Tuesday, March 18, 2014

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသူ ရွှေမှုံရတီ


မတ်လ ၁၂ ရက်နေ့က ၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝန်ထမ်းစာမေးပွဲ စတင်ဖြေဆိုရသည့် နေ့တစ်နေ့ဖြစ်ပြီး သရုပ်ဆောင်ရွှေမှုံရတီက အထက(၂) ရန်ကင်းကျောင်းတွင်စာမေးပွဲဖြေဆိုနေပါတယ်။
ရွှေမှုံရတီစာမေးပွဲဖြေဆိုသည့် အထက(၂) ရန်ကင်း ကျောင်းရှေ့ကို ပေါ်ပြူလာအဖွဲ့သားများ နံနက် ၁၁ နာရီကတည်းက ရောက်ရှိကာဓာတ်ပုံ သွားရောက် ရိုက်ကူးခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမဆုံးဖြေဆိုရတဲ့ နေ့ရက်လည်းဖြစ်သလို မိဘများက သားသမီး များကို ကျောင်းရှေ့မှာ အသီးသီး စောင့်ဆိုင်းလျက်ရှိပါ တယ်။

ကျောင်းသား မိဘများနည်းတူ ရွှေမှုံရတီရဲ့ မိခင် ဒေါ်မော်မော်ခိုင်ကလည်း သမီးဖြစ်သူရဲ့ စာမေးပွဲဖြေ ဆိုပြီးချိန်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ ကိုယ့်သားသမီးတွေ စာမေးပွဲ ဖြေဆို နေတဲ့ အချိန်မှာ မိဘ များက စိတ် လှုပ် ရှားလျက်ရှိပါ တယ်။ အချိန်ပြည့်လို့ စာမေးပွဲခန်းအတွင်း မှကျောင်းသား ကျောင်း သူများ ထွက်လာ ချိန်မှာတော့ မိဘများက ကိုယ့်သားသမီးများကို ဖြေဆိုတဲ့ ဘာသာရပ်များနဲ့ ပတ်သက်ပြီး ပူပန်စွာမေးမြန်းနေမှုများကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ရွှေမှုံရတီက လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ခဏနားထားပြီး ၂ဝ၁၄ခုနှစ်တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဖြေဆိုနေပါတယ်။ မတ်လ ၁၂ ရက်နေ့မှာ စ ဖြေရတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမဆုံးနေ့ ဖြေဆိုမှုအပေါ် ရွှေမှုံရတီက

" ဒီစာမေးပွဲက အကြီးကြီးဆိုတော့လေ ရင်တွေတုန် တယ်။ ကျောင်းပေါင်းစုံက လည်းလာဖြေတာဆို တော့ စိတ်လှုပ်ရှားတာကတော့ တအားဖြစ်တာပေါ့။ စာမေးပွဲမဖြေခင်ကလည်း စိတ်တွေ လှုပ်ရှားရသလို၊အခုလို တစ်ဘာသာဖြေ ပြီးပြန်တော့ သက်ပြင်း တစ်ခါချသွားပြီးပြီဆို တော့ နောက်ထပ် ငါးခါချဖို့ ကျန်သေးတယ်ဆို တော့ မပြီးသေးဘူးလေ။ တစ်ဘာသာ အောင်ရုံနဲ့ မပြီးတော့ ကျန်တဲ့ဘာသာတွေ အတွက်ပါ စိတ်လှုပ်ရှားပြီး အကောင်းဆုံးကြိုးစားနေပါတယ်။

ဒီနေ့စဖြေတဲ့ မြန်မာစာအတွက်လည်းဂုဏ်ထူးမှမရတာဘယ်လိုမှ ကျေနပ်မှုမရှိဘူးလို့ ခံစားမိတယ်။ စိုးရိမ်တဲ့ဘာသာက Eco တစ်ဘာသာပဲရှိပါတယ်။ ကျန်တာတော့ သိပ်မကြောက်ပါဘူး။ ဟိုးအရင်အနု ပညာ အလုပ်တွေ မလုပ်ခင်ဒီပညာရေးဘက်ကို ဦးစားပေး ဖြစ်မယ်ဆိုရင် ငါ ပညာတတ်ဖြစ်အောင် လုပ်မယ်လို့ စဉ်းစားတယ်။ ဒါပေမဲ့ ခု ဒီအနုပညာအလုပ်တစ်ဖက်နဲ့ဆိုတဲ့ အခါကျတော့ ငါတတ်နိုင်သမျှ ကြိုးစားပြီး ဒီဘာသာကို ရအောင်လုပ်ရမယ်။ တတ်နိုင်သမျှအောင်အောင် ကြိုးစားရမယ်ဆိုတဲ့စိတ်တစ်ခု ကိုလည်း စာမေးပွဲမဖြေခင်က တည်းက တွေးထားတယ်" လို့ ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
Popular Journal

No comments:

Post a Comment

My Blog List