Wednesday, March 19, 2014

မလေးရှား လေယာဉ်ပျောက် တာလီဘန် ထိန်းချုပ်နေရာတွေမှာ ရှိနိုင်


ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ဟာ တာလီဘန်တွေ ထိမ်းချုပ်အခြေစိုက်ထားတဲ့ အာဖဂန်နစ်စတန်နဲ့ ပါကစ္စတန် အနောက်မြောက် နယ်စပ်တွေမှာ အခုချိန်မှာ ရှိနေနိုင်တယ်ဆိုတဲ့ ပြော ဆိုမှုတွေ ကျယ်လောင်လာပါတယ်။
ကျွမ်းကျင်သူတွေကတော့ လေယာဉ်ဟာ လေယာဉ်ပြန်ပေးဆွဲခံရတာ၊ လေယာဉ်အနုကြမ်းစီးခံရတယ်ဆိုတဲ့အချက်အပေါ် သဘောတူ နေကြပြီး တာလီဘန်တွေ ထိန်းချုပ်ထားတဲ့ ဧရိယာတွေမှာ နောက်ပိုင်း တနေ့နေ့မှာ ထုတ်သုံး ဖို့ အတွက် သိမ်းထားတယ်လို့ Independent သတင်းစာက ရေးပြထားပါတယ်။

ဆိုလိုတာက တာလီဘန်တွေအနေနဲ့ တနေ့နေ့ တချိန်ချိန် သူတို့ အလိုရှိတဲ့ အခါမှာ ၉/၁၁ တုန်းက နယူးယောက်မြို့က အမွှာညီနောင် ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးကို လေယာဉ်ကို ဗုံးကြီး တလုံးလို အသုံးချ တိုက်ခိုက်မှုမျိုး လုပ်လာနိုင်မှာကို အဓိက စိုးရိမ်နေကြတာပါ။

လေယာဉ်ဟာ မလေးရှား ကျွန်းစွယ်ရဲ့ အနောက်မြောက်ဘက် ဒါမှ မဟုတ် အနောက်တောင်ဘက်ကို ပျံသန်းသွားတယ် လို့ ယုံကြည်နေရလို့ပါဘဲတဲ့။

လေယာဉ်ကို ရေဒါလွတ်အောင် ပေ ၅ ထောင် အောက် က စနစ်တကျ ရည်ရွယ်ချက်ရှိရှိ အဆက် အသွယ်ဖြတ်တောက်ပြီး နောက်ထပ် ၆ နာရီကျော် ၇ နာရီလောက် ဆက်ပျံသန်းသွားခဲ့တဲ့ အထောက် အထားတွေလည်း ရှိနေတာက အထူးသံသယဖြစ်စရာတွေပါ။

အရင်တုန်းကလိုဖြစ်ခဲ့တယ်ဆိုရင်တော့ ဒါဟာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ ကာဇစ္စတန်၊ ဥဘက်ကစ္စတန် ဒါမှမဟုတ် တာဂျစ်ကစ္စတန်တို့မှာ လေယာဉ်ရှိနိုင်ပါတယ်လို့ ယုံကြည်နေကြတယ်လို့ The Mirror သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ရဲစုံစမ်းစစ်မှုအစိတ်အပိုင်း တခုအနေနဲ့ အသက် ၅၃ နှစ်ရှိ လေယာဉ်မှူး Zaharie Ahmed Shah၊ အသက် ၂၇ နှစ်ရှိ တွဲဖက် လေယာဉ်မှူး Fariq Abdul Hamid တို့ရဲ့ နေအိမ်တွေကိုလည်း ရှာဖွေခဲ့ ကြပြီး နောက်ကြောင်း ရာဇဝင်တွေကိုလည်း စုံစမ်းနေပါတယ်။

လေယာဉ်မှူးကြီး မစ္စတာ ရှား ရဲ့ အိမ်တွင်းမှာ လေယာဉ်စက်ခန်းပုံစံငယ်ကို တည်ဆောက်ထားတာတွေ့ရ တာကြောင့်လည်း သုံးသပ်ချက်ချစရာဖြစ်လာနေတာပါ။

ဒီအပြင် လေယာဉ်ပေါ်ပါ ခရီးသည်တွေထဲက လေယာဉ်အင်ဂျင်နီယာတဦးလည်းပါဝင်နေပြီး သူနဲ့ ပတ်သက်ပြီလည်း စုံစမ်းမှုတွေ လုပ်နေပါတယ်။ သူကတော့ မလေးရှား အမျိုးသား အသက် ၂၉ နှစ်ရှိ ပုဂ္ဂလိက အငှားဂျက်လေယာဉ် ကုမ္ပဏီတခုမှာ အလုပ်လုပ်နေသူဖြစ် ပြီး မလေးအာဏာပိုင်တွေ ယူဆသလို လေကြောင်း ပျံသန်းမှုဆိုင်ရာ နည်းပညာအသိဗဟုသုတရှိသူဖြစ်တယ်လို့လည်း ယုံကြည် ခံရသူလည်းဖြစ်နေပါတယ်။

အထက်က ပြောခဲ့တဲ့ အချက်တွေကြောင့် ဝါရင့် အမေရိကန် အောက်လွှတ်တော်အမတ်တဦးကပြော တာမှာတော့ အခု လေယာဉ် ပျောက်ဆုံးမှုဟာ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ပြောထားပါတယ်။

အမေရိကန် ပြည်ထောင်စု အမိမြေ လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ကွန်ဂရက်လွှတ်တော်အမတ် Michael McCaul က မတ်လ ၈ ရက်နေ့က မလေးရှား လေယာဉ် MH370 ပျောက်ဆုံးသွားမှုဟာ ဒီလေယာဉ်ကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ ဆွဲသွားတာဖြစ်တယ်၊ ဒါဟာ နိုင်ငံတကာ ကိစ္စဖြစ်တယ် လို့ ပြောပါတယ်။

သူက အမေရိကန်အခြေစိုက် Fox News ကို ပြောတာမှာ လေယာဉ်က သတိပေးနေတဲ့ သင်္ကေတတွေ အများကြီးရှိတာ၊ ပျောက်ဆုံး လေယာဉ်ပေါ်က ခရီးသည်တွေထဲမှာ အီရန် နိုင်ငံသား၂ ဦးက ခိုးယူပတ့်စ်ပို့ အသုံးပြုပြီး လေယာဉ် ပြန်ပေးသမားတွေ လုပ်လေ့ရှိတဲ့အတိုင်း လေယာဉ်လက်မှတ်ကို အသွား တကြောင်း စာပဲ ငွေသားနဲ့ လက်ငင်း ဝယ်ယူခဲ့တာဖြစ်တယ်လို့ ပြောထားပါတယ်။

“ခင်ဗျားတို့လည်း ဒါကို အကာအကွယ် မပေးနိုင်သလို ကျနော်တို့မှာ ဒီကိစ္စ အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်တယ်ဆို တဲ့ အထောက်အထား တခုမှ မရှိပါဘူး” လို့ သူက ပြောပါတယ်။

သူက ဆက်ပြောတာက “အထောက်အထား အားလုံးက လေယာဉ်ခေါင်းခန်းကိုပဲ ဦးတည်နေတယ်လို့ ကျနော်ထင်တယ်၊ လေယာဉ်မှူးနဲ့ တွဲဖက် လေယာဉ်မှူးတွေဆီကိုပေါ့” လို့ ဆိုပါတယ်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List