Thursday, June 25, 2015

ငြမ်းစဉ်ပြို၍ သေဆုံးသူ နှစ်ဦးအား ကရုဏာကြေး ၃၅ သိန်းစီပေး


သံငြမ်းစဉ်ပြိုကြရာတွင် သေဆုံးသွားသည့် လက်သမား ၂ ဦးအတွက် ဆောက်လုပ်ရေးကုမ္ပဏီက ကျပ် ၃၅ သိန်းဆီ နစ်နာကြေးပေးခဲ့ကြောင်း သတင်းရရှိသည်။ မင်္ဂလာ မန္တလေးစီမံကိန်း ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်း ခွင် ငြမ်းစဉ်ပြိုကျမှုအတွက် ပေးအပ်သည့် ကရုဏာကြေးနှင့် ပတ်သက်၍ ဥာဏ်ဆောက်လုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးဥာဏ်က အောက်ပါအတိုင်းပြောသည်။
"မိသားစုဝင်တွေ ညှိနှိုင်းလိုက်တဲ့အခါ ၃၅ သိန်းနဲ့ အဆင်ပြေသွားတယ်။နာရေးကာလအတွက် သုံးဖို့ ကုန်ကျစရိတ်တွေ ပေးတာ ၅ သိန်းလောက်ဆိုတော့ တစ်ဦးကို သိန်း ၄၀ လောက်ကျသွားတယ်"

ဒဏ်ရာရရှိ၍ ဆေးရုံတက်နေရသူများနှင့် ဆေးရုံမှဆင်းသွားသူများကို စတင်ဖြစ်ပွားသည့် နေ့တွက်လုပ်ခအပါအ၀င် အလုပ်ပြန်ဆင်းသည်အထိ လုပ်ခများကို တွက်ပေးမည်ဟုဆိုသည်။

7Day News Journal


No comments:

Post a Comment

My Blog List