Monday, September 23, 2019

ရေသ႕ေတာင္-ပုဏၰားကြၽန္းသြား ကားလမ္းေပၚ၌ မိုင္းႏွစ္လံုး ေတြ႕ရွိ


Image may contain: text
ရေသ႕ေတာင္-ပုဏၰားကြၽန္းသြား ကားလမ္းေပၚ၌ မိုင္းႏွစ္လံုး ေတြ႕ရွိခဲ့ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက သတင္းေဖာ္ျပထားသည္။

ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္အတြင္း လံုၿခံဳေရး ေဆာင္ရြက္ ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ စက္တင္ဘာ ၂ဝ ရက္ နံနက္ ၅ နာရီခန္႔တြင္ ရေသ့ေတာင္-ပုဏၰားကြၽန္းသြား ကားလမ္းေပၚ၌ ဆုိင္ကယ္တစ္စီးႏွင့္ အတူ အရပ္ဝတ္ျဖင့္ မသကၤာဖြယ္လူ ႏွစ္ဦး ေတြ႕ရွိသျဖင့္ စစ္ေဆးရန္ ေခၚယူစဥ္ ၎တို႔ႏွစ္ဦးမွာ ဆုိင္ကယ္ျဖင့္ ပုဏၰားကြၽန္းၿမိဳ႕ဘက္သို႔ ေမာင္းႏွင္ ထြက္ေျပးသြားခဲ့သည္။
အဆိုပါေနရာတစ္ဝိုက္အား လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက ရွာေဖြ စစ္ေဆးရာ ကားလမ္း၏ အေနာက္ဘက္ ၃ ေပခန္႔အကြာ၌ ပလတ္စတစ္အိတ္ အမည္းႏွစ္လံုးျဖင့္ ထုပ္ထားေသာ ကြန္ၾကဴပိုက္ျဖင့္ျပဳလုပ္ထားသည့္ အျမင့္ ၈ လက္မ၊ အခ်င္း ၆ လက္မခန္႔ရွိ ဒီတိုေနတာႏွစ္ေခ်ာင္း၊ ဆားကစ္ျပားတစ္ခုစီ တပ္ဆင္ထားေသာ ရီမုမိုင္းႏွစ္လံုးအား ေတြ႕ရွိသျဖင့္ ေဒသခံျပည္သူမ်ား အႏၲရာယ္မျဖစ္ေစေရး မုိင္းရွင္းလင္းေရး အဖြဲ႕ျဖင့္ သက္မဲ့ျပဳလုပ္ သိမ္းဆည္းခဲ့ေၾကာင္းလည္း သိရသည္။

#တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး#
ရသေ့တောင်-ပုဏ္ဏားကျွန်းသွား ကားလမ်းပေါ်၌ မိုင်းနှစ်လုံး တွေ့ရှိ

ရသေ့တောင်-ပုဏ္ဏားကျွန်းသွား ကားလမ်းပေါ်၌ မိုင်းနှစ်လုံး တွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းဖော်ပြ ထားသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၂ဝ ရက် နံနက် ၅ နာရီခန့်တွင် ရသေ့တောင်-ပုဏ္ဏားကျွန်းသွား ကားလမ်းပေါ်၌ ဆိုင်ကယ်တစ်စီးနှင့် အတူ အရပ်ဝတ်ဖြင့် မသင်္ကာဖွယ်လူ နှစ်ဦး တွေ့ရှိသဖြင့် စစ်ဆေးရန် ခေါ်ယူစဉ် ၎င်းတို့နှစ်ဦးမှာ ဆိုင်ကယ်ဖြင့် ပုဏ္ဏားကျွန်းမြို့ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်အား လုံခြံုရေး တပ်ဖွဲ့ဝင်များက ရှာဖွေ စစ်ဆေးရာ ကားလမ်း၏ အနောက်ဘက် ၃ ပေခန့်အကွာ၌ ပလတ်စတစ်အိတ် အမည်းနှစ်လုံးဖြင့် ထုပ်ထားသော ကွန်ကြူပိုက်ဖြင့်ပြုလုပ်ထားသည့် အမြင့် ၈ လက်မ၊ အချင်း ၆ လက်မခန့်ရှိ ဒီတိုနေတာနှစ်ချောင်း၊ ဆားကစ်ပြားတစ်ခုစီ တပ်ဆင်ထားသော ရီမုမိုင်းနှစ်လုံးအား တွေ့ရှိသဖြင့် ဒေသခံပြည်သူများ အန္တရာယ်မဖြစ်စေရေး မိုင်းရှင်းလင်းရေး အဖွဲ့ဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်းလည်း သိရသည်။



#တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး# 

No comments:

Post a Comment

My Blog List