Monday, March 17, 2014

ဘားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်မည်


မကြာမီပြုလုပ်မည့် ဘားအံငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ကို ဖိတ်ကြားရန် နှစ်ဖက်ခေါင်း ဆောင်များအကြား သဘောတူညီမှု ရရှိထား ပြီဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ဦးလှ မောင်ရွှေက ရန်ကုန်တိုင်းမ် သို့ ပြောသည်။
အဆိုပါဆွေးနွေးပွဲကို ဒေါ်အောင် ဆန်းစုကြည်အပြင် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးနှင့် အခြား ဧည့်သည်တော်များကိုလည်း ဖိတ် ကြားသွားမည်ဟု သဘောတူထားသည်။

''ချင်းမိုင်မှာလုပ်တဲ့ ညှိနှိုင်းပွဲတွေ မှာတော့ လာမယ့်ဘားအံပွဲကို ဒေါ်အောင် ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦး အပါအ ဝင် ဖိတ်ဖို့လူတွေကို အဆိုပြုတာ တွေ့ ရတယ်။ ဝန်ကြီးဦးအောင်မင်းက ဒါတွေ ကို ချက်ချင်းပဲ သဘောတူပါတယ်လို့ ပြောပြီးဖြစ်တဲ့အတွက် နှစ်ဖက်စလုံးက တော့ ဖိတ်ကြားမှုအပေါ် မပြေလည်တာ မရှိဘူးထင်ပါတယ်''ဟု ဦးလှမောင်ရွှေ က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက် ရောက်မည့်အခြေအနေနှင့် ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ''ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက အမြဲပြောင်းနေတာ။ ဒီပွဲကို တက် မယ် မတက်ဘူးဆိုတာက ပြောဖို့စောပါသေးတယ်။ ဖိတ်စာရောက်တဲ့အခါ ပြောပါမယ်''ဟု အဖွဲ့ချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးÓဏ်ဝင်းကပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အစိုးရဘက်မှ ပါဝင်ဆွေးနွေးသူများတွင် အမျိုးသမီးများ ပါဝင်ခြင်း မရှိခြင်းနှင့်ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး ဗဟိုဌာနမှ ဦးတင်အောင်မိုးက ''လက်ရှိငြိမ်း ချမ်းရေး ဆွေးနွေး ပွဲတွေမှာ အမျိုးသမီး တွေ မပါဘူးဆိုတာက ဆွေးနွေးမယ့်အ ကြောင်းအရာတွေကို လက်ရှိ ထဲထဲဝင် ဝင် သိနေတာက အမျိုးသားတွေ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ် လာတဲ့ မကောင်းတဲ့ဆိုးကျိုးတွေကိုတော့ အမျိုးသမီးတွေ ခံစားရတာပေါ့။ တကယ် တိုက်နေခိုက်နေတဲ့ အကြောင်းရင်းတွေကို စီမံဆောင်ရွက် ဆုံးဖြတ်ခဲ့တာသည် အမျိုးသားတွေ ပဲဖြစ်တယ်။

ရန်ဖြစ်ခဲ့ကြ တုန်းကလဲ အမျိုးသမီးတွေ ဝင်ပြီးတိုက် ကြခိုက်ကြတာ မရှိပါဘူး။ အဲဒါကြောင့် ဘယ်လိုငြိမ်း ချမ်းအောင်နေကြမလဲဆိုတဲ့အဆင့်မှာတော့ အမျိုးသားတွေပဲများ နေတာဖြစ်တယ်လို့ နားလည်ပါတယ်။ ငြိမ်းချမ်းမှုတည်ဆောက်ပြီး ရှေ့ဆက်ဘယ်လိုနေထိုင်ကြမလဲဆိုတဲ့ အခါကျ တော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအများကြီးပါလာမှာပါ''ဟု မှတ်ချက်ပေး သည်။

The Yangon Times Journal
Yangon Media Group

No comments:

Post a Comment

My Blog List