Friday, March 21, 2014

မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းရေး ဧရာဝတီတိုင်းဒေသကြီး နိုင်/ကျဉ်းဟောင်း များ မြစ်ဆုံအထိ လမ်းလျှောက်မည်

ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းစေရေး အတွက် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးဆောင်၍ မတ်လ၂၃ ရက်နေ့တွင် ရန်ကုန်မြို့မှ မေခမလိခ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးမှ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ အဖွဲ့ဝင် ဦးအောင်သူရက ပြောကြားသည်။
သမိုင်း အစဉ်အလာနှင့် ကျေးဇူးကြီးလှသော ဧရာဝတီမြစ်သည် တိုင်းရင်းသား ပြည်သူများကို မိခင် သဖွယ် စောင့်ရှောက်ခဲ့ကြောင်း၊ တပ်မတော် အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို သဘောတူစာချုပ် ချုပ်ဆို၍ တရုတ်နိုင်ငံ CPI ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးခဲ့ရာ တိုင်းရင်းသား ပြည်သူများ ဘေးဒုက္ခကြုံတွေ့မည့်စီမံ ကိန်းဖြစ်သောကြောင့် ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်ဟု မြစ်ဆုံအထိ လမ်းလျှောက်မည့် နိုင်ငံရေး အကျဉ်းသားဟောင်းများက ပြောဆိုသည်။

တရုတ်နိုင်ငံအစိုးရက (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် အိမ်ရှင်မြန်မာကို အမေရိကန်ဒေါ်လာ ၃၆ သန်း ကူညီခဲ့ပြီး ပြိုင်ပွဲကျင်းပနေစဉ်အတွင်း မြစ်ဆုံဆည် ရေအားလျှပ်စစ် စီမံကိန်း ပြန်စရန် ကြိုးပမ်းလာသည်ဟု ပုသိမ်မြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သည့် အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန်းထိုက်က သုံးသပ်သည်။

“ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းက မြစ်ဆုံကနေ မြစ်ဝကျွန်းပေါ်အထိ ဂေဟစနစ်ပျက်ယွင်းစေပြီး တိုင်းရင်းသားပြည်သူ များကိုလည်း သဘာဝ ဘေးအန္တရာယ်မျိုးစုံ ကျရောက် စေနိုင်တယ်။ မြန်မာပြည်ရဲ့ အထက်ပိုင်းမှာ ရေကာတာ ဆောက်လုပ်တာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူတွေရဲ့ လုံခြုံရေးကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် မြစ်ဆုံစီမံကိန်းကို အပြီးအပိုင် ရပ်ဆိုင်းပစ်ဖို့လိုတယ်”ဟု ၁၉၈၈ ခုနှစ် အရေးတော်ပုံတွင် ပါဝင်ခဲ့သော ပုသိမ်မြို့ရှိ ဧရာဝတီ တိုင်း ပြည်သူ့မျိုးချစ်တပ်ဦး အဖွဲ့ချုပ် သပိတ် ခေါင်းဆောင်ဟောင်းများက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List