Friday, September 27, 2019

ရန်ကုန် Water Bus ပြေးဆွဲမှု ယာယီရပ်နား


ရန်ကုန် Water Bus ပြေးဆွဲမူကို စက်တင်ဘာ ၂၇ ရက် (ယနေ့)ကစ၍ ယာယီရပ်နားမည်ဟု အဆိုပါ ရေယာဉ်လိုင်းက သတင်းထုတ်ပြန်သည်။


မိုးရာသီတွင် ပျက်စီးခဲ့သည့် ဆိပ်ကမ်းများကို ပြုပြင်ရန်၊ ရေယာဉ်များ အကြီးစားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲ မည့် ရေယာဉ်များတင်သွင်းရန်၊ ငမိုးရိပ်ချောင်းဆိပ်ကမ်းများ ဆောက်လုပ်ခွင့်ရရှိရန်၊ သံလျင်ဆိပ်ကမ်းပြုပြင်ဆောက်လုပ်ရန်၊ ငွေပေးချေစနစ်သစ်အတွက် စက်များတပ်ဆင်ရန် စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ပြေးဆွဲမှု ခေတ္တရပ်နားမည် ဟု ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
‘‘ရေယာဉ်တွေက ၂ နှစ် လောက် ပြေးဆွဲခဲ့ရတာဆိုတော့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုလာ တယ်။ ဆိပ်ကမ်းတွေလည်း ပြန်ပြု ပြင်ပြီး တိုးချဲ့ပြေးဆွဲဖို့တွေလည်း ရှိလို့ ယာယီရပ်နားရတာပါ’’ ဟု Yangon Water Bus ရေယာဉ် လိုင်း Operation မန်နေဂျာ ဦးငွေ ထူးပိုင်က ပြောသည်။
ယခုကဲ့သို့ ပြေးဆွဲမှုယာယီ ရပ်နားရခြင်းသည် တွက်ခြေမ ကိုက်၍မဟုတ်ဘဲ လိုအပ်သည့် ပြင်ဆင်မှု များပြုလုပ်နိုင်ရန် ဖြစ် သည်ဟုလည်း ၎င်းက ဆိုသည်။
Water Bus ကို တင့်တင့် မြန်မာကုမ္ပဏီက ၂၀၁၇ အောက်တိုဘာက စ၍ အင်းစိန်မှ ဗိုလ်တထောင်မြို့နယ် အထိ စတင်ပြေးဆွဲခဲ့သည်။
ပြေးဆွဲမူယာယီမရပ်နားမီ အချိန်အထိ နေ့စဉ်ရေယာဉ် ၁၁ စီးဖြင့် ပြေးဆွဲခဲ့သည်။
အဆိုပါ ရေယာဉ်လိုင်းကို ၂ နှစ်အတွင်း နေ့စဉ် ပုံမှန်ခရီးစဉ် အပြင် ဘုရားဖူးနှင့် အပျော်စီးခရီး စဉ်များ အတွက်လည်း ပြေးဆွဲခဲ့ သည်။

7Day   

No comments:

Post a Comment

My Blog List