Thursday, June 25, 2015

အခြေခံဥပဒေပြင်ဆင်ရေး ဇွန်၂၄ရက် ဆွေးနွေးမှုကောက်နုတ်ချက်များ


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် ဇွန်လ ၂၃ မှ၂၅ ရက်အထိ သုံးရက်ဆွေးနွေး ပြီးနောက် မဲခွဲဆုံးဖြတ်မည်ဖြစ်ရာ ဇွန်လ ၂၄ ရက်တွင် အမတ် ၁၇ဦး ဆွေးနွေးခဲ့သည်များမှ ကောက်နုတ်ဖော်ပြပေး လိုက်ပါသည်။

ဦးမြညိမ်း


(မဲဆန္ဒနယ်အမှတ်(၇)၊  ရန်ကုန်တိုင်းဒေသကြီး)



ကျွန်တော်တို့ရဲ့ ဒီသမ္မတဆို တာက ရိုးရိုးကျွန်တော်တို့က ဦး သျှောင်အနေနဲ့ ပေးထားတဲ့သမ္မ တမဟုတ်ပါဘူး။ သမ္မတ ဆိုတာ အုပ်ချုပ်ရေးအကြီးအကဲ၊ နိုင်ငံ တော်အကြီးအကဲဖြစ်ပါတယ်။ ဒီ သမ္မတဟာ ကျွန်တော်တို့နိုင်ငံ တော်အုပ်ချုပ် ရေးအကြီးတစ်ဦး ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဆို တာ နိုင်ငံတော်သမ္မတအနေနဲ့ အ ထူးသဖြင့် နိုင်ငံတော်နဲ့နိုင်ငံသား များအပေါ်မှာ သစ္စာစောင့်သိရို သေရမယ့်သူဖြစ်ပါတယ်။ ထို့ပြင် နိုင်ငံတော်သမ္မတဟာ ပြည်သူ များက လုံးဝဥဿုံယုံ ကြည်အား ထားနိုင်ဖို့နဲ့ သံသယမပွားနိုင်ကြ စေဖို့ဖြစ်ပါတယ်။



ထို့ပြင် နိုင်ငံတော်ရဲ့ဦး ဆောင်မှုအခန်းမှာလည်း သစ္စာ ဖောက်နိုင်မှုများ မပါဝင်လာနိုင် အောင်နှင့် နိုင်ငံခြားမှ ၀င်ရောက် စွက်ဖက်မှုမပြုလုပ်နိုင်အောင် ဖြစ်လို့ ၅၉(စ)မှာ ထိုစဉ်ကတည်း က ထည့်သွင်းထားခြင်းဖြစ်ပါ တယ်။ အဲဒီတော့ ကျွန်တော်တို့ သမ္မတဟာ အုပ်ချုပ်ရေးအာဏာ အပြည့်အ၀ကျင့်သုံးနိုင်မယ့် သမ္မ တဖြစ်ပါတယ်။ ဖွဲ့စည်းပုံအရ၊ တစ်နည်းအားဖြင့် သမ္မတဟာနိုင် ငံတော်ရဲ့ တံခွန်ကုက္ကားဖြစ်ပါ တယ်။ ဒါကြောင့်မို့လို့ ၅၉(စ)မှာ ကျွန်တော်တို့အတိအလင်းပြဆို ထားခြင်းဖြစ်ပါတယ်။ ၅၉(စ)ကို ကျွန်တော်ဥပဒေပါအားလုံးသိပြီး တဲ့အတွက် ကျွန်တော်ဖတ်ကြား တင်ပြခြင်းမပြုတောပါဘူး။ အဲဒီ တော့ ကျွန်တော်တို့ပြည်ခိုင်ဖြိုး ပါတီကနေ ၅၉(စ)မှာပါတဲ့ အ ချက်ကို ကျွန်တော်တို့ တရားဝင် သားသမီးတစ်ဦးဦး၏ ခင်ပွန်း၊ ဇနီးတို့ကို ကျွန်တော်တို့က၅၉(စ) ပါအချက်ကို အချိန်အခါ၊ အခြေ အနေနဲ့မူတည်ပြီးတော့ ပယ်ဖျက် ထားတာရှိပါတယ်။



ဦးမန်းဂျော်နီ



(မြောင်းမြမဲဆန္ဒနယ်၊ ဧရာဝတီတိုင်းဒေသကြီး)



ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုတဲ့ဆန္ဒကတော့ အားလုံးတူညီနေကြပါတယ်။ ဒါ ပေမဲ့ ပြင်ဆင်နည်းလုပ် ဆောင်ရာ မှာကျတော့ မတူဘဲကွဲလွဲနေတာ ရှိပါတယ်။ ဒီကွဲလွဲမှုကိုဆက် လက်၍ တင်ပြခွင့်ပြုပါ။ ကျွန် တော်တင်ပြဆွေး နွေးမှာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (ဃ) ဖြစ်ပါတယ်။ မူလပြဋ္ဌာန်း ချက်မှာ နိုင်ငံတော်အရေးအရာ များဖြစ် တဲ့ နိုင်ငံရေး၊အုပ်ချုပ်ရေး၊  စီးပွားရေး၊ စစ်ရေး စသည့်အမြင် များရှိရမယ်လို့ပါပါတယ်။ ပြင် ဆင်ပြဋ္ဌာန်းချက်ကတော့ နိုင်ငံ တော်အရေးအရာများဖြစ်တဲ့ နိုင် ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေးစတဲ့ အမြင်များရှိရ မယ်လို့ ပြင် ဆင်ပြဋ္ဌာန်းပါတယ်။ ရှင်းလင်းချက်ကတော့ စစ်ရေးအ မြင်ဆိုသည့် စကားရပ်ဟာ စစ်ပွဲ များနှင့်သက်ဆိုင်သည့်အမြင်ဟု အဓိပ္ပာယ်ကောက်နိုင်ပါတယ်။ ကာကွယ်ရေးအမြင်ဆိုသည့် စ ကားရပ်သည် လုံခြုံရေး၊ စစ်ရေး၊ တည်ငြိမ်အေးချမ်းသာ ယာရေးကိစ္စများနှင့် စပ်လျဉ်းသည့်အမြင် ဖြစ်သဖြင့် ပိုမိုကျယ်ပြန့်သည်ဟု  ယူဆတဲ့အတွက် ပြင်ဆင်လိုခြင်း ဖြစ်ပါတယ် လို့ ဆိုထားပါတယ်။



နာယကကြီးခင်ဗျာ၊ တ ကယ့်စစ်မှန်တဲ့ကာကွယ်ရေးဆို တာ စစ်မဖြစ်ပွားအောင် လုပ်နိုင် တဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပါ တယ်။ ကာကွယ်ရေးအမြင်မှာ သံတမန်နည်းနဲ့ဆောင်ရွက်ရတဲ့ လုပ်ငန်းများ ဒီမိုကရေစီယဉ်ကျေး မှုဖြစ်တဲ့ နိုင်ငံရေး အရတွေ့ဆုံဖြေ ရှင်းရမယ့်လုပ်ငန်းများပါဝင်လာ ပါတယ်။ စစ်ရေးအမြင်အစားကာ ကွယ်ရေးအမြင်ဆိုသည့် စကား ရပ်ဖြင့် ပုဒ်မ ၅၉(ဃ)ကို ပြင်သွား  တာ ကျွန်တော်ထောက်ခံပါ တယ်။ ဒါပေမဲ့ NLD ဘာကြောင့် လုံခြုံရေးအမြင်ကို ရပ်တည်ခဲ့ရသ လဲဆိုတာကိုတော့ အများပြည်သူ သိအောင် ဆက်လက်၍တင်ပြပါ ရစေ။ ကာကွယ်ရေးအမြင်နဲ့ လုံ ခြုံရေးအမြင်နှစ်ခုဟာ အမြွှာညီ အစ်ကိုလိုဖြစ်နေပါတယ်။ အမြွှာ ညီအစ်ကိုဖြစ်ကြပေမယ့် အရင် ဖွားတာနဲ့ နောက်ဖွား တာ လုံခြုံရေးအမြင်က အရင်ဖွားပြီး ကာကွယ် ရေးအမြင်က နောက်မှဖွားတာနဲ့ တူနေပါတယ်။ ဘာကြောင့်လဲဆို တော့ နာယကကြီးခင်ဗျာ၊ လုံခြုံ မှုရှိသလား၊ မရှိဘူးလားဆိုတာကို အရင်သုံးသပ်ကြည့်ပြီးနောက် လုံ ခြုံမှုမရှိဘူးဆိုတော့မှ ကာကွယ် ရေးဆိုတာ ကပ်ပါလာမှာဖြစ်ပါ တယ်။ လုံခြုံမှုအပြည့်အ၀ရှိနေပါ လျက်နဲ့ မည်သည့်အကြီးအကဲ၊ မည်သည့် ခေါင်းဆောင်ကမှ အ ချိန်ကုန်ခံ၊ ငွေကုန်ခံ၊ ပင်ပန်းခံ ပြီး ကာကွယ်ရေးကို လုပ်စရာအ ကြောင်း လုံးဝမရှိပါဘူး။



ဦးနိုင်ငံလင်း



(ဒက္ခိဏသီရိမဲဆန္ဒ နယ်၊ မန္တလေးတိုင်းဒေသကြီး)



ဒီသမ္မတတစ်ယောက်ဖြစ်ဖို့ကန့်သတ်ချက်တွေအလွန်များ နေတယ်။ လူတစ်ယောက်အပေါ်မှာ ကြည့်ပြီးလုပ်နေတယ်ဆို တာ သေချာလေ့လာဖို့လိုတယ်လို့ ကျွန်တော်ပထမဦးစွာပြောလိုပါ တယ်။ လေးစားအပ်တဲ့နာယက ကြီးခင်ဗျာ၊ နောက် တစ်ခုက မနေ့ က တပ်မတော်သားကိုယ်စား လှယ်တစ်ဦးဆွေးနွေးသွားတဲ့ကိစ္စ နဲ့ပတ်သက်ပြီး ဝေဖန်သုံးသပ်ပြ ချင်ပါ တယ်။



အဲဒီတပ်မတော်သားကိုယ် စားလှယ်ကြီးက အမေရိကန်လို နိုင်ငံမျိုးမှာတောင် အခြေခံဥပဒေ ကို နှစ်ပေါင်း ၂၀၀ကျော်မှ ပြင်ဆင် မှု ၂၇ ကြိမ်သာလုပ်ခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။ ဒီနေရာမှာ ကျွန် တော်တို့ပြောချင်တာက သူတို့အ နေနဲ့ ဘယ် လိုကိစ္စတွေ၊ ဘယ်လို ပုဒ်မတွေကို ပြင်ဆင်ခဲ့တာလဲ ဆိုတာကကို လေ့လာဖို့အလွန်အ ရေးကြီးပါတယ်။ သူတို့ရဲ့ပြင်ဆင် ချက်တွေကို ဥပမာအနေနဲ့ပြော ရမယ်ဆိုရင် ပထမဆုံးပြင်ဆင် ချက်ကတော့ လွတ်လပ်စွာကိုး ကွယ်ခွင့်ကို နှောင့်နှေး စေသော၊ လွတ်လပ်စွာပြောဆို ခွင့်ကိုထိပါး သော၊ စာနယ်ဇင်း လွတ်လပ်ခွင့် ကို ချိုးဖောက်သော၊ ငြိမ်းချမ်းစွာ စုဝေးခွင့် ကို စွက်ဖက်သောအစိုး ရ၏လုပ်ရပ်တွေကို ပြုပြင်ရန်အ လို့ငှာ လက်မှတ်ရေးထိုးဆန္ဒထုတ် ဖော်မှုများပိတ်ပင်သော မည် သည့်ဥပဒေပြဋ္ဌာန်းခြင်းကိုမဆို တားမြစ်သည်လို့ ပြင်ဆင်ချက် ဖြစ်ပါတယ်။ တခြားပြင်ဆင်ချက် တွေဆိုလည်း လူ့အခွင့် အရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစံနှုန်းတွေ ပို မိုအားကောင်းလာရေးအတွက်ပဲ ရှေးရှုတဲ့ပြင်ဆင်ချက်တွေအနေနဲ့ တွေ့ရ ပါတယ်။



နောက်တစ်ခုက မနေ့က ဆွေးနွေးတဲ့ တပ်မတော်သားကိုယ် စားလှယ်ကြီးကပဲ တပ်မတော် ဟာ အနာဂတ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးကို အာမခံချက်ပေး နိုင်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်လို့ ဆိုသွားပါတယ်။ ဒါကတော့ ရှင်း ရှင်းလေးပါပဲ။ တပ်မတော်အာမ ခံချက်ပေးမှဖြစ်မယ်ဆိုရင်တော့ ဒါဒီမိုကရေစီမှ ဟုတ်ပါလေစလို့ စဉ်းစားစရာဖြစ်လာပါတယ်။ တ ကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူ့အုပ်ချုပ်ရေးပါ။ ပြည်သူ ကိုဗဟိုပြုရမှာပါ။ ဒါကို ရှင်းရှင်း လင်းလင်းသိထားဖို့ လိုအပ်ပါ တယ်။ပုဒ်မ ၄၃၆ ကို ဒီဒါ့ထက်ပိုမို လွယ်လွယ်ကူကူပြင်ဆင်နိုင် အောင် ပြုလုပ်ပေးရမယ်။ ဒါမှ ကျွန်တော်တို့အားလုံးမျှော်မှန်း ထားတဲ့ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး ဟာ လမ်းစပွင့်လာမှာဖြစ်ပါတယ်။



ဦးကျွန်ခဲန်း



(မဲဆန္ဒနယ်အမှတ်- (၁)၊ ချင်းပြည်နယ်)



နာယကကြီးခင်ဗျာ - ကျွန်တော် တင်ပြလိုတာကတော့ ၂၀၀၈ အ ခြေခံဖွဲ့စည်းပုံဥပဒေဟာ ကျွန် တော်တို့ တပ်မတော် အစိုးရလက် ထက်ကနေ ပြင်ဆင်ရေးဆွဲတဲ့ ဥပဒေဖြစ်ပါတယ်။ ဆိုတော့ အဲဒီ တပ်မတော်အစိုးရလက်ထက်မှာ ရေးဆွဲတဲ့ ဥစ္စာဖြစ်တဲ့အတွက် ကြောင့် ကဏ္ဍစုံ၊ အလုံးစုံကနေ ပြီးတော့မှ ပညာရှင်ပေါင်းစုံကနေ ရေးဆွဲတဲ့ဥပဒေဖြစ်တဲ့အတွက် ကြောင့် ဒီဟာကို အင်ဆိုက်ဒါအဖြစ် တာဝန်ခန့်အပ်ထားတာ၊တပ် မတော်ထားရှိရတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီအခြေခံ ဥပဒေဟာ တပ်မတော်တပ်သားတွေ တပ်မ တော်ရဲ့ လက်စွဲဥပဒေလို့ပဲ ကျွန် တော်ဆိုချင်ပါတယ်။ အဲဒီမှာတပ်မတော် သားများရဲ့ အကြီးအကဲ ဟာ ကျွန်တော်တို့ ဘဘဗိုလ်ချုပ် မှူးကြီးသန်းရွှေဖြစ်တဲ့အတွက် ကြောင့် အကြီးအကဲ ဗိုလ်ချုပ် မှူး ကြီးသန်းရွှေရဲ့မူပိုင်လို့ပဲ ကျွန် တော်ခံယူပါတယ်။ အဲ ဒါကြောင့် ကျွန်တော်တို့ဒီအက္ခရာဖြစ်တဲ့ ပုဒ် မ ၄၃၆(က)ကို ပြင်ဆင်လိုတဲ့အ ခါမှာ ကျွန်တော်တို့ဒီအခြေခံဥပ ဒေမူပိုင်ဖြစ်တဲ့ ကျွန်တော်တို့ဗိုလ်  ချုပ်မှူးကြီးသန်းရွှေဆီမှာသွားပြီး မှ ကျွန်တော်တို့ အဲ့လိုအခြေအနေ ဖြစ်နေတယ်။ ကျွန်တော်တို့ မူဆွဲ ထားတဲ့ဥပဒေဟာ ကျွန်တော်တို့ လက်တွေ့အကောင် အထည်ဖော် တဲ့နေရာမှာ နည်းနည်းမစပ်ဟပ် ဘူးဆိုပြီးတော့မှ ကျွန်တော်တို့ လေ့လာခိုင်းလို့ရှိရင် ဘဘဆီက နေပြီး တော့မှ သူ့မေတ္တာ၊စေတနာ နှုတ်ထွက်စကားကို ကျွန်တော်တို့ ခံယူပြီးမှ ဒီဟာတွေကို ပြုပြင်လို့ ရှိရင် ကျွန်တော်တို့ အားလုံးကို ပြင်ဆင်လို့ရမယ်လို့ ကျွန်တော်ယုံ  ကြည်ပါတယ်။ အဲဒါကြောင့် ဒီ ပုဒ်မ ၄၃၆ (က)ကို အမြန်ဆုံး အ ကောင်အ ထည်ဖော်နိုင်ဖို့ရာအ တွက် အားလုံးကနေ ၀ိုင်းဝန်းပြီးမှ ကြိုးပမ်းကြပါစို့ဆိုပြီး တိုက်တွန်း ရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။



ဒေါ်တင်တင်ရီ



(ကျွန်းစုမဲဆန္ဒနယ်၊တနင်္သာရီတိုင်းဒေသကြီး)



ဖွဲ့စည်းပုံအခြေခံဥပဒေဆို တာ နိုင်ငံတစ်နိုင်ငံရဲ့ အသက် သွေးကြောဖြစ်ပါတယ်။တစ်ကြိမ်  တစ်ခါရေးဆွဲရုံမျှဖြင့် ပြီးပြည့်စုံပြီ လို့ မဆိုသာပါ။ ဒီမိုကရေစီဖွံ့ဖြိုး ပြီးဖြစ်သည့် အမေရိကန်၊အိန္ဒိယ၊ ဂျာမနီနဲ့ သြစတြေးလျ စတဲ့နိုင်ငံ တွေမှာလည်း အကြိမ်ကြိမ်ပြင် ဆင်ခဲ့ကြတာကို လေ့လာတွေ့ရှိ နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ ကမ္ဘာ ပေါ်တွင် ပြင်ဆင်ရန်ခက်ခဲဆုံး  တစ်ခုဖြစ်ကြောင်းကို ကျွမ်းကျင်  တဲ့ပညာရှင်များက ထောက်ပြကြ  ပါတယ်။ ဂျာမနီနိုင်ငံရဲ့ ဖွဲ့စည်းပုံ ဟာ ပြည်သူတွေရဲ့အခြေခံအခွင့်  အရေးတွေကို ကာကွယ်ထားတဲ့  အချက်တွေပါဝင်နေတာ ကြောင့် ဒီမိုကရေစီတည်တံ့ခိုင်မြဲရေးအ  တွက် ပြင်ဆင်ရန် ခက်ခဲကြောင်း   ကို သိရှိရပါတယ်။ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီဆိုတာကို လည်းကြားလိုက်မိပါတယ်။ ကျွန် မအနေဖြင့် ဒီမိုကရေစီအသစ်တွေ  များ ဖြစ်ပေါ်နေပြီလားလို့ အံ့သြမိ ပါတယ်။ ဒီမိုကရေစီကျင့်စဉ်တွေ၊ အခွင့်အရေးတွေ၊ တန်းတူရှိမှု တွေနဲ့ ပတ်သက်ပြီးနိုင်ငံတစ်နိုင်ငံ အလိုက် ပြဋ္ဌာန်းလို့ရသလားဆို တာကို ကျွန်မကိုယ်တိုင် နားမ လည်အောင် ဖြစ်နေရပါတယ်။



ကျွန်မတို့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို မူသုံး ရပ်ဖြင့် လွှတ်တော်တွင်ဝင် ရောက် လာခြင်းဖြစ်ပြီး ၎င်းတို့အနေနှင့်  ခေတ်နှင့်လျော်ညီခြင်းမရှိတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး  သည် အဓိကပါဝင်ကြောင်း သိရှိ  ကြပြီးဖြစ်ပါမယ်။ ၎င်းကိုပြင်ဆင် ရန် ပြည်သူတွေ ငါးသန်းကျော်က  လက်မှတ်ရေးထိုးပြီး တောင်းဆို  ထားကြတာကိုလည်း ဥပေက္ခာပြု  ထားလို့ မရပါဘူး။ ယခု လွှတ် တော်သို့လည်း ပြင်ဆင်ရန်တင် ပြထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်  ဖွဲ့စည်းပုံအခြေခံပြင်ဆင်မှာကို  သဘောတူပါတယ်။ သို့သော်  ပြင်ဆင်ပုံ၊ ပြင်ဆင်နည်းကိုတော့  သဘောမတူကြောင်း ပြောကြား လိုပါတယ်။



ဗိုလ်မှူးချုပ်တင်စိုး



(တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်)



ဆက်လက်၍ ပုဒ်မ ၅၉(စ) ကို ဆွေးနွေးသွားပါမယ်။ ကျွန် တော်တို့၏ မြန်မာနိုင်ငံတော်ဟာ ရှေးပဝေသဏီကတည်းက တိုင်း ရင်းသားလူမျိုးပေါင်းစုံနေထိုင်ခဲ့ တဲ့ နိုင်ငံဖြစ်ပါတယ်။ ၁၈၂၄ ခုနှစ် မှာ ရခိုင်နဲ့တနင်္သာရီကို နယ်ချဲ့တို့ ရဲ့ ကိုလိုနီ ကျွန်ပြုခြင်းခံရတဲ့အ ချိန်ကစပြီး အိန္ဒိယနိုင်ငံသားဘင်္ဂါ လီလူမျိုးခြားများကို စတင်ခေါ် ဆောင်လာခဲ့ပါတယ်။စူးအက်တူး မြောင်း ဖောက်လုပ်ပြီးတဲ့နောက် ဆန်စပါး တိုးချဲ့စိုက်ပျိုးမှုများ ကြောင့် အိန္ဒိယနိုင်ငံသားများကို ပိုမိုခေါ်ယူလာခဲ့ရာ အတိုင်းအဆ မရှိ အဆမတန်များပြားလာခဲ့ပါ တယ်။



ကျွန်တော်တို့ နိုင်ငံတော်ဟာ လူဦးရေသန်း ၁,၂၀၀ ကျော်ရှိတဲ့ အိန္ဒိယနဲ့ သန်း ၁,၄၀၀ခန့်ရှိတဲ့ တရုတ်နိုင်ငံတို့ကြား မှာတည်ရှိပြီး လူဦးရေ ပေါက်ကွဲမှုရှိတဲ့၊ သဘာ ၀ဘေးအန္တရာယ်များပြားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်နိ မိတ်ချင်းဆက်စပ်လျက်ရှိပါတယ်။ အဆိုပါ နယ်နိမိတ်ဆက်စပ်လျက် ရှိတဲ့ ဒေသများမှာ နှစ်နိုင်ငံကူးလူး ဆက်ဆံမှု များမှသွေးနှောခြင်းများ ဖြင့် မျိုးဆက်များပြန့်ပွားလျက်ရှိ ပြီး အစိုးရအဆက်ဆက်တွင် အ ချို့မှ နိုင်ငံသားအဖြစ် သတ်မှတ်ခံ ရကာစီးပွားရေး၊ လူမှုရေးနှင့် ဘာ သာရေးကဏ္ဍများ၌ များစွာလွှမ်း မိုးဆောင်ရွက်လျက်ရှိပါတယ်။



သံသယဖြစ်ဖွယ်ရာ နိုင်ငံ သား၊ နိုင်ငံသားလူမျိုးခြားများကို နိုင်ငံရဲ့အရေးကြီးတဲ့ စီမံခန့်ခွဲမှု  ဆောင်ရွက်ရတဲ့ အုပ်ချုပ်ရေးဆိုင် ရာ အကြီးအကဲနေရာများမှာ တာ ၀န်ပေးအပ်ထမ်းဆောင်စေမယ် ဆိုပါက တစ်နွယ်ငင်တစ်စင်ပါဆို သလို သက်ဆိုင်ရာမျိုးနွယ်၊ နိုင်ငံ အလိုက် ပါဝင်ပတ်သက်လွှမ်းမိုး မှု၊ ချုပ်ကိုင်မှု၊အပေးအယူပြုလုပ် မှု၊ ခြယ်လှယ်မှုများပိုမိုရှိလာနိုင် ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် တို့ဟာလည်း ကျွန်ပြုမခံရဘဲနဲ့ အ လိုလိုသူ့ကျွန်ဘ၀ ကျရောက်သွား နိုင်ကြောင်း သတိချပ်သင့်ပါတယ်။



ဒေါ်နီနီအေး



(မဲဆန္ဒနယ်အမှတ် (၆)၊ ကရင်ပြည်နယ်)



ကျွန်မအနေနဲ့ အခြေခံ ဥပ ဒေရဲ့ ပုဒ်မ ၅၉ မှာ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတများရဲ့ အ ရည်အချင်းနဲ့ဆက်စပ်ပြီး ပြင် ဆင်တင်သွင်းထားတဲ့ဥပဒေကြမ်း ပုဒ်မ ၅၉(စ)ကို ထောက်ခံဆွေး နွေးရင်းနဲ့ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေကို အနည်းငယ်ဆွေး နွေးတင်ပြလိုပါတယ်။ မြန်မာနိုင် ငံအနေနဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲကျင့်သုံးလာတာ ဟာ တချို့ပြောသလို ၁၉၈၈ အရေး အခင်းကြောင့်ဆိုတာ    မဟုတ် ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုက ရေစီနိုင်ငံအဖြစ် ထူထောင်မှသာ အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံအဖြစ် ချီတက် နိုင်မယ်လို့ တစ်ချိန်က နိုင်ငံတော် အကြီးအကဲများက နားလည်သိ မြင်လာလို့ ယခုလိုဒီမိုကရေစီ ကျင့်သုံးတဲ့နိုင်ငံ ဖြစ်လာခြင်းဖြစ် ပါတယ် ။



ကျွန်မတို့နိုင်ငံရေးမှာ တပ် မတော်မပါဝင်လို့ မရသေးဘူးဆို တာကိုလည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့က လက်ခံ လျက်ရှိပါတယ်။ တပ်မတော် ကိုယ်တိုင်ပင်လျှင် အလုံးစုံ ငြိမ်း ချမ်းတဲ့တစ်နေ့၊ ဒီမိုကရေစီရင့် ကျက်ပြီဆိုတဲ့တစ်နေ့ နိုင်ငံတော် ရဲ့ နိုင်ငံရေးတာဝန်ကနေ တ ဖြည်းဖြည်း ဖယ်ခွာသွားပေးပါ့ မယ်လို့ ကတိပြုထားပြီးဖြစ်ပါ တယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥ ပဒေအရ ကျင့်သုံးခဲ့တဲ့ ပါလီမန် ဒီမိုကရေစီစနစ်သက်တမ်း ဘယ် လောက်ကြာရှည်ခဲ့ပါသလဲ။ထင် ရှားတာက အဲဒီပါလီမန်ဒီမိုကရေ စီခေတ်က နိုင်ငံရေးဦးဆောင်မှုမှာ တပ်မတော်က ပါဝင်ခဲ့ခြင်းမရှိခဲ့ ဘူးဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။



လေးစားအပ်ပါသော နာယ ကကြီးရှင့်။ ဒါ့ကြောင့် နိဂုံးချုပ်အ နေနဲ့ ဒီမိုကရေစီတည်ဆောက် ခါစ State Building များ ခိုင် မာမှုမရှိသေးတဲ့ ယနေ့အချိန်အ ခါမှာတော့ ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၅၉ မှာပါရှိတဲ့ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတများရဲ့ အ ရည်အချင်းများနဲ့ ပြင်ဆင်ပေး သင့်တဲ့ အတိုင်းအတာအတစ်ခုအ ဖြစ် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ထား တဲ့အတိုင်း အတည်ပြုပေးနိုင်ဖို့ နာယကကြီးကတစ်ဆင့် ပြည် ထောင်စုလွှတ်တော်သို့ လေးစား စွာထောက်ခံတင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်ရှင်။



ဦးဇုန်လှယ်ထန်း



(မဲဆန္ဒနယ်အမှတ်(၂)၊ ချင်းပြည်နယ်)



မနေ့က တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက်က ဆွေးနွေးတဲ့အချိန်မှာ အမေရိကန် နိုင်ငံရဲ့အခြေခံဥပဒေ ပြင်ဆင်ရန် ခက်ခဲသော အခြေခံဥပဒေလို့ ပြောပါတယ်။ မှန်ပါတယ်။ သူတို့ နိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ် အားလုံးသည် ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ်များဖြစ်ပြီး အ ခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံနှင့် ဒီ Redif- fusion ဆန္ဒခံယူပွဲပြုလုပ်တဲ့အချိန် မှာ ပြည်နယ်လွှတ်တော်သုံးပုံနှစ်ပုံ က ထောက်ခံလျှင် ပြင်လို့ရပါ တယ်။ ဒီလိုအခြေအနေမျိုးကို ရောက်ရင် မိမိတို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေသည် သမာသမတ် ကျကျ ရေးဆွဲခဲ့သည့် အခြေခံ ဥပ ဒေဖြစ်ပါတယ်။ မည်သည့်စိုးရိမ် စိတ်နှင့် မည်သည့်အစုအဖွဲ့ အတွက် ရေးဆွဲခဲ့သည့် ဥပဒေမ ဟုတ်ပါ။ ဒီအမေရိကန်နိုင်ငံ အ ခြေခံဥပဒေပညာရှင်တွေက မြန် မာနိုင်ငံအခြေခံဥပဒေသည် ပြင် ဆင်ရန်မဖြစ်နိုင်သလောက် ခက် ခဲတဲ့ အခြေခံဥပဒေလို့ မှတ်ချက် ချကြပါတယ်။



နိဂုံးချုပ်အားဖြင့် ၄၃၆ (ခ) ကို ပုဒ်မခွဲ(က)တွင် ဖော်ပြထား  သော ပြဋ္ဌာန်းချက်မှအပ အခြား ပြဋ္ဌာန်းချက်များကို ပြင်ဆင်လို လျှင် ပြည်ထောင်စုလွှတ်တော်အ စည်းအဝေးသို့ တက်ရောက်ခွင့်ရှိ သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ထက်ဝက်ကျော် လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံဆန္ဒမဲ(သို့မဟုတ်) ရွေး ကောက်ခံလွှတ်တော် ကိုယ်စား လှယ် သုံးပုံနှစ်ပုံသာ လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြင်ဆင် သင့်ပါကြောင်း တင်ပြ ရင်းနိဂုံးချုပ်ပါတယ်။



ဦးဖုန်းမြင့်အောင်



(မဲဆန္ဒနယ်အမှတ်(၃)၊ ရန်ကုန်တိုင်းဒေသကြီး)



နာယကကြီးခင်ဗျာ၊ ကျွန် တော်က တစ်ခုတင်ပြချင်တာက နိုင်ငံတော်အကြီးအကဲနေရာမှာ ရွေးကောက်ခံကိုပဲ ဖြစ်ရ မယ်ဆို တာမျိုးကို အထူးမပြုဖို့လိုပါ တယ်။ အဓိကအားဖြင့်တော့ ရွေး ကောက်ခံဖြစ်တိုင်းလည်း အောင် မြင်တာမဟုတ် ပါဘူး။ ၁၉၅၈ ဖဆပလ ၀န်ကြီးချုပ်ဦးနုဟာ ရွေး ကောက်ခံပါပဲ။ ဒါပေမဲ့သူကိုယ် တိုင်က သူနိုင်ငံတော်အာဏာကို တပ်မတော်ကို အပ်ခဲ့ရတဲ့အစဉ် အလာရှိပါတယ်။



ကျွန်တော်တို့က နိုင်ငံတော် အကြီးအကဲ သမ္မတရာထူးဟာဆို လို့ရှိရင် ရွေးကောက်ခံဖြစ်ဖို့မလို ဘူးဆိုတဲ့အချက်ကို ကျွန်တော် တင်ပြလိုခြင်းဖြစ်ပါတယ်။ အဓိ ကအားဖြင့်တော့ သူရဦးတင်ဦး လို၊ ဆရာကြီးသခင်ကိုယ်တော် မှိုင်းလို၊ အိုင်းစတိုင်းလို၊ ဒီကျွန် တော်တို့ ပြင်ပက သီလဂုဏ်၊ သ မာဓိဂုဏ်ပြည့်တဲ့လူတွေလည်း နိုင်ငံတော် သမ္မတရာထူးနဲ့ ထိုက် တန်မှာဖြစ်ပါတယ်။



ဦးအောင်ကြည်ညွန့်



(မဲဆန္ဒနယ် အမှတ်(၄)၊ မကွေးတိုင်းဒေသကြီး)



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေမှာကျတော့ အဲဒီပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေး ကောက်ခံရခြင်းနဲ့ပတ် သက်ပြီး တော့က ၁၉၄၇ ခုနှစ်ဥပဒေအ တိုင်း အတိအလင်းပြန်ပြီးတော့ ပုဒ်မ ၁၂၁(င)နဲ့(စ) မှာရေးထား ပြီးရှိပါတယ်။ အဲဒီရေးထားပြီး သားကို ၅၉(စ) နိုင်ငံတော်သမ္မတ ရဲ့ အရည်အချင်းအဖြစ်ယူလိုက် တဲ့အခါမှာတော့ ကာယကံရှင် ကိုယ်တိုင်ရဲ့ အရည်အချင်းတွေ မဟုတ်တော့ဘဲနဲ့ အခုအားလုံးသိ တော်မူကြတဲ့အတိုင်းပဲ ကျွန် တော်တို့ မိဘတွေ၊ ဇနီးတွေ၊ သားသမီးတွေ၊ နောက်ခင်ပွန်း တွေ၊ ချွေးမတွေ၊ သမက်တွေကို ထပ်ပြီးတော့ ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။



ဒုတိယအချက်က ပုဒ်မ၄၃၆ ပါ။ ပုဒ်မ ၄၃၆ နဲ့ပတ်သက်ပြီး တော့မှ တကယ်တမ်းကြည့်လိုက် တဲ့အခါမှာ ပြင်ဆင်နိုင်ဖို့လို အပ်တဲ့ မူလပြဋ္ဌာန်းချက်က ၇၅ ရာ ခိုင်နှုန်းကျော်လို့ ဒီလိုပြောထားတဲ့ အခြေအနေဟာ တကယ်တမ်းအ နှစ်သာရကို ကြည့်ရရင် တပ်မ တော်ကလက်မခံရင် ဘာကိုမှမ ပြင်ရလို့ ကန့်သတ်ထားတဲ့သ ဘောဆိုတာ အလွန်ရှင်းလင်းနေ ပါတယ်။



ဒီနေရာမှာ ကျွန်တော်တို့ ရွေးကောက်ခံကိုယ်စားလှယ်က ၇၅ ရာခိုင်နှုန်းပဲထားပြီးတော့ ၂၅ ရာခိုင်နှုန်းက တပ်မတော် သား ကိုယ်စားလှယ်ကို ထည့်ထား လိုက်ပါတယ်။ ၇၅ ရာခိုင်နှုန်း ကျော်ကသာ သဘောတူရမယ်လို့ ဆိုတဲ့အခါမှာ အဓိပ္ပာယ်က ဘယ် လိုသက်ရောက်သွားသလဲဆိုလို့ရှိ ရင် ရွေးကောက်ခံကိုယ်စားလှယ် အားလုံးတစ်ယောက်မှ သဘော ထားကွဲလွဲခွင့်မရှိဘူးလို့ကန့်သတ် ပိတ်ပင်လိုက်တဲ့သဘောဖြစ်ပါ တယ်။ ဒါဟာ သဘောထားကွဲလွဲ ခွင့်ကို လက်ခံအသိ အမှတ်ပြုတဲ့ ဒီမိုကရေစီရဲ့သဘောထားနဲ့ လုံး ၀ဆန့်ကျင်နေတာကို တွေ့နေရ ပါတယ်။ အဲဒီအပြင် လွှတ်တော် ရဲ့ပြင်ပက အမိန့်တစ်ခုကိုနာခံပြီး တော့ တစ်ဦးချင်းလွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာမဲပေး ခွင့်နဲ့ပတ်သက်ပြီး အင်မတန်အား နည်းချက်ရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ထောက်ခံ မှသာ ပြောင်းလို့ရနိုင်မယ်ဆိုတာ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဖို့ ခက်ခဲရုံတင်မကဘူး ပြင်လို့မ ရနိုင်တဲ့အခြေအနေမျိုးကိုရောက် ရှိနေတာမျိုးကိုသွား ပြီး တွေ့ရပါ တယ်။



ဦးဂျေယောဝူ



(မဲဆန္ဒနယ်အမှတ် (၁၂)၊ ကချင်ပြည်နယ်)



ပုဒ်မ ၆၀၊ ပုဒ်မခွဲ(ဂ)ကို ကြည့်မယ်ဆိုရင် မူလပုဒ်မခွဲကို အစားထိုးထားခြင်းဖြစ်ပါတယ်။ မူလပုဒ်မခွဲအရ ဒုတိယသမ္မတ သည် လွှတ်တော်ကိုယ်စားလှယ် များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ် စားလှယ်မဟုတ်သူများထဲမှဖြစ် စေ၊ ရွေးချယ်တင် မြှောက်ရပါ မည်ဟု ဖော်ပြထားပါတယ်။ ယခု အစားထိုးချက်အရဒုတိယသမ္မတ ကို ရွေးကောက်တင်မြှောက်ရပါ မယ်ဟု ဖော်ပြထားပါတယ်။ယင်း အစားထိုးချက်ကို အောက်ပါအ ထောက်အထားများအရ မူလအ တိုင်းထားသင့်တယ်လို့ ကျွန်တော် တို့ National Unity Party ရဲ့ခံယူ ချက်နဲ့အမြင်ကို ထောက်ပြဆွေး နွေးတင်ပြလိုပါတယ်ခင်ဗျာ။



၁၉၉၃ မှစ၍ ၂၀၀၇ အထိ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံ အခြေခံဥပဒေကို အုတ်မြစ်ချခဲ့ စဉ်ကပင် ပြည်ထောင်စု အဆင့်ကို သမ္မတအုပ်ချုပ်သောစနစ် (Presidential Executive) ပုံ စံဖြင့် သွားရန်ချမှတ်ထားခြင်းဖြစ် ပါတယ်။ အခြေခံ ဥပဒေ၏ အခြေ ခံမူများတွင် ပုဒ်မ ၁၁၊ ပုဒ်မခွဲ(က) အရ နိုင်ငံတော်အချုပ်အခြာအာ ဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပ ဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေးအာ ဏာကိုင်ကို တတ်နိုင်သမျှပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အ လှန်ထိန်းကျောင်းခြင်းတို့ပြုလုပ် သည်ဟုဆိုထားသဖြင့် ယခုပြင် ဆင်ချက်သည် လွှတ်တော်မှာအာ ဏာသုံးရပ်စလုံးကို လိုအပ်သည် ထက် ပိုမိုထိန်းကျောင်းမှုပြုခြင်း ကို ဖြစ်စေတဲ့ဟာကို တွေ့ရမှာ ဖြစ်ပါတယ်။ မလို အပ်ဘဲ လွှတ် တော်မှာအာဏာသုံးရပ်ကို ကျင့် သုံးမယ်ဆိုရင် ရှုပ်ထွေးမှုများဖြစ် လာနိုင်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က)အရ ပါတီစုံ ဒီမိုကရေစီစနစ်တွင် နိုင်ငံသား တိုင်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်စေ၊ လွှတ်တော်ကိုယ် စား လှယ်မဟုတ်သူဖြစ်စေ ရွေး ကောက်တင်မြှောက်ခံပိုင်ခွင့်ရှိ ခြင်းလို့ ဖော်ပြလို့ထားပါတယ်။



ဒေါ်ဖြူဖြူသင်း



(မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး)



ကျွန်မအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၈(ခ)ကို ဆွေးနွေး သွားမှာဖြစ်ပါတယ်။ ဒီပုဒ်မထဲမှာ မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ဆိုတဲ့ စကားရပ်အစား ထူးခြား သော အခြေအနေကို ဖြေရှင်းနိုင် ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ခြွင်းချက်ပြုပြီးဆိုတဲ့ စ ကားရပ်ကို အစားထိုးလာတာကို တွေ့ရပါတယ်။ အခြေခံဥပဒေကို  ခြွင်းချက်ပြုလို့ ရပါသလား။



  နိုင်ငံတစ်နိုင်ငံမှာ တပ်မ တော်ရဲ့ကဏ္ဍဟာ အရေးကြီးပါ တယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ အ ခန်းကဏ္ဍဟာ ပိုပြီး အရေးကြီးပါ တယ်။ အရေးပါတဲ့ အခန်းကဏ္ဍ မှာ ရှိနေကြသူတွေချင်း ဘာ ကြောင့် အခြေခံဥပဒေနဲ့ ဥပဒေရဲ့ အောက်မှာ တစ်သားတည်း ရှိမ နေနိုင်ကြတာလဲ။ အခြားနိုင်ငံ သားတွေနဲ့ တပ်မတော်သားတွေ ဘာတွေများ ကွာခြားနေလို့ပါလဲ ဆိုတဲ့ မေးခွန်းထုတ်စရာဖြစ်လာ မှာပါ။ တပ်နဲ့ပြည်သူဟာ ဒီအတိုင်းဆက်ပြီးတော့ စိတ်ဝမ်းကွဲနေမယ် ဆိုရင် တိုင်းပြည်ထူထောင်ရေး အောင်မြင်မှာ မဟုတ်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးရေးပဲလုပ်လုပ်၊ ကျူး ကျော်စစ်ကို ခုခံတာပဲဖြစ်ဖြစ် တပ်နဲ့ပြည်သူ မစည်းလုံးဘဲနဲ့တော့ ဘာမှ မအောင်မြင်နိုင်ပါဘူး။ တပ်ကို လွန်ကျွံတဲ့အာ ဏာအပ်နှင်း ထားတယ်လို့ ပြောရင်လည်း မမှားပါဘူး။ အကြောင်းအမျိုးမျိုး ကြောင့် ဒီနိုင်ငံမှာ တပ်နဲ့ ပြည်သူ စိတ်ဝမ်း ကွဲခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ။ လက်ရှိပကတိ အခြေအနေမှာ တပ်ဟာ လူထုနဲ့ တစ်သားတည်း၊ တစည်းတလုံး တည်း ရှိမနေပါဘူး။ ဒါဟာ ဥပဒေရဲ့အာဏာကို အလွန်အကျွံရယူ ထားလို့ပါ။ ဒါကြောင့် တပ်မတော်သားနဲ့ လူထုကို ဝေးကွာစေမယ့် ကိစ္စရပ်တွေကို မလုပ်ဆောင်တာ ဟာလည်း တိုင်းပြည်ကောင်းကျိုး ဆောင်ရွက်တယ်လို့ မည်ပါ တယ်။  



အနောက်ဥရောပ ဒီမိုကရေ စီရင့်ကျက်ပြီးသား နိုင်ငံတွေကိုပဲ စံထားပြောဆိုတယ် မထင်ရ အောင် အာဖရိကတိုက်က အီသီ ယိုးပီးယားနိုင်ငံမှာရှိတဲ့ အခြေခံ ဥပဒေပုဒ်မ ၉၃ မှာ အရေးပေါ် အခြေအနေကြေညာဖို့၊ အောက် လွှတ်တော်ကို တင်ပြသဘော ထားရယူဖို့ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ လွှတ်တော်က အတည်မပြုပေးရင် ကြေညာခွင့် မရှိလို့ တစ်ဆက်တည်း ဆိုထားပါ တယ်။ အရေးပေါ်ကာလမှာ လုပ်ဆောင်စရာရှိတာတွေ လုပ် ဆောင်ဖို့ ဝန်ကြီးအဖွဲ့ကိုပဲ အာ ဏာလွှဲရမယ်လို့ ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ တပ်မတော်ကို နိုင်ငံတော်အာဏာလွှဲဖို့ပြောတာ မတွေ့ရပါဘူး။ အရေးပေါ်ကာလ အခြေအနေအတွင်း လုပ်ဆောင် ချက်တွေကို စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ဒီကာလအတွင်း ဖမ်းဆီးချုပ် နှောင်မှုတွေဟာ လူမဆန်တဲ့နှိပ် စက်ညှဉ်းပန်းမှုတွေရှိ၊ မရှိ စုံစမ်း ပေးဖို့ တာဝန်ပေးထားတာကို တွေ့ရပါတယ်။ ဒီလိုညှဉ်းပန်းမှု တွေရှိခဲ့ရင် ကျူးကျော်တဲ့သူတွေ ကို တရားစွဲဖို့လည်း ညွှန်ကြားထားတာကိုတွေ့ရပါတယ်။



လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတော့ ၈၈ ကြောင့် ဒီမိုကရေစီဖြစ်လာတာ မဟုတ်ဘူးလို့ ဆွေးနွေးသွားတာကတော့ အ တော်လေး အံ့သြစရာ ကောင်းလှပါတယ်။ ကျွန်မတို့ ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူတွေရဲ့ အသက်၊ သွေး၊ ချွေးတွေ စတေး ခဲ့ရတာဟာ ကျွန်မတို့နိုင်ငံရဲ့ တစ်ပါတီအာဏာရှင်စနစ် ပျက် သုဉ်းရေးနဲ့ ဒီမိုကရေစီစနစ် ရှင် သန်ရေး အတွက် စွန့်လွှတ်ခဲ့ကြ တာပါ။ ဒါတွေဟာ သမိုင်းတွေ ပါပဲ။ ဒါတွေကို ဖျောက်ဖျက်လို့ မရသလို အသိအမှတ် မပြုလို့ လည်း မရပါဘူး။



သူရဦးအောင်ကို



(ကန်ပက်လက် မဲဆန္ဒနယ်၊ ချင်းပြည်နယ်)



ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၉၆၂ မှစပြီးတော့မှ ဒီမိုကရေစီ ရိုက်ချိုးခြင်းခံခဲ့ရတာကြောင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အကျိုး စီးပွားမှာ လည်း ချောင်ထိုးခြင်းခံခဲ့ရပါ တယ်။  အကျိုးဆက်အနေနဲ့ အရှေ့တောင်အာရှမှာ ထိပ်တန်းအဆင့် နိုင်ငံဘဝ ကနေပြီးတော့မှ ဖွံ့ဖြိုးမှု အနည်းဆုံးဆင်းရဲသားနိုင်ငံဘဝ ကို ရောက်ခဲ့ရတာကို ကျွန်တော် တို့အားလုံး သမိုင်းသင်ခန်း စာ ရယူသင့်ပါတယ်။ ဒီမိုကရေစီချုပ် ငြိမ်းခြင်းနှင့်အတူ အာဏာမဏ္ဍိုင် သုံးရပ်မှာ ပြည်သူ့ကိုယ်စားလှယ် များအစား အထက်မှ ခန့်အပ်တာ ဝန်ပေးတဲ့ appointed ပုဂ္ဂိုလ်များ ဖြင့် အစားထိုးတာဝန်ပေးခဲ့တာ ကြောင့်မလို့ နိုင်ငံကလည်းပဲ ဘက်ပေါင်းစုံ ချွတ်ခြုံကျခဲ့ပါ တယ်။ ခန့်အပ်ခံရတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ၎င်းတို့ကို ခန့်အပ်တာဝန်ပေးတဲ့   ပုဂ္ဂိုလ်အဖွဲ့ အစည်းရဲ့ အကျိုးစီးပွားကိုသာ ဦးစားပေး ကာကွယ်ရမှာဖြစ်ပါတယ်။ ပြည် သူ့အကျိုးစီးပွားကတော့ အင်မ တန် ကံကောင်းမှသာ ဒုတိယဦး စားပေးမျိုးရနိုင်မှာပါ။



နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို အမှန်တကယ် ရှေးရှုမည်ဆိုပါက နိုင်ငံတော် သမ္မတကို ပြည်သူက တိုက် ရိုက် ရွေးကောက်တင်မြှောက်သော စနစ်ကျင့်သုံးသင့်ကြောင်း ထပ် လောင်း အကြံပြု တင်ပြလိုပါ သည်။ ဒါကြောင့် အခြေခံဥပဒေ ပုဒ်မ ၆၀ ပုဒ်မခွဲ(ဂ) ပြဋ္ဌာန်းချက် ဖြစ်တဲ့ သမ္မတရွေးချယ်တင် မြှောက်ရေးအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတ တစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ် သူများထဲမှဖြစ်စေ ရွေးချယ် တင် မြှောက်ရမည်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို လုံးဝပယ်ဖျက်သင့်ပါကြောင်း နှင့် ပြည်သူက ရွေးကောက်တင် မြှောက်သော ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ်များထဲမှသာ ရွေးချယ်တာဝန်ပေးအပ်သင့်ပါ ကြောင်း အလေးအနက် အကြံပြု တင်ပြအပ်ပါတယ်။


7Day News Journal



No comments:

Post a Comment

My Blog List