Thursday, June 25, 2015

စစ်ရေယာဉ်များနှင့် တွဲဖက်အသုံးပြုနိုင်သည့် လေယာဉ်ငယ်များ မြန်မာ့တပ်မတော်ဝယ်ယူ





မြန်မာ့တပ်မတော်က စစ်ရေယာဉ်များနှင့် တွဲဖက်အသုံး ပြုနိုင်သည့် လေယာဉ်ငယ်များ ၀ယ်ယူထားကြောင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။


စစ်သင်္ဘောနှင့် တွဲဖက်အသုံးပြုရသည့် လေယာဉ်များကို ယခုနှစ်ဆန်းတွင် ၀ယ်ယူခဲ့ပြီး သရုပ်ပြမောင်းနှင်ခြင်းကို ဇွန်လ ၂၄ ရက်က မိတ္ထီလာမြို့၌ ကျင်းပခဲ့သော တပ်တော်(လေ)၏ တော် ၀င် အခမ်းအနား၌ ပြသခဲ့ခြင်း ဖြစ်ကြောင်း တပ်မ တော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြ ထားသည်။



‘‘ဘယ်နှစီးဝယ်ထားတယ် လို့တော့မသိရပါဘူး။ ဒါပေမဲ့ ပြ ပွဲမှာတော့ အဲဒီ လေယာဉ်တွေကို ထည့်သွင်းပြသခဲ့တယ်။ လေ ယာဉ်အမည်က EUROPOPTER ပါ။ အဲဒီ လေယာဉ်တွေက ပင်လယ်ကမ်းရိုးတန်းသုံးစစ်သင်္ဘောတွေမှာပဲ သုံးတာပါ’’ဟု တပ်တော်ဝင်အခမ်းအနားတက်ရောက်ခဲ့သူ မိတ္ထီလာလေတပ်မှ ဗိုလ်မှူးတစ်ဦးက ပြောသည်။



ဇွန်လ ၂၄ ရက်တွင် ကျင်းပ သော တပ်တော်ဝင်အခမ်းအနား၌ EUROPOPTER၊လေယာဉ်၊ MI35၊ BELL 206၊ PEACH နှင့် GROBစစ်သုံးလေယာဉ်ငါးမျိုး မောင်းနှင်ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်သုံးလေယာဉ်ငါးမျိုးအနက် လေးမျိုးမှာ ရိုးရိုး သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသည့် လေယာဉ်များဖြစ်သည်ဟု သတင်းရရှိသည်။



အဆိုပါအခမ်းအနားသို့တပ် မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး လက် ထောက်လေယာဉ်မှူးအဖြစ် သ ရုပ်ပြမောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း  အဆိုပါ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ဖော်ပြ ထားသည်။



ဧပြီလ အတွင်းက တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် ဦး ဆောင်သည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ် တပ်ပေါင်းစုပင် လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်း များ ပြုလုပ်ခဲ့ပြီးနောက် အဆိုပါ လေယာဉ်ငယ်များ ၀ယ်ယူခဲ့ခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။



တပ်မတော်(လေ)၏ တော်ဝင်အခမ်းအနားကို တစ်နှစ်လျှင်တစ်ကြိမ်ခန့်ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ်အတွင်း ပြုလုပ် သောတပ်တော်ဝင် အခမ်းအနားတွင်တပ်မတော်(လေ)အတွက် စစ်သုံးလေယာဉ်အသစ်ငါးစီးကို ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


7Day News Journal



No comments:

Post a Comment

My Blog List