Thursday, June 25, 2015

ဦးသန်းရွှေ၏ နှုတ်ထွက်စကားဖြင့် အခြေခံဥပဒေပြင်ရန် ကိုယ်စားလှယ်တစ်ဦး တင်ပြ



ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရာတွင် တပ်မတော်အစိုးရအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ နှုတ်ထွက်စကားကို ခံယူပြီး ပြင် ဆင်မည်ဆိုပါက အောင်မြင်မည် ကို ယုံကြည်ကြောင်း ချင်းတိုး တက်ရေးပါတီမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်း က ဇွန်လ ၂၄ ရက်၌ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။
‘‘ဘဘဦးသန်းရွှေရေးခဲ့တဲ့ အခြေခံဥပဒေဟာ လက်တွေ့သုံး တဲ့အခါမှာ နည်းနည်းအစပ်အ ဟပ်မတည့်ဘူးဖြစ်နေတယ်။ ကျွန် တော်တို့ ဘဘဆီကနေ မေတ္တာ စေတနာနှုတ်ထွက်စကားကို ခံယူ ပြီး ဒီဟာတွေပြုပြင်လို့ရှိရင် အား လုံးကို ပြုပြင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်’’ဟု ဦးကျွန်းခဲန်း က ပြောသည်။

ဇွန်လ ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ (က)ပြင်ဆင်ရေး ဆွေးနွေးရာတွင် ဦးကျွန်းခဲန်းက အထက်ပါအတိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

‘‘တပ်မတော်ရဲ့ အရေးကြီးပုဂ္ဂိုလ်ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်တဲ့အ တွက်ကြောင့် ကျွန်တော် အနေနဲ့ အဲဒီဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ မှာ သွားပြီးတော့ ၄၃၆ မှာ ၇၅ ရာ ခိုင်နှုန်းကျော်ဆိုတဲ့ဟာကို ဘဘနည်းနည်း ပါးပါး အဲဒီဟာလေးကို ချပေးပါဦး၊ နည်းနည်းပြောပေး ပါဦးလို့ အကူအညီတောင်းလို့ ရှိရင် ရကောင်းတယ်လို့ ထင်မြင် ယူဆတဲ့အတွက် ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်’’ဟု ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခေတ္တ ရပ်နားချိန်အတွင်း သတင်းမီဒီယာများအား ၎င်းက ပြောသည်။

သို့သော် လက်ရှိအာဏာရ ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)သည် လွှတ်တော်အတွင်း ဆွေးနွေးနေသော ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင် ဆင်ရေးတွင် ပါဝင် ပတ်သက်မှုမရှိကြောင်း သတင်း မီဒီယာများအား ပြောသည်။

‘‘ဒါနဲ့ ပတ်သက်ပြီးသွားပြော လို့ရှိရင် တစ်ခုခုဖြစ်လာနိုင်တယ် ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော် သိသလောက်ကတော့ ပြော လည်းမပြောဘူး။ လွှမ်းမိုးတာလည်း မလုပ်ဘူး’’ဟု ဦးဌေးဦးက ဆို သည်။ လက်ရှိလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ (က) ကို ပြင်ဆင်ရေးဆွေးနွေးရာ ၌ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင် ခြင်း မပြုဘဲ မူလပြဋ္ဌာန်းချက်များ အတိုင်းထားရှိရန် တင်ပြဆွေး နွေးနေကြသည်။

7Day News Journal



No comments:

Post a Comment

My Blog List