကာ္မတီတြင္ ကိုယ္စားျပဳမွုမရွိေတာ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ပတ္သက္၍ ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္း သုံးခုကို ျပည္ခိုင္ၿဖိဳးပါတီက ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္သြင္းထားၿပီး တပ္မေတာ္ကလည္း ဥပေဒမူၾကမ္း ႏွစ္ခုကို တင္သြင္းထားေၾကာင္း သတင္းရရွိသည္။

Eleven Media Group
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဆိုပြုချက် ၃၇၆၅ ချက်အနက် ဥပဒေမူကြမ်းတွင်ထည့်သွင်းဆောင်ရွက်မည့်အချက်များကို မဲပေးရွေးချယ်၍ အတည်ပြုခြင်းများဆောင်ရွက်ရာတွင် အခန်း ၂ အထိ ဆောင်ရွက်ပြီးစီး

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အဆိုပြုချက် ၃၇၆၅ ချက်အနက်မှ ဥပဒေမူကြမ်းတွင် ထည့်သွင်းဆောင်ရွက်မည့် အချက်များကို မဲပေးရွေးချယ်၍ အတည်ပြုခြင်းများ ဆောင်ရွက်ရာတွင် အခန်း ၂ အထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီထံမှ သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် တင်ပြချက်ပေါင်း ၃၇၆၅ အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ဥပဒေမူကြမ်းရေးဆွဲနိုင် ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သည်။
“ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာပါ တင်ပြချက်ပေါင်း ၃၇၀၀ ကျော် နဲ့ ပတ်သက်ပြီး နောက်ဆက်တွဲအနေနဲ့ ဥပဒေမူကြမ်းရေးဆွဲရေးအတွက် ဆောင်ရွက်တာ ဖြစ်တယ်။ ဆောင်ရွက်တဲ့အခါမှာ ဥပဒေမှာ က ပုဒ်မတစ်ခုကို ပြင်ဆင်ချက်တစ်ခုပဲ ပါရ မှာဖြစ်တယ်။ အခု အခန်း (၂) ပြီးသွားပြီ။ ပုဒ်မ ၅၆(စ)အထိ ပြီးသွားပြီပေ့ါနော်” ဟု အဆိုပါ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ရန်၊ ဖြည့်စွက်ပယ်ဖျက်ရန် အချက်ပေါင်း ၃၇၆၅ ချက်ပါဝင်သော အစီရင်ခံစာကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၉ ရက်က ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် မဲခွဲ အတည်ပြုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းခဲ့သော ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းရန် အဆိုအား ဖေဖော်ဝါရီ ၆ ရက်တွင် လွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းသို့ အတည်ပြုချက်အရ ကော်မတီဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်ဒုတိယ နာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချိုတို့ကို တာဝန်ပေးအပ်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင် အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦးစီ၊ တအောင်း (ပလောင်)အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ “၀” ဒီမိုက ရက်တစ်ပါတီနှင့် အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီတို့မှ လွှတ်တော်ကိုယ်စား လှယ် တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့ဖြင့် ၄၅ ဦးပါ ပြင် ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ၄၅ ဦးကော်မတီထဲမှ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်ဖြစ်သူ မအူပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းနှင့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်နှစ်ဦးတို့ နုတ်ထွက်စာတင်ထားပြီး လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ကိုယ်စားလှယ်ဖြစ်သူကလည်း ပါတီဝင်အဖြစ်မှ နုတ်ထွက်လိုက်ခြင်းကြောင့် ကော်မတီတွင် ကိုယ်စားပြုမှုမရှိတော့ကြောင်း သိရသည်။
လက်ရှိတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း သုံးခုကို ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းထားပြီး တပ်မတော်ကလည်း ဥပဒေမူကြမ်း နှစ်ခုကို တင်သွင်းထားကြောင်း သတင်းရရှိသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List