Monday, March 17, 2014

ရှာဖွေရေးပုံစံသစ်ဖြင့် ပျောက်ဆုံးမလေးရှားလေယာဉ်ကို ရှာဖွေဆဲ





ခရီးသည်နှင့်လေယာဉ်အမှုထမ်းစုစုပေါင်း ၂၃၉ ဦး စီးနင်းလိုက်ပါသော မလေးရှားလေယာဉ်ပျောက်ဆုံးမှုတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ သင်္ဘော ၄၃ စင်း၊ လေယာဉ် ၃၉ စင်းနှင့်တောင်တရုတ်ပင်လယ်နှင့်မလေးရှားကျွန်းဆွယ်တစ်ဖက်ကမ်း မိုင်ရာချီရှိသော မလက်္ကာရေလက်ကြားတို့အပြင် လေယာဉ်နှင့် ရေဒါနောက်ဆုံးအဆက်အသွယ်ပြတ်ခဲ့သော နေရာမှ မိုင်ထောင်ချီဝေးသည့် အိန်္ဒိယသမုဒ်္ဒရာအထိ တိုးချဲ့ရှာဖွေမှုများပြုလုပ်ခဲ့ကြသည်။ 

ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ်တွန်ရာဇက်က ဂြိုဟ်တုနှင့် ရေဒါအထောက်အထားများ အရ ပျောက်ဆုံးလေယာဉ်၏ ဖြစ်ပျက်လှုပ်ရှားပုံများမှာ လေယာဉ်ပေါ်ပါရှိ သောတစ်စုံတစ်ဦး၏ပယောဂကြောင့် ဖြစ်ရသည်မှာ ရာခိုင်နှုန်းပြည့် သေချာနေကြောင်း၊ လေယာဉ်သည်မလေးကျွန်းဆွယ်၏အရှေ့ကမ်းရိုးတန်း သို့မရောက်သေးမီ လေယာဉ်၏ သတင်းပို့စနစ်များ ချွတ်ယွင်းသွားအောင် တစ်စုံတစ်ဦးက လုပ်ဆောင်ခဲ့သည်ဟုယူဆရကြောင်း၊ နောက်မကြာမီ လေယာဉ်သည် ဗီယက်နမ်လေကြောင်း ထိန်းချုပ်မှုစခန်းသို့ ဦးတည်လာစဉ် လေယာဉ်ရောက်ရှိသည့်နေရာကိုပြသော ထရန်စပွန်ဒါအပိတ် ခံလိုက်
ရကြောင်း ဆိုသည်။ 
 
သတင်းစာရှင်းလင်းပွဲအပြီး၌ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက လေယာဉ်မှူးဖြစ်သူ ဇာဟာရီအာမက်ရှား၏အိမ်ကို ၀င်ရောက်ရှာဖွေ ခဲ့ကြသည်။

ထို့အတူနောက်ဆုံးရရှိသော သတင်းအချက်အလက်များအရအာဏာပိုင်များမှာ လေယာဉ်ပေါ်စီးနင်းလိုက်ပါသူ ခရီးသည်နှင့်လေ ယာဉ်ဝန်ထမ်း အားလုံးအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်သည်။ လေယာဉ်ပျောက် ဆုံးမှုသည် သွေးရိုးသားရိုး မဟုတ်ကြောင်းယုံကြည်မှု မြင့်တက်လာကြချိန်တွင် လေယာဉ်ရှာဖွေရေးပုံစံကို အသွင်သစ်တစ်မျိုးသို့ ပြောင်းလဲလိုက်ကြ သည်။

ရှာဖွေရေးပုံစံသစ်အရ ဖြစ်နိုင်ခြေရှိသော လေယာဉ်လမ်းကြောင်းမှာ ထိုင်းနိုင်ငံမြောက်ပိုင်းမှ ကာဇက်စတန်နှင့် တက်ခ်မင်နစ်္စတန် နယ်စပ် ထိရှည်လျားသော မြောက်ပိုင်းလမ်းကြောင်း သို့မဟုတ် အင်ဒိုနီးရှားနိုင်ငံမှ တောင်ပိုင်းအိန်္ဒိယပင်လယ်ပြင်အထိ ရှည်လျားသော တောင်ပိုင်းလမ်း ကြောင်းတို့ဖြစ်သည်။ 

ပျောက်ဆုံးလေယာဉ်ရှာဖွေရေးမှာ ခုနစ်ရက်တိုင်တိုင် ရောက်ရှိလာပြီဖြစ် သော်လည်း သဲလွန်စတစ်စုံတစ်ရာမရရှိသေးမှုနှင့် သတင်းထုတ်ပြန်ရာတွင် နှောင့်နှေးမှုတို့ကြောင့် မလေးရှားအာဏာပိုင်များအပေါ် အပြစ်တင်မှု၊ ဝေဖန်မှုများရှိ လာသည်။ လေယာဉ်ပေါ်ပါရှိသူများအနက် သုံးပုံနှစ်ပုံမှာ တရုတ်နိုင်ငံသားများဖြစ်သောကြောင့် တရုတ်အစိုးရက တိကျပြီးပြည့် စုံသော သတင်းများဆက်တိုက်ထုတ်ပြန်ပေးရန်မလေးရှားအစိုးရကို တောင်းဆိုထား သည်။ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာန ကမူ သတင်းကိုအချိန်မီ ထုတ်ပြန်မှုမရှိခြင်းသည် လေယာဉ်ရှာဖွေရေး၌ အားစိုက်ထုတ်မှုများကို အချည်းအနှီးဖြစ်စေကြောင်း၊ ထို့အတူ ကောလာဟလပို၍ ဖြစ်ထွန်းလာ ကြောင်း၊ အကျိုးဆက်အားဖြင့် သက်ဆိုင်သောမိသားစုဝင်များ ပို၍ ဒေါသ ဖြစ်စေကြောင်း၊ အထူးသဖြင့်ဝန်ကြီးချုပ်နာဂျစ်တွန်ရာဇက်၏သတင်းစာရှင်း လင်းပွဲမှ ထုတ်ဖော်ပြောပြသော အသေးစိတ်အချက်အလက်များမှာ နောက်ကျမှသိရသဖြင့် အချိန်နှောင်းသွားခဲ့ကြောင်းဆိုသည်။ 

ခုနစ်ရက်မြောက်ရောက်ရှိလာသော ပျောက်ဆုံးလေယာဉ်ရှာဖွေရေးတွင် နိုင်ငံပေါင်းများစွာက ပုံရိပ်ကိုအထူးပြတ်သားစွာရိုက် ကူးနိုင်သောဂြိုဟ်တု များစေလွှတ်သည့်အပြင် ပုဂ်္ဂလိကဆက်သွယ်ရေးဂြိုဟ်တုမှရသော အချက် အလက်များကိုလည်း ကြည့်ရှုစစ်ဆေးလျက်ရှိကြသည်။ တရုတ်နိုင်ငံတစ် နိုင်ငံတည်းကပင် အဆင့်မြင့်ဂြိုဟ်တု ၁၀ စင်းစေလွှတ်ထားသည်။ ပြင်သစ် နိုင်ငံ ဃနြှ အာကာသအေဂျင်စီမှ ဒါရိုက်တာဖြစ်သူ မာ့ခ်ပိုင်ချာက ရှာဖွေရမည့်နယ်နိမိတ်မှာ ကျယ်လွန်းလှသဖြင့် ကောက်ရိုးပုံထဲ အပ်တစ် ချောင်းရှာဖွေရတာနဲ့တူကြောင်း၊ တစ်စုံတစ်ရာကိုမြန်မြန်ဆန်ဆန်တွေ့ဖို့ ဆိုတာ လွယ်ကူမှာတော့မဟုတ်ကြောင်း ဆိုသည်။ 

လေယာဉ်ပျောက်နှင့်ပတ်သက်ပြီး စက်ချွတ်ယွင်းမှုကြောင့်လား၊ လေယာဉ်ပေါ်ပါရှိသူများထဲ၌ အကြမ်းဖက်သမားများနှင့် ဆက်နွှယ်မှုရှိနေလား၊ စိတ်ဖောက်ပြန်သူများပါနေသလား၊ လေယာဉ်မှူး၏သေကြောင်း ကြံစည်မှုကြောင့်လား ဆိုသောလားပေါင်း များစွာအပေါ် တိကျသောအဖြေ မရမချင်းဝန်ကြီးချုပ် နာဂျစ်တွန်ရာဇက်အပါအ၀င်မလေးရှားအာဏာပိုင်များ အကျပ်ရိုက်နေမည် သာ ဖြစ်ပေတော့သည်။ 

(ရိုက်တာ/ကျိုဒို) 
ဘာသာပြန်-ကျော်သဲအိမ် 
jacbaburma

No comments:

Post a Comment

My Blog List