Monday, March 17, 2014

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ပြည်သူတွေသိနားလည်ဖို့ နယ်လှည့်လှုံ့ဆော်ပေးနေတဲ့ အမေများအဖွဲ့


အမေများအဖွဲ့က ၂ဝ၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် ဂီတမှူးကိုစိုးရေးစပ်ထားတဲ့ ပူးပေါင်ပါဝင် ဆင်နွှဲစို့ သီချင်းနဲ့ မြန်မာနိုင်ငံအနှံ့ကို လှုံ့ဆော်ရေး ထွက်ခဲ့ပါတယ်။ ဒီသီချင်းကိုသီဆိုရင်း အမေများအဖွဲ့က ယိမ်းကရင်း ပြည်သူတွေအနေနဲ့ သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီးသိသင့်သိထိုက်တာတွေကို ပြော ကြားပေးခဲ့ကြောင်း အမေများအဖွဲ့မှ ဒေါ်နွဲ့နွဲ့စန်းက ပြောပါတယ်။
" တိုင်းပြည်အတွက်နဲ့ အားလုံးအကျိုးရှိဖို့၊ အားလုံးနားလည်ဖို့ အမေတို့အနုပညာရှင်တွေက ဖျော်ဖြေကြ တယ်။ ဟောပြောကြတယ်။ သီချင်းက တော့ သဘင်အစည်းအရုံး ကရေးထားတဲ့သီချင်းပါ။ ဒါက လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်လည်း ဖြစ်တဲ့အတွက် အမေတို့ကတော့ အားပေးတယ်။ လိုက်ပြီး ဖျော်ဖြေပေးရတာ လည်း ပျော်တယ်။ ဒါကဖြစ် သင့်ဖြစ်ထိုက်တာပဲလေ။ သန်းခေါင်စာရင်းကျစ်လျစ် သိပ်သည်းမှုကို လုပ်တာဖြစ်တဲ့အတွက် တအားကောင်းပါတယ်။ တချို့နယ်တွေက မသိကြသေးဘူးလေ။ ဒါတွေကို သိအောင် အမေတို့က ပါးစပ်ကလည်း ပြောပြတယ်။ သီချင်းနဲ့လည်း ဖျော်ဖြေတယ်။တချို့ တွေ က ကြောက် ကြတယ်။ ဘာမှ မကြောက်ကြပါနဲ့။

အမှန်ကို ဖော်ကျူးတဲ့သန်းခေါင်စာရင်း ဖြစ်တယ်။ဒီသန်းခေါင် စာရင်းက ရှိသင့်၊ ရှိထိုက်တဲ့ အတွက် မှန်မှန်ဖြေပေးပါ။ လို အပ်တာတွေလည်း ဖြည့်ပေးပါ။ မသိတာတွေကို သိအောင်ဖြည့် ပေးပါဆိုပြီး အမေတို့က ပြောပြရတယ်။ အခုတော့ နားလည်နေကြပါပြီ။ အစက အမေတို့ ကိုယ်တိုင်နားမလည်ဘူး။ ရှင်းပြမှပဲ သိတာလေ။ နယ်ကလူ တွေကျတော့ စဉ်းစားကြည့် တာပေါ့။

အမေတို့ အနေနဲ့ နယ်တွေကိုသွားပြီး စည်းရုံး ရင်း ဖျော်ဖြေ၊ ဖျော်ဖြေရင်းနဲ့ စည်းရုံးမှပဲ သူတို့တွေက လာ ကြတာ"လို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းလှုံ့ဆော်မှုအပိုင်း နဲ့ပတ်သက်ပြီး အမေများအဖွဲ့မှ ဒေါ်နွဲ့နွဲ့စန်း ကပြောပြပါ တယ်။လှုံ့ဆော်ရေးပိုင်းတွေ လုပ် ဆောင်ကြတဲ့အခါမှာ အနုပညာ ရှင်တွေနဲ့လှုံ့ဆော်ခြင်း က ပြည် သူ တွေအမြန်သိနားလည်စေဖို့အတွက် ထိရောက်မှုရှိစေတယ်လို့ မြင်မိလားလို့ ဒေါ်နွဲ့နွဲ့စန်း ကိုမေးတော့" ဒါပေါ့။ အရပ်သူ

တစ်ယောက်ကအခွန်းတစ်ရာပြောတာနဲ့ အမေတို့အနုပညာသမားနှစ်ခွန်းပြောတာနဲ့ ဘယ်တူပါ့မလဲ။ အမေတို့ကျတော့ စူးစူးစိုက်စိုက် နားထောင်တယ်။ လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင် အနုပညာတံတားက အရင်ခင်း ရတာလေ။ ဒါကြောင့် အနုပညာသမားကသိပ်အရေးပါ အရာရောက်ပါတယ်" လို့ ပြော ပြ ပါတယ်။

လင်းအက္ခရာ
Popular Journal

No comments:

Post a Comment

My Blog List