Tuesday, March 18, 2014

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ငါးကြိမ်မြောက် တွေ့ဆုံမှု


ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ၉ ရက်နေ့ ညနေက တနာရီနီးပါး တွေ့ဆုံခဲ့ပေမယ့် ဘာတွေ ဆွေးနွေးကြတယ် ဆိုတာကို နှစ်ဘက်စလုံးက သတင်းထုတ်ပြန်ခြင်း မရှိကြပါဘူး။ 
အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြပေမယ့် တွေ့ဆုံရာမှာ ဆွေးနွေးပြောဆိုချက်၊သဘောတူညီချက်များကို အများပြည်သူ သိအောင် အသေးစိတ် ထုတ်ပြန်လေ့ မရှိပါဘူး)
-
 ဒါဟာ သူတို့နှစ်ယောက် ၅ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်တယ်လို့ပဲ ပြောနိုင်မယ်၊ ဒီအကြောင်း သီးသန့် ကြေညာချက်ထုတ်ပြန်ဖို့ အစီအစဉ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဧရာဝတီကို ပြောပါတယ်။

“ ကျနော်တို့ကတော့ တွေ့တယ်ဆိုတာပဲ ပြောနိုင်မယ်။ အသေးစိတ် ထုတ်ပြန်ဖို့ မရှိဘူး။ အစိုးရ ဘက်က တွေ့တယ်ဆိုတာတောင် သတင်းစာထဲကို ထည့်လို့လား” လေးကြိမ်မြောက် တွေ့ခဲ့ တာကတော့
၂၀၁၃ ခုနှစ် သြဂုတ်လထဲမှာပါ။

ပထမဆုံးအကြိမ်အဖြစ် ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က သမ္မတရုံးမှာ တွေ့ဆုံခဲ့တာပါ။ အဲဒီတုန်းကတော့ မတူကွဲပြားသော သဘောထားအမြင်များ ဘေးဖယ် ထားပြီး နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည် လို့ပဲ အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမင်းဇင်က ဧရာဝတီနဲ့ ယခုနှစ်ဆန်းပိုင်း အင်တာဗျူးရာမှာတော့ … ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခေါင်းဆောင်များနဲ့တွေ့ဆုံဆွေးနွေးရာမှာ တဦးတည်း ဦးဆောင်တွေ့ဆုံတဲ့ ပုံစံမဟုတ်ဘဲ အဖွဲ့အစည်းအလိုက် တွေ့တဲ့ ပုံစံမျိုး ဆောင်ရွက်သင့်တယ်၊တွေ့ဆုံဆွေးနွေးတဲ့ အကြောင်းအရာများထဲက
ထုတ်ပြန်နိုင်တဲ့ အချက်အလက်တွေကို အတတ်နိုင်ဆုံး ထုတ်ပြန်သင့်တယ်လို့ သုံးသပ်ပါတယ်။

“ အနိမ့်ဆုံးဗျာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့တာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း တွေ့တာ မဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ဥက္ကဋ္ဌ အနေနဲ့ ဒီလူတွေနဲ့ တွေ့တာ ဖြစ်ဖို့လိုတယ်။ ဒါ အနိမ့်ဆုံး အဆင့်ပေါ့။ ဒီထက် ပိုကျယ်ပြန့်လာရင် ကျန်တဲ့ မျိုးဆက်တွေကိုပါ တွဲခေါ်သင့်တယ်။ ဒါမှ သူ မရှိရင်လည်း ဒီတွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်ဟာ မပျက်ဘဲနဲ့ ဆက်ပြီးတော့ ရပ်တည်နိုင်မှာပါ”

အခုတော့ တွေ့ဆုံမှုက ငါးကြိမ်မြောက်ရှိသွားပါပြီ။မေးစရာ ရှိတာက … ငါးကြိမ်မြောက် တွေ့ကြရာမှာ ဘာတွေ ဆွေးနွေးကြသလဲ၊ ဘာတွေ သဘောတူခဲ့ကြ/သဘောမတူခဲ့ကြသလဲ ဆိုတာတွေပါပဲ။

၂၀၁၅ ရွေးကောက်ပွဲ၊ မျိုးစောင့် ဥပဒေ၊ မြန်မာ့နိုင်ငံရေး အဖြေရှာရန် ကြီးလေးကြီးတွေ့ဆုံရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု ဆောင်ရွက်ချက် စတဲ့ အကြောင်းအရာတွေ ပါဝင်နိုင်ပါတယ်လို့ပဲ ခန့်မှန်းရတော့မှာ ဖြစ်ပါတယ်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List