Thursday, June 25, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး လာမည့် ၄၅ရက်အတွင်း ဆိုးရွားစွာ ထိခိုက်နိုင်သဖြင့် ဂရုပြုသင့်ဟု ဘဲလားလေဘာတီ ဟောကိန်းထုတ်



ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်၁၉ရက်တွင် ကျရောက်သော မွေးနေ့မှ လာမည့် ၄၅ရက်အတွင်း ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်နိုင်သော အခြေအနေ ရှိသဖြင့် ဂရုပြုသင့်ကြောင်း နက္ခဗေဒဆိုင်ရာ နိုင်ငံရေး သိပံ္ပ ပညာရှင် ဘဲလားလေဘာတီ က ပြောကြားသည်။


ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေသည် မွေးနေ့နောက်ပိုင်း ကျန်းမာရေး ကျဆင်းလာနိုင်သည့်အပြင် ကျွမ်းကျင် ဆရာဝန်ကြီးများပါ ရောဂါရှာမတွေ့သည့် အဆင့်အထိ ရောက်ရှိနိုင်သည်ဟုဆိုသည်။



လက်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်၍ စနေဂြိုလ်သည် သူမ၏ ၁၂ တန့်သို့ ရောက်ရှိနေသည့် အတွက် ကျန်းမာရေး အခြေအနေအားဖြင့် ဆိုးရွားနိုင်ကြောင်း ဇွန် ၁၉ရက် မွေးနေ့မှ သြဂုတ်လအထိ တစ်ကြိမ်၊ ရွေး ကောက်ပွဲကာလ ဖြစ်သည့် နိုဝင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ တစ်ကြိမ်၊ ဒေါသဖြစ်စရာများ စိတ်တိုစရာများ ဖြစ်ပေါ်လာနိုင်ပြီး ၄င်းစိတ်ဖြင့် ကျန်းမာရေးပါ ထိခိုက်သွားမည်ဟု ဟောကိန်းထုတ်ခဲ့သည်။



“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မွေးနေ့ကနေ ၂၀၁၅ကုန်တဲ့ အထိကို ကျန်းမာရေးအရ အထူး သတိထားသင့်တယ်။ ရောဂါဖြစ်ပြီဆိုရင်လည်း ကျွမ်းကျင်ဆရာဝန်တွေ၊ ပါရဂူတွေတောင် ရောဂါ ရှာမတွေ့ဘဲ အနာတစ်ခြား ဆေးတစ်ခြား တွေဖြစ်တဲ့ အထိ ကျန်းမာရေး ထိခိုက်နိုင်တယ်။ အသက် အန္တရာယ်ပိုင်းကတော့ စိုးရိမ်စရာ မရှိပါဘူး။ ဒါကြောင့် သူ့အနေနဲ့ အလုပ်တွေကို လျှော့လုပ်သင့်သလို စိတ်ရောကိုယ်ပါ နားနားနေနေနဲ့ လုပ်စေချင်ပါတယ်”ဟု ဘဲလား လေဘာတီက ပြောသည်။



ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၁၅ခုနှစ်ကုန်ပြီး လာမည့် ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ တွင်လည်း ကျန်းမာရေး အခြေအနေအားဖြင့် အညံ့ပိုင်းထဲမှာ ရောက်ရှိနေသေးကြောင်း ၄င်းက ဆက်လက်ပြောသည်။


ပိုင်လေး
Tomorrow News Journal

No comments:

Post a Comment

My Blog List