Thursday, June 25, 2015

သာယာဝတီထောင်ရှိ ကိုအောင်မှိုင်းဆန်း အပါအ၀င် ၃၅ ဦးကို ထောင်ဝင်စာပိတ်


တရားရုံး ရုံးချိန်မှအပြန် တွင် သာယာဝတီထောင်အတွင်းသို့ ဆေးလိပ်နှင့် ကွမ်းယူဆောင်ခဲ့သောကြောင့် သပိတ်မှောက် ကျောင်းသား ကိုအောင်မှိုင်းဆန်းအပါအ၀င် ၀န်းရံပြည်သူများအ နက် ၃၅ ဦးကို ထောင်ဝင်စာပိတ်ပင်ခဲ့ကြောင်း သတင်း ရရှိသည်။

သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများသည် ဇွန်လ ၁၆ ရက်တွင် သာယာဝတီမြို့နယ် တရားရုံး၌ ပြုလုပ် သည့် ရုံးချိန်း မှအပြန် သာယာဝတီထောင်အ ၀င်တွင် စစ်ဆေးရာ ဆေးလိပ်နှင့် ကွမ်းယာတို့ တွေ့ရှိခဲ့၍ ၎င်းတို့၃၅ ဦးကို ထောင်ဝင်စာပိတ်ခဲ့ခြင်းဖြစ်သည်ဟု ဇွန်လ ၂၄ ရက်၌ ထောင်ဝင်စာလာတွေ့သည့် မိသားစုဝင်များအား ထောင်တာ ၀န်ရှိသူက ရှင်းပြခဲ့ကြောင်း သိရ သည်။



‘‘ဒီနေ့ နံနက် ၁၀ နာရီခွဲ လောက်က ထောင်ဝင်စာသွား တွေ့တော့ ထောင်ရှေ့မှာ တစ်ပွင့် နဲ့ အရာရှိက အောင်မှိုင်းဆန်း ပါ ၃၅ ဦးကို ရုံးချိန်းအပြန်မှာ ဆေး လိပ်နဲ့ ကွမ်းယူလာလို့ ထောင်ဝင် စာပိတ်ထားတယ်လို့ ပြောပါ တယ်။ အမှန်ဆို ထောင်ဝင်စာ ပိတ်တဲ့အကြောင်းကို ကျောင်း သားမိဘတွေကို အချိန်မီ အ ကြောင်းကြားသင့်တယ်။ အကုန် လုံးက နယ်ဝေးကနေ လာရတာ’’ ဟု ဇွန်လ ၂၄ ရက်တွင် သာယာ ၀တီထောင်သို့ ထောင်ဝင်စာသွား ရောက်တွေ့ဆုံခဲ့သည့် သပိတ်မှောက်ကျောင်းသား ရွှေကြယ်မိုး(ခ) ရဲဝင်းအောင်၏ ဖခင်ဦးစံထွန်း က ပြောသည်။



သပိတ်မှောက်ကျောင်းသား ခေါင်းဆောင် ကိုအောင်မှိုင်းဆန်း ပါ ၃၅ ဦးကို ထောင်ဝင်စာ နှစ် ပတ်မှ ငါးပတ်အထိ ပိတ်ထား သည့် စာရင်းတွေ့ရှိခဲ့ရပြီး ကူး ယူခွင့်မပြုသည့်အတွက် ထောင် ၀င်စာလာတွေ့သည့် မိသားစုဝင် များနှင့် ထောင်မှ တာဝန်ရှိသူများကြား အချေအတင်ဖြစ်ပွားခဲ့ ကြောင်း ထောင်ဝင်စာသွားတွေ့ သည့် မိသားစုဝင်များထံမှ သိရ သည်။



‘‘စီးကရက်နဲ့ ကွမ်းယာကိုထောင်ဘူးဝမှာတွေ့လို့ ထောင်ဝင်စာ နှစ်ပတ်ပိတ်တယ်လို့ ပြောတယ်။ ထောင်ဘူးဝမှာ တွေ့ တဲ့ ပစ္စည်းအတွက် အဲဒီလောက်ကြီး ပိတ်တယ်ဆိုတော့ မကောင်းဘူး ပေါ့။ အရင်တုန်းက ဆေးလိပ်တို့၊ ကွမ်းယာတို့ ဆိုတာ တရားဝင်တင် သွင်းခွင့်ရှိတဲ့ ပစ္စည်းတွေပါ’’ ဟု သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများအား ကူညီပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။



အဆိုပါ သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများကို သာယာဝတီမြို့နယ် တရားရုံး၌ ဇွန်လ ၃၀ ရက်တွင် ရုံးချိန်း ထပ်မံချိန်းဆိုထားပြီး ရုံးထုတ်စစ်ဆေးသွားမည် ဖြစ် သည်။


7Day News Journal



No comments:

Post a Comment

My Blog List