Wednesday, June 24, 2015

ကိုရီးယားနှင့် ထိုင်းမှလာသော ကမ္ဘာလှည့်ခရီးသွားများကို ပုံမှန်ပြည်ဝင်ခွင့်ပြုထားပြီး ကျန်းမာရေးသာ တိုးမြှင့်စစ်ဆေး


မားစ်ရောဂါဖြစ်ပွားနေသည့် ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ မှ ကမ္ဘာလှည့်ခရီးသွားများကို ပြည်တွင်းသို့ဝင် ရောက်ရန် တစ်စုံတစ်ရာကန့်သတ်မထားဘဲ ပုံမှန်ခွင့်ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ကိုရီးယားနှင့် ထိုင်းနိုင်ငံမှ ၀င်ရောက်လာသူများကို အနောက်နိုင်ငံမှလာသည့် ခရီးသွားများထက် ပိုမိုတာ ၀န်ယူစစ်ဆေးနေပြီး  ပုံမှန်အတိုင်းသာ ပြည်ဝင်ခွင့် ခွင့်ပြု ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဒေါက်တာ စိုင်းကျော် အုန်းက ပြောသည်။

‘‘တိုးရစ်ဝင်တာကတော့ ပုံ မှန်ခွင့်ပြုထားတယ်။ တခြားနိုင်ငံ ကလာတဲ့သူတွေထက် ထိုင်းနဲ့ ကိုရီးယား တော့ သေသေချာချာတင်း ကျပ်ဖို့ လုပ်ထားပါတယ်’’ ဟု ဒေါက်တာ စိုင်းကျော်အုန်းက ပြောကြားသည်။

ထိုင်းနိုင်ငံမှ နယ်စပ် ၀င် ပေါက်များတွင်လည်း ရောဂါရှာ ဖွေရေးများကို ကျန်းမာရေး ၀န်ကြီးဌာနက လုပ်ဆောင်နေသည်ဟု ဆိုသည်။

မားစ်ရောဂါသည်တောင်ကိုရီးယားနိုင်ငံတွင် မေလ ၂၀ ရက်ကစတင်ဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၃ ရက်၌ ရောဂါ ဖြစ်ပွားသူ ၁၇၅ ဦး၊ သေဆုံးသူ ၂၇ ဦးရှိလာခဲ့ပြီး ထိုင်း နိုင်ငံတွင်လည်း ဇွန်လ ၁၈ ရက်က ရောဂါကူးစက် သူတစ်ဦးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မားစ်ရောဂါကူးစက်ခံရလျှင်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ အသက်ရှူမ၀ခြင်း၊ ၀မ်း လျှောခြင်း၊ အန်ခြင်းစသည့် တုပ် ကွေးနှင့် ပြင်းထန်သည့် အဆုတ် ရောင်ရောဂါဆန်သော လက္ခဏာများဖြစ်ပေါ်နိုင်ပြီး ယင်းလက္ခဏာ များဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနများတွင် ဆေးကုသမှုခံယူရန် ကျန်းမာရေး ၀န်ကြီး ဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံမှ ကမ္ဘာလှည့် ခရီးသွား အများဆုံး ၀င်ရောက်ပြီး ကိုရီးယားသည်လည်း ပြည်တွင်း သို့ ခရီးသွားအများအပြား ၀င်ရောက်နေသည့် နိုင်ငံဖြစ်သည်။

ထိုင်းနိုင်ငံတွင်လည်း မားစ် ရောဂါဖြစ်ပွားခြင်းကြောင့် ယင်းသို့ အလည်အပတ် သွားရောက်သူအချို့၏ ခရီးစဉ်များ ဖျက်သိမ်းခဲ့ကြောင်း ခရီးသွားအေဂျင်စီများထံမှ သိရသည်။ ဇူလိုင်လအတွင်း ခရီးစဉ်များအ တွက်  ထိုင်းနိုင်ငံ၏ အခြေအနေကို စောင့်ကြည့်နေကြောင်း၊ ပိုမိုဆိုးရွားလာပါက ခရီးစဉ်အားလုံးကို ဖျက်သိမ်းမည်ဖြစ်ကြောင်း Possible ခရီးသွားလုပ်ငန်းမှ ကိုမင်းခန့်က ပြောသည်။

လက်ရှိတွင် ပြည်တွင်းသို့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု သာ အဓိကရှိပြီး ပြည်ပသို့ အလည်အပတ် ခရီးသွားမှုကို ဥပဒေအရ ခွင့်ပြုထားခြင်း မရှိဘဲ ဘုရားဖူး၊ စီးပွားရေးနှင့် ဆေးကုသရန်သာရှိ၍ ပြည်ပခရီး သွားလုပ်ငန်းကို ထိခိုက်မှုမရှိကြောင်း ဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

7Day Daily


No comments:

Post a Comment

My Blog List