Wednesday, June 24, 2015

နိုင်ငံရပ်ခြားတွင် မြန်မာလူဦးရေ သိန်း ၂၀ ကျော်ရှိ


မြန်မာနိုင်ငံက လူဦးရေသိန်း ၂၀ ကျော်ဟာ နိုင်ငံတကာမှာ ရောက်ရှိနေတယ်လို့ ပြည်လုံးကျွတ် သန်းခေါင် စာရင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဒီအထဲမှာ ယောက်ျားဦးရေ ၁၂ သိန်း ပါဝင်ပြီး ထိုင်းနိုင်ငံမှာ ၇၀ ရာခိုင်နှုန်းနဲ့ မလေးရှားနိုင်ငံမှာ ၁၅ ရာခိုင်နှုန်း ရောက်ရှိနေကြတာပါ။

အများဆုံးကတော့ မွန်ပြည်နယ်ကဖြစ်ပြီး ၄ သိန်း ၂ သောင်းကျော်နဲ့ ကရင်ပြည်နယ်က ၃ သိန်း ၂ သောင်း ကျော်ဟာ နိုင်ငံရပ်ခြားကို ရောက်ရှိနေပါတယ်။

နိုင်ငံခြားကိုရောက်နေတဲ့ လူဦးရေထဲက ၇ သိန်းခွဲလောက်ဟာ ၁၅ လကနေ ၄ နှစ်အထိ နေထိုင်ပြီးသူတွေ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ အလုပ်လုပ်ဖို့ အကောင်းဆုံးအရွယ်ဖြစ်တဲ့ အသက် ၁၅ နှစ်က ၃၉ နှစ်အတွင်း လူဦးရေ ၁၇ သိန်းလောက်ဟာ နိုင်ငံရပ်ခြားကို ရောက်ရှိနေတာဖြစ်ပါတယ်။

DVB


No comments:

Post a Comment

My Blog List