Tuesday, June 23, 2015

ရွေးကောက်ပွဲအတွက် စစ်တပ်အတွင်း သွားရောက်မဲဆွယ်ခွင့်မရှိဟု ဦးတင်အေးပြော


ရွေးကောက်ပွဲအတွက် စစ်တပ်တွေထဲကို သွားရောက်မဲဆွယ်ခွင့်မရှိဘဲ မီဒီယာတွေကနေတဆင့်ပဲ စည်းရုံး ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေ ပိုမိုပါဝင် နိုင်ရေး ဆွေးနွေးပွဲအတွင်း သတင်းထောက်တွေ မေးမြန်းတာ ကို ဖြေကြားလိုက်တာပါ။

“မဲဆွယ်တဲ့အခါမှာ တပ်ထဲတော့ ၀င်လို့မရဘူး။ တခြားနည်းလမ်းနဲ့ မဲဆွယ်လို့ ရပါတယ်။” လို့ ဆိုပါတယ်။

ဒါပေမယ့် ဘယ်လိုလုပ်ရမယ်၊ လုပ်နိုင်တယ် ဆိုတာကိုတော့ သေချာ ပြော မသွားပါဘူး။

အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံး အင်အားရှိတဲ့ မြန်မာ့တပ်မတော်မှာ မိသားစုဝင်တွေမပါဘဲ အင် အား ၅ သိန်းဝန်းကျင်ရှိတယ်လို့ ခန့်မှန်းထားကြ ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ ပြုလုပ်နေတဲ့ ရွေးကောက် ပွဲ ၂ ကြိမ်လုံးမှာ တပ်နယ်မြေတွေထဲကို ၀င်ရောက်မဲဆွယ်ခွင့် မရခဲ့ပါဘူး။

အခုဆိုရင် လာမယ့်ရွေးကောက်ပွဲအတွက် အမှားအယွင်းတွေ အများကြီးရှိ နေတဲ့ အခြေခံ မဲစာရင်းကို ထုတ်ပြန်ထားပြီး မကြာခင်မှာတော့  အပြီးသတ် မဲစာရင်းကို ကြေညာဖို့ ရှိနေပါတယ်။

DVB


No comments:

Post a Comment

My Blog List