"ဘဘဦးသန်းရွှေရေးခဲ့တဲ့ အခြေခံဥပဒေဟာ လက်တွေ့သုံးတဲ့အခါမှာ နည်းနည်းအစပ်အဟပ်မတည့် ဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ဘဘဆီကနေ မေတ္တာစေတနာ နှုတ်ထွက်စကားကိုခံယူပြီး ဒီဟာတွေ ပြုပြင်လို့ရှိရင် အာလုံးကိုပြုပြင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု ချင်းတိုးတက်ရေးပါတီ အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်း ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။
ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အခြေခံဥပဒေ ၄၃၆ (က) ပါ ပုဒ်မများပြင်ဆင်ရေး ဒုတိယနေ့ဆွေးနွေးပွဲအဖြစ် ကိုယ်စားလှယ် ၁၈ ဦးပါဝင်ဆွေးနွေးရန် တင်ပြထားပြီး ယခုလွှတ်တော် အစီအ စဉ် ခဏနားချိန်တွင် ၇ ဦးဆွေးနွေးပြီးဖြစ်သည်။
ဇွန် ၂၃ ရက် ဆွေးနွေးပွဲပထမနေ့တွင် ၁၅ ဦးပါဝင်ဆွေးနွေးခဲ့ပြီး ဇွန် ၂၅ ရက်တွင် ဆွေးနွေးမှုများအပေါ် ပုဒ်မတစ်ခုချင်းစီအလိုက် အတည်ပြုချက်ရယူမည်ဖြစ်သည်။
ချင်းတိုးတက်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျွန်ခဲန်း (ဓာတ်ပုံ- ရဲနိုင်)
7Day News Journal

No comments:
Post a Comment