အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် MH 370 လေယာဉ် အပိုင်းအစများကိုရှာဖွေနေသောသြဇီတော် ဝင်လေတပ်မှ P3လေယာဉ်သည် မိုးသည်းထန်စွာရွာခြင်းနှင့် တိမ်ထူထပ်ခြင်းတို့ကြောင့် ဂြိုဟ်တု မှ ဖော်ပြသော အပျက်အစီးများကို ရှာဖွေရန် အခက်အခဲ ရှိနေကြောင်း သိရသည်။
ရှာဖွေမှုများကိုမူ ဆက်လက်လုပ်ဆောင်နေမည် ဖြစ်သည်။
လွန်ခဲ့သော မိနစ် ၂ဝခန့်တွင် မလေးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးကလည်းဂြိုဟ်တုမှတဆင့် တွေ့ရှိ ရသော အပျက် အစီးများမှာ MH 370 မှဟု ယုံကြည်ရကြောင်း ပြောကြားလိုက်သည်။
လေယာဉ်ပျက်ရှာဖွေရေးလုပ်ငန်းကို ယခုအခါ သြစတြေးလျ၊ နယူဇီလန်နှင့်အမေရိကန်ရေတပ်များမှ ပူးပေါင်းလုပ်ဆောင်နေပြီ ဖြစ်ကြောင်း မလေးရှားအာဏာပိုင်များက ပြောကြားသည်။
Popular Myanmar News Journal

No comments:
Post a Comment