Thursday, June 25, 2015

စင်ကာပူရောက် မြန်မာတစ်ဦးကို သတ်ဖြတ်ရန် ကြံစည်မှုတွင် ပီအာရ်ရရှိထားသည့် မြန်မာပါဝင်


စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ရန်ကြံစည်သည့် မြန်မာနိုင်ငံသားလေးဦးအနက် စင်ကာပူနိုင်ငံ ၌ အမြဲတမ်းနေထိုင်ခွင့် ရထားသူတစ်ဦးပါဝင်နေပြီး ထွက်ပြေးလွတ်မြောက်နေသည့် ကျန်တစ်ဦးကို စင်ကာပူရဲတပ်ဖွဲ့ က ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်း ရရှိသည်။

လူသတ်ရန် ကြံစည်မှုတွင် ပါဝင်သူများအနက် အသက်(၃၇) နှစ်အရွယ် ကိုဇော်မင်းလှိုင်သည် စင်ကာပူနိုင်ငံ၌ အမြဲတမ်း နေ ထိုင်ခွင့် ရရှိထားသူဖြစ်ကြောင်း သတင်းရရှိသည်။



ဇွန်လ ၂၁ ရက် ည ၉ နာရီခွဲ တွင် စင်ကာပူနိုင်ငံ အရှေ့ပိုင်း ဒေသရှိ Pasir Ris Street 71၊ တိုက်အမှတ်(၇၄၇-အေ) အထပ် မြင့်ကားပါကင်တစ်ခုအတွင်း စင်ကာပူနိုင်ငံ၌ အမြဲတမ်း နေထိုင်ခွင့်ရထားသူ ကိုအေးမောင်မောင်သက်ကို ကိုရဲဝင်းအောင်၊ ကိုဇော်မင်းလှိုင်၊ ကိုဖြိုးမင်းအောင်နှင့် ကိုအောင်အောင်ဆိုသူတို့ က သတ်ဖြတ်အလောင်းဖျောက်ရန် ကြံစည်ခဲ့ကြောင်း စင်ကာပူရောက် မြန်မာများက ပြောသည်။



ဝိုင်းဝန်းထိုးကြိတ်ခံရချိန် တွင် ကိုအေးမောင်မောင်သက်သည် အော်ဟစ် အကူအညီတောင်းခံသဖြင့် အသက်မသေဘဲ ဒဏ်ရာ အနည်းငယ်သာ ရရှိကာ လွတ်မြောက်ခဲ့ပြီး ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံ၌ နေထိုင်သောဦးလင်းအောင်က ပြောသည်။



‘‘အထပ်မြင့် ကားပါကင်မှာ ကိုအေးမောင်မောင်သက်ကို ၀ိုင်းချကြတာ။ အော်ဟစ်ငိုယိုပြီး အကူ အညီတောင်းလို့ လွတ်လာတယ်။ ရဲစခန်းသတင်းပို့တယ်။ သူတို့က သတ်ပြီးတော့ တိုက်ခန်း ကိုကားနဲ့ သယ်သွားမယ်လို့ စီစဉ်ထားတယ် လို့ သိရတယ်။ အောင် အောင်ကတော့ ရန်ကုန်ပြန်သွား ပြီလို့ ယူဆနေကြတယ်။ စင်ကာပူမှာတော့ ဒီသတင်းက နာမည် ကြီးနေတယ်’’ ဟု ဦးလင်းအောင်က ပြောသည်။ တရားစွဲဆိုခံရသူ သုံးဦးကိုဇွန်လ ၂၂ ရက်တွင် ဖမ်းမိခဲ့ပြီး ၎င်းတို့နှင့်အ တူ အသားကြိတ် စက်၊ စက်လွှ၊ မီးဖိုချောင်သုံး ဓားများ၊ ဂက်စ်မီးဖို၊ ဂက်စ်အိုး၊ ခရီးသွားအိတ်များ၊ ပလတ်စတစ် အခင်း များနှင့် ဓားများဖမ်းဆီးရ မိခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။



၎င်းတို့သုံးဦးကို ဇွန်လ ၂၄ ရက်တွင် တရားရုံးသို့ ရုံးထုတ် တရားစွဲဆိုခဲ့ပြီး ကျန်တစ်ဦးကို ရဲ တပ်ဖွဲ့က ဖမ်းဝရမ်းထုတ် ထား ကြောင်း သတင်းရရှိသည်။



ဖမ်းဝရမ်းထုတ်ထားသော ကိုအောင်အောင်သည် ဇွန်လ ၂၂ ရက်တွင် စင်ကာပူနိုင်ငံမှ ထွက် ခွာသွားသည်ဟု ယူဆထား ကြောင်း စင်ကာပူရဲတပ်ဖွဲ့က ပြောကြားထားသည်။ ဇွန်လ ၂၄ ရက်က ရုံးထုတ်စစ်ဆေးသော တရားခံသုံးဦးကို ဇူလိုင် ၁ ရက် တွင် ရုံးချိန်းထပ်မံခေါ်ဆောင်ထား ကြောင်း သတင်းရရှိသည်။



စင်ကာပူနိုင်ငံတွင် အမြဲ တမ်းနေထိုင်ခွင့်ကို ကန့်သတ် စည်းမျဉ်းများဖြင့် ပေးလေ့ရှိပြီး ၂၀၁၀ နောက်ပိုင်းတွင် အမြဲတမ်း နေထိုင်ခွင့်လျှောက်ထားမှုကို ပိုမို တင်းကျပ်ထားကြောင်း စင်ကာပူ ရောက် မြန်မာများက ပြောသည်။



‘‘ပီအာရ်ရဖို့က ဒီနိုင်ငံကနေ ဘွဲ့တစ်ခုခု ရထားရမယ်။ နောက် ပြီး ဒီမှာလုပ်သက်ရှည်ကြာနေတဲ့သူ ဖြစ်ရမယ်။ ကိုယ့်မိ သားစုတွေရော ဒီမှာလုပ်နေတယ်ဆိုရင် ပို လွယ်တာပေါ့။ အရင်တုန်းက ပီအာရ်ရဖို့ လွယ်တယ်။ အခုနောက်ပိုင်းတော့ မလွယ်တော့ဘူး။ ကန့် သတ်ချက်တွေများတယ်။ မရတဲ့ သူက များပါတယ်။ ပီအာရ်ရတဲ့ သူတွေက စင်ကာပူနိုင်ငံသား တွေ ရနေတဲ့ အခွင့်အရေး ၆၀ ရာခိုင် နှုန်းရကြတယ်လို့ သိရတယ်’’ ဟု ဦးလင်းအောင်က ပြောသည်။



လူသတ်မှု ကျူးလွန်ရန် ကြံ စည်သည့် မြန်မာနိုင်ငံသားများသည် ပြစ်မှုထင်ရှားပါက စင်ကာပူနိုင်ငံဥပဒေအရ ထောင် ဒဏ် ၁၄ နှစ်ထိချမှတ်နိုင်ကြောင်း စင်ကာပူ အခြေစိုက် The Straits Times သတင်းဌာနက ဖော်ပြသည်။




7Day News Journal



No comments:

Post a Comment

My Blog List