Saturday, March 22, 2014

ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမယ်


ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဖူမီယို ကီရှီဒါ Fumio Kshida ရဲ့ နှစ်ရက် ကြာ မြန်မာ နိုင်ငံ ခရီးစဉ် အဖြစ် လာမယ့် ၂၃ ရက် တနင်္ဂနွေ နေ့မှာ ရန်ကုန်ကို ရောက်လာမှာ ဖြစ်ပါတယ်
ဂျပန် မြန်မာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးမှာ ဂျပန် ဘက်က အကူအညီ ပေးရေးနဲ့ ပတ်သက်ပြီး လာရောက်မယ့် သူ့ခရီးစဉ် အတွင်းမှာ သဘောတူ လက်မှတ်ရေးထိုးမယ့် ကိစ္စတွေ ရှိပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း တို့နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ဂျပန် နိုင်ငံခြားရေး ဌာနက ဘီဘီစီကို ပြောပါတယ်။

သူ့ရဲ့ ခရီးစဉ် အတွင်း ရွှေတိဂုံ ဘုရားကို ဖူးမြော်မယ့် အပြင် ဂျပန် မြန်မာ ချစ်ကြည်ရေး အသင်းနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

BBC

No comments:

Post a Comment

My Blog List