"မဲခွဲတာနဲ့ပတ်သက်ပြီး ထိုင်၊ ထ ပုံစံပဲကြိုက်တယ်။ ရှင်းရှင်းလင်းလင်းဖြစ်တယ်" ဟု ယခုလွှတ်တော်ခဏ နားချိန်အတွင်း သတင်းထောက်များ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။
ဇွန် ၂၅ ရက်တွင် ခြေဥပြင်ဆင်ရေးဆွေးနွေးချက်များအပေါ် လွှတ်တော်အတည်ပြုချက်ရယူမည်ဖြစ်ပြီး မည်သည့်ပုံစံဖြင့် မဲခွဲဆုံးဖြတ်မည်ကိုမူ မသိရသေးပေ။ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုများတွင် စက်ခလုတ် နှိပ်ခြင်း၊ လျှို့ဝှက်မဲပေးခြင်း၊ ထိုင်၊ထ စနစ်ဖြင့် မဲပေးခြင်းတို့ကို ကျင့်သုံးလေ့ရှိသော်လည်း ယခုအကြိမ်တွင် မည်သည့်စနစ် ကျင့်သုံးမည်ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦရွှေမန်း အပေါ်မှာသာ မူ တည်နေသည်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

No comments:
Post a Comment