Wednesday, September 25, 2019

NLD ပါတီ၏တုိင္းရင္းသားေရးရာေကာ္မတီဖြဲ႔စည္းျခင္းမွာ ေရြးေကာက္ပြဲနီးမွ ႏိုင္ငံေရးမီးရွဴးမီးပန္းလႊတ္ျခင္း ျဖစ္ဟု ဆို



NLD ပါတီ၏တုိင္းရင္းသားေရးရာေကာ္မတီဖြဲ႔စည္းျခင္းမွာ ၂၀၂၀ ေရြးေကာက္ပြဲနီးမွ ႏိုင္ငံေရးမီးရွဴးမီးပန္း လႊတ္ျခင္းျဖစ္ ေၾကာင္း တုိင္းရင္းသားစည္းလံုးညီညႊတ္ေရးပါတီမွဒုတိယဥကၠ႒ ဦးဟန္ေရႊကေျပာသည္။

ရန္ကုန္ၿမိဳ႕၊ တကၠသိုလ္ရိပ္သာလမ္းရွိ တုိင္းရင္းသားစည္းလံုးညီညႊတ္ေရးပါတီရုံးခ်ဳပ္တြင္ စက္တင္ဘာလ ၂၄ ရက္ကက်င္းပသည့္သတင္းစာရွင္းလင္းပြဲအၿပီးတြင္ သတင္းေထာက္မ်ားထံေျပာၾကားခဲ့ျခင္းျဖစ္သည္။
“ ေနာက္ေတာင္ေနာက္က်ေနၿပီ။ ေနာက္တစ္ခုကေရြးေကာက္ပြဲနီးမွ ဖြဲ႔တယ္ဆိုတာက ႏုိင္ငံေရးမီးရွဴးမီးပန္း လႊတ္တာတာပဲ။ တကယ္လုိ႔သာ တုိင္းရင္းသားနဲ႔အက်ိဳးစီးပြားကိုလုပ္မယ္ဆုိရင္ ဟုိ NLD စဖြဲ႔ကတည္းက ရွိကိုရွိရမွာ” ဟု တုိင္းရင္းသားစည္းလံုးညီညႊတ္ေရးပါတီမွဒုတိယဥကၠ႒ ဦးဟန္ေရႊကေျပာသည္။
အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီ၊ ဒုတိယဗဟိုေကာ္မတီတတိယအႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ဆံုးျဖတ္ခ်က္အရ တုိင္းရင္းသားေရးရာေကာ္မတီမ်ားဖြဲ႔စည္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဆံုးျဖတ္ခဲ့သည္။
 “ တုိင္းရင္းသားေရးရာေကာ္မတီမွာ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္ ၃ ဦးစာရင္းကို ေပးၿပီးပါၿပီ။ က်န္တဲ့ တုိင္းနဲ႔ ျပည္နယ္အသီးသီးကဗဟိုေကာ္မတီဝင္ေတြရဲ႕နာမည္ေတြကိုေတာင္းထားပါတယ္။ တုိင္းရင္းသားေရးရာ ကိစၥေတြကို အေကာင္အထည္ေဖာ္ေဆာင္ရြက္မွာျဖစ္ပါတယ္။” ဟု အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွ ဒုတိယဥကၠ႒- ၂ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာၾကားထားသည္။
အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ပါတီမွေခါင္းေဆာင္သည့္ အစိုးရလက္ထက္တြင္ တုိင္းရင္းသားေရးရာဝန္ႀကီးဌာန ဖြဲ႔စည္းခဲ့ၿပီး ျပည္ေထာင္စုဝန္ႀကီးအျဖစ္ႏုိင္သက္လြင္က တာဝန္ယူေဆာင္ရြက္ေနေၾကာင္း သိရသည္။
ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

NLD ပါတီ၏တိုင်းရင်းသားရေးရာကော်မတီဖွဲ့စည်းခြင်းမှာ ရွေးကောက်ပွဲနီးမှ နိုင်ငံရေးမီးရှူးမီးပန်းလွှတ်ခြင်း ဖြစ်ဟု ဆို 

NLD ပါတီ၏တိုင်းရင်းသားရေးရာကော်မတီဖွဲ့စည်းခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲနီးမှ နိုင်ငံရေးမီးရှူးမီးပန်း လွှတ်ခြင်းဖြစ်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေကပြောသည်။
ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီရုံးချုပ်တွင် စက်တင်ဘာလ ၂၄ ရက်ကကျင်းပသည့်သတင်းစာရှင်းလင်းပွဲအပြီးတွင် သတင်းထောက်များထံပြောကြားခဲ့ခြင်းဖြစ်သည်။
“ နောက်တောင်နောက်ကျနေပြီ။ နောက်တစ်ခုကရွေးကောက်ပွဲနီးမှ ဖွဲ့တယ်ဆိုတာက နိုင်ငံရေးမီးရှူးမီးပန်း လွှတ်တာတာပဲ။ တကယ်လို့သာ တိုင်းရင်းသားနဲ့အကျိုးစီးပွားကိုလုပ်မယ်ဆိုရင် ဟို NLD စဖွဲ့ကတည်းက ရှိကိုရှိရမှာ” ဟု တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒုတိယဗဟိုကော်မတီတတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်အရ တိုင်းရင်းသားရေးရာကော်မတီများဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။
 “ တိုင်းရင်းသားရေးရာကော်မတီမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃ ဦးစာရင်းကို ပေးပြီးပါပြီ။ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးကဗဟိုကော်မတီဝင်တွေရဲ့နာမည်တွေကိုတောင်းထားပါတယ်။ တိုင်းရင်းသားရေးရာ ကိစ္စတွေကို အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဒုတိယဥက္ကဋ္ဌ- ၂ ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှခေါင်းဆောင်သည့် အစိုးရလက်ထက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးအဖြစ်နိုင်သက်လွင်က တာဝန်ယူဆောင်ရွက်နေကြောင်း သိရသည်။
ချမ်းငြိမ်း(အကုန်သိသတင်းဌာန)
 

No comments:

Post a Comment

My Blog List