Wednesday, June 24, 2015

ပြင်သစ်သမ္မတကို ကန် က ထောက်လှမ်းလို့ ဝီကီလိခ်စ် ဆို


အမေရိကန် ထောက်လှမ်းရေးတွေဟာ ပြင်သစ် သမ္မတ Francois Hollande, Nicolas Sarkozy နဲ့ Jacques Chirac တို့ကို လျှို့ဝှက်စွာ ထောက်လှမ်းခဲ့ တယ်လို့ ဝီကီလိခ်စ်က ပေါက်ကြားလိုက်ပါတယ်။ အမေရိကန် ထောက်လှမ်းရေးတွေက ၂၀၀၆ကနေ ၂၀၁၂ ခုနှစ်အတွင်း ပြင်သစ်သမ္မတတွေကို ထောက် လှမ်းရေး ကိရိယာ တခုခု ခိုးဝှက် တပ်ဆင်ပြီး တိတ်တဆိတ် ခိုးနားထောင်ပြီး စောင့်ကြည့်မှု လုပ်ခဲ့တာလို့ ပြင်သစ် မီဒီယာ တွေမှာ ဖော်ပြထားပါတယ်။

ပြင်သစ် သမ္မတ တွေကိုပဲ ထောက်လှမ်းခဲ့တာ မဟုတ်ပဲ ပြင်သစ် ဝန်ကြီးတွေ နဲ့ အမေရိကန်မှာ အမှုထမ်း ဆောင်နေတဲ့ ပြင်သစ် သံအမတ်ကိုတောင် အမေရိကန်က ထောက်လှမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဝီကီလိခ်စ်ကနေ ဖော်ပြတဲ့ စာရွက် စာတမ်းထဲမှာ ပြင်သစ် သမ္မတရဲ့ လက်ကိုင်ဖုန်းနံပတ်တွေနဲ့ တခြား အရာရှိတွေရဲ့ ကိုယ်ပိုင်နံပါတ်တွေပါ ပါဝင်ပါတယ်။

ဝီကီလိခ်စ် မတိုင်ခင် အမေရိကန် လုံခြုံရေးဌာန အမှုထမ်းဟောင်း အက်ဒွက် စနိုဒန် ကလည်း အမေရိကန် အစိုးရဟာ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel အပေါ် ထောက်လှမ်းမှု လုပ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီ ပြောဆိုမှုကြောင့် ဂျာမနီက စိတ်ဆိုးပြီး သူတို့ သမ္မတဟာ အကြမ်းဖက် သမား မဟုတ်တာကြောင့် အမေရိကန်အနေနဲ့ ထောက်လှမ်းမှု လုပ်စရာ မလိုဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

ဒီတချီ ဝီကီလိခ်စ် ဖောက်ချတဲ့ အချက်အလက်တွေက အမေရိကန်အနေနဲ့ သူ့ရဲ့ မဟာမိတ်တွေအပေါ် ထောက်လှမ်းနေတယ်ဆိုတာကို ပိုမို သိစေတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြင်သစ်အစိုးရရဲ့ တရားဝင် တုန့်ပြန်ချက်ကို မသိရသေးပေမယ့် ပြင်သစ် သမ္မတက လုံခြုံရေးကောင်စီကို အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။

အမေရိကန်ကတော့ ဒီလို ကိစ္စမျိုးမှာ မှတ်ချက်မပေးလိုဘူးလို့သာ အေအက်ဖ်ပီ သတင်းကို ပြောသွားခဲ့ ပါတယ်။

ဝီကီလိခ်စ် ကတော့ သူတို့ ရရှိတဲ့ အချက်အလက်တွေကို နောက်ပိုင်းမှာ ဆက်လက် ပေါက်ကြားအောင် လုပ်သွားမယ်လို့ ပြောဆိုထားတဲ့အတွက် အစိုးရတချို့အတွက် မျက်နှာပျက်စရာ ဖြစ်ရမယ့်ကိန်း ဆိုက်နေပါတယ်။

ABC


No comments:

Post a Comment

My Blog List