Wednesday, March 19, 2014

ထိုင်းဝမ်ကျောင်းသား ၂၀၀ ခန့် လွှတ်တော်ကို ၀င်စီး


တရုတ်နဲ့ ကုန်သွယ်ရေးစာချုပ်ကို မလိုလားတဲ့ ထိုင်ဝမ်ကျောင်းသား ၂၀၀ လောက်က ထိုင်ဝမ် လွှတ်တော်ကို မတ် ၁၈ ရက်နေ့ နှောင်းပိုင်းမှာ ၀င်စီးခဲ့ပါတယ်။
ကုန်သွယ်ရေးစာချုပ်အရ ထိုင်ဝမ်စီးပွားရေးမှာ တရုတ်က အလွန်အကျွံ လွှမ်းမိုးသွားမှာကို စိုးရိမ် တဲ့ ကျောင်းသားတွေဟာ ရဲတွေက တားဆီးနေတဲ့ကြားက လွှတ်တော်ကို ရုတ်တရက် ၀င်စီးခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

ကျောင်းသားတွေက ထိုင်ဝမ်သမ္မတ မာရင်ကျိုးအနေဖြင့် တရုတ်ပြည်မကြီးနဲ့ ကုန်သွယ်ရေးစာချုပ်အတွက် ထိုင်ဝမ်ပြည်သူတွေကို တောင်းပန်ဖို့ တောင်းဆိုနေကြပါတယ်။

TaiwanStudentစာချုပ်အရ ထိုင်ဝမ်စီးပွားရေးအပေါ် တရုတ်ပြည်မကြီးရဲ့ လွှမ်းမိုးမှု ကြီးထွားလာမှာကို အတိုက်အခံတွေကလည်း စိုးရိမ်နေပါတယ်။

ကူမင်တန်ပါတီကတော့ စာချုပ်ကို ပြန်လည်သုံးသပ်ထားတယ်လို့ ဒီတပတ်ထဲမှာ ပြောထားပါတယ်။

လွှတ်တော်ထဲမှာ ဆန္ဒပြသမားတွေက ကြွေးကြော်သံတွေ အော်ရင်း နောက်ထပ် ၄၃ နာရီလုံး ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အတိုက်အခံကလည်း ကုန်သွယ်ရေးစာချုပ်ကို လွှတ်တော်ထဲ မဲခွဲတဲ့အခါ ရလဒ်ကို ပြောင်းလဲသွားနိုင်တဲ့ အရေအတွက် မရှိပေမယ့် ကန့်ကွက်မဲပေးမယ်လို့ ပြောပါတယ်။

တရုတ်ပြည်မကြီးဟာ ထိုင်ဝမ်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက် ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ သမ္မတ မာရင်ကျိုး အာဏာရလာတဲ့အချိန်ကစလို့ ပို့ဆောင်ရေးကနေ ခရီးသွားလုပ်ငန်းအထိ သဘောတူညီချက် စာချုပ်တွေ ကို ချုပ်ဆိုထားကြပါတယ်။

အခု နောက်ဆုံး ကုန်သွယ်ရေးသဘောတူညီချက်အရ တရုတ်ကထိုင်ဝမ်ကုမ္ပဏီတွေအတွက် ၀န်ဆောင်မှု လုပ်ငန်းပေါင်း ၈၀ ကို ဖွင့်လှစ်ခွင့်ရမှာ ဖြစ်ပြီး ထိုင်ဝမ်ကလည်း တရုတ်ပြည်မကြီးမှာ ကဏ္ဍပေါင်း ၆၄ ခုမှာ ရင်းနှီးမြှုပ်နှံခွင့်ရမယ့် အချက်တွေ ပါဝင်ပါတယ်။

၁၉၄၉ တရုတ်ပြည်တွင်းစစ်မှာ မော်စီတုန်း ခေါင်းဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီ အနိုင်ရရှိပြီးနောက် ချန်ကေရှိတ် ခေါင်းဆောင်တဲ့ ကူမင်တန်ပါတီဟာ ထိုင်ဝမ်ကို ထွက်ပြေးခဲ့ပြီးနောက် တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်ဟာ တသီးတခြားစီ အုပ်ချုပ်ခဲ့ပါတယ်။ တရုတ်ပြည်မကြီးဘက်ကတော့ ထိုင်ဝမ်ကို ပြည်နယ်တခု အနေနဲ့ သဘောထားပါတယ်။

ဒီနှစ်တွေအတွင်းမှာ တရုတ်နဲ့ ထိုင်ဝမ်ကြားမှာ စီးပွားရေးအရ စည်းနှောင်မှု အားကောင်းခဲ့ပြီး ဖေဖော်ဝါရီလ အတွင်းမှာ အစိုးရအချင်းချင်း ပထမဆုံး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲအဆင့်အထိ ထူးထူးခြားခြား တိုးတက် ခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List