Wednesday, June 24, 2015

ဖွဲ့စည်းပုံအခြေခံဥပဒေ(၄၃၆) ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမြင်မတူကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဖွဲ့စည်းပုံ အခြေခံဥပဒေ(၄၃၆) ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်သားကိုယ် စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမြင်မတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ယနေ့ ပြုလုပ်သော ပြည်သူ့ လွှတ်တော်(၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ၆၂ ရက်မြောက်နေ့ အစီအစဉ် တွင် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်သည့်မူကြမ်းပုဒ်မ-၄၃၆၊ ပုဒ်မခွဲ(က)နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးမှုတွင် တပ်မတော်သားကိုယ်စားဗိုလ်မှူး ချုပ်တင့်ဆန်းနိုင်မှ ပြင်ဆင်ရန် မသင့်ဘဲ မူလအတိုင်းထားရန် လွှတ်တော် တွင် ဆွေးနွေးမှုအပေါ် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွင် သတင်းထောက်များမှ သူမ၏ အမြင်အား မေးမြန်းမှုအပေါ် ယင်း သို့ပြောကြားခြင်းဖြစ်သည်။

''အန်တီတို့အဖွဲ့ချုပ်က အရင် ကတည်းက အမြင်မတူဘူးဆိုတာ အစကတည်းကပြောပြီးသား၊ အခု ဒီနေ့ လဲကိုယ်စားလှယ်တွေက အဖွဲ့ ချုပ်က ဘယ်လိုလဲဆိုတာ ရှင်းရှင်း လင်းလင်းပြောထားပြီးသား။အခုဟာ က မျှော်လင့်ချက်တွေနဲ့ပြောနေတာ မဟုတ်ဘူး။ မူအရ ခံယူချက်နဲ့ပြော နေတာ၊ တပ်မတော်ကိုယ်စားလှယ် တွေ ၄၃၆မပြင်ချင်ဘူးဆိုတာ အစ ကတည်းကပြောပြီးသား၊ အန်တီတို့ အင်န်အယ်လ်ဒီကနေပြီးတော့ သေ သေချာချာတိတိကျကျပြင်ဆင်သင့် တယ်ဆိုတာ အရင်ကတည်းကပြော တယ်။ အခုလဲ ဒီလိုရပ်တည်သွား တာပဲ၊ တပ်မတော်သားကလဲအရင် ကတည်းက မူရင်းအတိုင်းပဲဆိုပြီး ပြောသွားတာ၊ သူတို့လဲ ဒီအတိုင်း ပဲ ဆက်ပြီးပြောတဲ့သဘောပါပဲ''ဟု ပြောကြားခဲ့သည်။

MP
#Democracytoday


No comments:

Post a Comment

My Blog List