Thursday, June 25, 2015

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သမ္မတဖြစ်လာနိုင်ဟု မြန်မာ့အရေးကျွမ်းကျင်သူ သုံးသပ်


၂ဝ၁၆ခုနှစ်အတွက် မြန်မာ နိုင်ငံ၏သမ္မတသည် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်နိုင် လိမ့်မည်ဟု မြန်မာ့အရေးကျွမ်းကျင် သူ Mr. Larry Jagan က သုံးသပ် ပြောကြားလိုက်သည်။ ''သူ(ဦးခင်အောင်မြင့်)က စစ် တပ်ရဲ့ယဉ်ကျေးမှုကို လုံးဝနစ်မြုပ်နေ တဲ့သူလဲဖြစ်တယ်။ စေ့စပ်ညှိနှိုင်းတဲ့ နေရာမှာလဲ တော်တယ်လို့ပြောလို့ရ တယ်။ တိုင်းရင်းသားတွေကလဲ လက် ခံလောက်မယ်''ဟု Mr. Larry Jagan က ဆိုသည်။

ဦးခင်အောင်မြင့်သည် မြန်မာ နိုင်ငံ ပထမဆုံးပြည်ထောင်စုလွှတ် တော်နာ ယက၊ လက်ရှိအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သည်။

နိုင်ငံတ်ာသမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ လေးဦးအား သမ္မတ မဖြစ်နိုင်ကြောင်း၊

ထို့အပြင် လက်ရှိတွင် မြန်မာ့နိုင်ငံ ရေးကို ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က နောက်ကွယ်မှချုပ်ကိုင်နေသေးသည် ဟု ၄င်းကဆက်ပြောသည်။

''ဦးခင်အောင်မြင့်ဆိုရင် ဦးသန်း ရွှေက လက်ခံရင်လက်ခံလိမ့်မယ်။ ဒါ ပေမဲ့ သူ(ဦးသန်းရွှေ) ရွေးထားတာ တော့ မဟုတ်ဘူး''ဟု ၄င်းကသုံးသပ်သည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးမောင် မောင်အုန်းတို့ နှစ်ဦးသည် ဒုတိယသမ္မတ ဖြစ်နိုင် လိမ့်မည်ဟု ၄င်းကဆက်လက်သုံးသပ် ပြောကြားသည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ် သူဦးကျော်လင်းဦးက လက်ရှိမြန်မာ နိုင်ငံရဲ့ခေါင်းဆောင်ပိုင်းတွင် မည်သူ မဆိုသမ္မတဖြစ်နိုင်ပြီး မည်သူဖြစ်မည် ကိုခန့်မှန်းရန် အလွန်ခက်ခဲသည်ဟု သုံးသပ်သည်။

''အစိုးရအဖွဲ့နဲ့ လွှတ်တော်ထဲကအဖွဲ့တွေ နိုင်ငံရေးအားပြိုင်မှုမှာ ဘယ်သူနိုင်မယ်ဆိုတဲ့အပေါ်မှာ ဘယ်သူ သမ္မတ ဖြစ်မယ်ဆိုတာမူတည်တယ်။ နိုင်တဲ့အ ဖွဲ့က သူတို့ကြိုက်တဲ့သူကို သမ္မတတင် မယ့်သဘောမှာရှိ တယ်''ဟု ဦးကျော် လင်းဦးက ဆို သည်။

မြန်မာနိုင်ငံရဲ့သမ္မတရွေးချယ်မှု စနစ်ကို ပြည်သူတိုက်ရိုက်ရွေးချယ်မှု စနစ်ဖြင့် ပြောင်းလဲကျင့်သုံးသင့်ပြီဟု ၄င်းကတိုက်တွန်းသည်။

လက်ရှိတွင်လွှတ်တော်၌ ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အရေးကြီးသည့် ပုဒ်မ- ၄၃၆ ပြင် ဆင်ရေးအတွက် ဆွေးနွေးမှုများပြုလုပ် နေသည်။

#TheYangonNews


No comments:

Post a Comment

My Blog List