Thursday, June 25, 2015

သမ္မတ ပညာတော်သင်ဆု လူတွေ့စစ်ဆေးမှုတွင် မော်ဒယ် ဇွန်သဉ္ဇာ ပါဝင်


နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ဒုတိယအသုတ် လူတွေ့ စစ်ဆေးမှုတွင် မော်ဒယ် ဇွန်သဉ္ဇာ ပါဝင်ခဲ့ကြောင်း သိရသည်။ ”ပထမ တစ်ခါက စာတွေ့ပြီးတာနဲ့ ဧပြီ ၃ ရက်နေ့မှာ ပထမအကြိမ် လူတွေ့ စစ်ဆေးတယ်။ ဒုတိယ အကြိမ် လူတွေ့စစ်ဆေးမှာကိုတော့ ရက်ရွှေ့ထားတယ်။ ဇွန်တို့လည်း မသိရ သေးပါဘူး” ဟု ဇွန်သဉ္ဇာ ကပြောသည်။

 နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆု အတွက် ဒုတိယ အသုတ် လူတွေ့ဖြေဆိုရာတွင် လူဦးရေ ၁၇၂ ဦး အမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆု အတွက် အရည်အ ချင်းစစ် စာမေးပွဲ ဖြေဆိုခဲ့သူများ အနက် IELTS အဆင့် ၆ ဒသမ ၅ နှင့်အထက် ညီမျှသော Aptis Test အဆင့် ‘ဃ’ ဖြင့် အမှတ် အများဆုံးရရှိသူ ၁၄၂ ဦးအား ပထမ အသုတ်လူတွေ့စစ်ဆေးပြီး လိုအပ်သည် များကို ဆက်လက်ဆောင် ရွက် လျက်ရှိ သည်။

အလားတူပင် IELTS ၅ ဒသမ ဝနှင့် ၆ ဒသမ ၅ အကြား အဆင့်နှင့် ညီမျှသော Aptis Test အဆင့် ‘B2′ ရရှိသူ ၇၃၆ ဦးတွင် အမှတ် အများဆုံးရရှိသူ ၁၇၂ ဦး အား ဒုတိယ အသုတ် လူတွေ့ ဖြေဆိုရမည့် သူများအဖြစ် အမည် စာရင်း ထုတ်ပြန်ပြီးဖြစ်သည်။

အဆိုပါ အဆင့် ‘B2′ ရရှိသူ ၇၃၆ ဦးအနက်မှ တတိယ အသုတ် လူတွေ့ဖြေ ဆိုရမည့် သူ ၅၆၄ ဦး၏ အမည်စာရင်းကို ပညာရေး ဝန်ကြီးဌာန Website တွင် ဖော်ပြ သွားမည်ဖြစ်သည်။

”မြန်မာနိုင်ငံရဲ့ ပညာရေး အခြေအနေက တော်တော် အဆင်မ ပြေဘူး။ ဒါပေမဲ့ ဒီပညာသင်ဆု ကို လွယ် လွယ်ကူကူ နဲ့ ရခဲ့တဲ့ အရာမဟုတ်ဘူး။ ဒါပေမဲ့ ဇွန် ဒီလူတွေ့ မှာပါပြီးတော့ နိုင်ငံခြား ကျောင်းကို မဖြစ်မနေ တက်ရမယ် ဆိုရင် နောက်ဆုတ်ဖို့ များပါ တယ်။ ဒီမှာနေချင်တဲ့ ဆန္ဒက ပထမ အဖေ နဲ့အမေကို အနီး ကပ်ပြုစု ချင်သလို ဝါသနာပါတဲ့ အလုပ်ကို လည်း လုပ်ချင်တယ်” ဟု ဇွန်သဉ္ဇာ ကပြောသည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က လူငယ်များ အတွက် ပြည်ပဘွဲ့လွန်နှင့် ဘွဲ့ကြိုတန်း ပညာတော်သင်ဆု များပေးအပ်ခြင်း သည် နှစ်ပေါင်း ၅ဝ ကျော် အတွင်း အစိုးရ ဝန်ထမ်း မဟုတ်သူများ အတွက် ရည်ရွယ် ပေးအပ်မည့် ပညာသင်ဆု မျိုးဖြစ်သည်။

Popular Myanmar News Journal


No comments:

Post a Comment

My Blog List