Monday, September 23, 2019

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်လမ်းဆုံ၌ မူးယစ်ဆေးဝါး သယ်ဆောင် လာသူများအား ဖမ်းဆီးရမိခဲ့

Image may contain: car
ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်လမ်းဆုံ၌ မူးယစ်ဆေးဝါး သယ်ဆောင် လာသူများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းဖော်ပြထားသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်း၊ ရွှေညောင်ပင်လမ်းဆုံ၌ စစ်ဆေးမှုများ ဆောင်ရွက်စဉ် ပြီးခဲ့သည့် ရက်ပိုင်းက ဗန်းမော်ဘက်မှ မြစ်ကြီးနားဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်နှစ်စီးအား ရပ်တန့်စစ်ဆေးရာ နော်ဒင်(ဘ) ဦးဘောမ်ယိန်း မောင်းနှင်လာသည့် MITSUBISHI CHARIOT GRANDIS အမျိုးအစား ယာဉ်အမှတ် YGN-9D/------— မော်တော်ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂ဝ၅ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၂ဝ၅ဝ ဂရမ်ခန့်နှင့် ဇော်နန်(ဘ) ဦးလချောင် မောင်းနှင်လာသည့် MITSUBISHI CHARIOT GRANDIS အမျိုးအစား ယာဉ်အမှတ် YGN-9D/---— မော်တော်ယာဉ်ပေါ်မှ ဆပ်ပြာခွက် ၂ဝဝ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၂ဝဝဝ ဂရမ်ခန့်(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ် သိန်းပေါင်း ၃၃ဝဝ ကျော်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
အဆိုပါမူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီး ရမိသူများအား တရားဥပဒေအရ အမှုဖွင့် အရေးယူနိုင်ရန် ဝိုင်းမော်မြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်းလည်း သိရသည်။
The Ladies News

No comments:

Post a Comment

My Blog List