Thursday, June 25, 2015

ဘီကီနီမလေးတွေ စားပွဲထိုးတဲ့ တရုတ်ပြည်က ဆန်ပြုတ်ဆိုင်





ဆန်ပြုတ်ကို ရောင်းကောင်းအောင် ဘယ်လိုလုပ်ရမလဲလို့မေးရင် အသီးလေးထည့်၊ ပျားရည်နည်းနည်း ဆမ်းပါလို့ အများက အကြံပေးကြ ပါလိမ့်မယ်။ တရုတ်ပြည်က ဆန်ပြုတ်ဆိုင်ရဲ့စိတ်ကူးကတော့ ဆန်းသစ် တယ်လို့ ဆိုရမယ်။

ဒေါင်စီယန်ဂျီအမည်ရ ဆန်ပြုတ်ဆိုင်ဟာ ၀န်ထမ်းတွေကို ကမ်းခြေမှာ အပန်းဖြေတဲ့အခါမှာ ၀တ်ဆင်လေ့ ရှိတဲ့ ဖက်ရှင်အ၀တ်အစား ဆင်မြန်းပြီး လုပ်ငန်းခွင်ဝင်စေခဲ့ပါတယ်။

တရုတ်ပြည် လျောင်နင်းခရိုင်ရဲ့မြု့တော်ရှန်ယန်းမှာရှိတဲ့ ဒေါင်စီယန်းဆိုင်မှာ နေ့စဉ် ဘီကီနီမလေးတွေနဲ့ ရေကူးဝတ်စုံ(သို့မဟုတ်)ဘောင်းဘီတိုနဲ့ အပေါ်ပိုင်းဗလာကျင်း အမျိုးသားတွေ နေ့စဉ် စားပွဲထိုးပါတယ်။

ဝန်ထမ်းတွေရဲ့ကိုယ်ပေါ်မှာဆိုင်နာမည်ကို ဆေးမှင်ကြောင်သဖွယ် ရေးချယ် ထားပါတယ်။

ဒီလိုအပြောင်းအလဲလုပ်ပြီးတဲ့နောက်လူကြိတ်ကြိတ်တိုးစည်ကားလာပြီး ရောင်းအားတက်လာတယ်လို့ ဆိုပါတယ်။

အဲဒီဆိုင် ရောင်းအားကောင်းလာလိုက်တာ အမျိုးသမီး ၀န်ထမ်း ၂၀ နဲ့ အမျိုးသား ၀န်ထမ်း ၁၀ ဦးဟာ စားသုံးသူတွေရဲ့မှာယူမှုကို အလျင်မီအောင် ပြေးလွှား လုပ်ကိုင်နေရတယ်လို့ ဆိုပါတယ်။ သို့သော်လည်း ဒီလိုဝတ်စား ဆင်ယဉ်မှုကြောင့် လူငယ်တွေ အသိမှား အမြင်မှားတွေနဲ့ လမ်းလွဲသွားနိုင် တယ်လို့ ဝေဖန် သူတွေလည်း ရှိနေပါတယ်။

တရုတ်လူမှုကွန်ရက် ဝေဘို အသုံးပြုသူတဦးက“စားသောက်ဆိုင်ဆိုတာ အစားအသောက် ရောင်းတဲ့နေ ရာပါ၊

ရေးကူးဝတ်စုံရောင်းတဲ့ဆိုင်မဟုတ်ပါဘူး၊ ဒါဟာ တာဝန်မဲ့တာပါ။”လို့ သူ့အမြင်ကို ပြောပါတယ်။ စား သောက်ဆိုင် မန်နေဂျာက ရုပ်ရေချောမော ပြေပြစ်မှုကိုကြည့်ပြီးမှ ၀န်ထမ်းအဖြစ် ခန့်အပ်တယ်ဆိုတာကို ၀န်ခံပေမယ့် အမျိုးသားဝန်ထမ်းတွေရော အမျိုးသမီးဝန်ထမ်းတွေပါ ကမ်းခြေဖက်ရှင် ၀တ်ဆင်စေတာမို့ လိင်ခွဲခြားဆက်ဆံတယ်လို့ ပြောလို့မရဘူးလို့ ဆိုပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


No comments:

Post a Comment

My Blog List