Wednesday, March 19, 2014

ငြိမ်းချမ်းရေးကို စီးပွားဖြစ်လုပ်ကိုင်ခြင်း??


မြန်မာ့ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Centre - MPC) အဖွဲ့ရဲ့ လုပ်ငန်းတွေက ပိုက်ဆံ အများ အပြား သုံးနေပေမယ့် အလုပ်မဖြစ်ဘူးလို့ မြန်မာ့အရေးလေ့လာသူ စာနယ်ဇင်းသမား ဘာတေးလ် လင့်တ်နာက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။
ရန်ကုန်မှာပြုလုပ်တဲ့ ဟောပြောပွဲတခုမှာ သူက အဲဒီလို ပြောလိုက်တဲ့အတွက် သတင်းစာဂျာနယ်  အင်တာနက် စာမျက်နှာတွေမှာ   နည်းနည်းလေး ဆူဆူညံညံ ဖြစ်သွားပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေကို  စီးပွားရေးဇုန် တခုလို  အသုံးချနေတယ်လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတဲ့ကိစ္စက တကယ့် စီးပွားရေးကြီး တခုလို ဖြစ်လာပါ တယ်၊ ဘာဖြစ်လို့လည်းဆိုရင် နိုင်ငံတကာ အဖွဲ့တွေ အများကြီး ရောက်လာ ကြတယ်၊ အဲဒီ အဖွဲ့တွေက တိုးဝှေ့ ပြီးတော့ နေရာ ရအောင် လုပ်နေကြတယ်၊ ရေရှည်မှာ ဘာဖြစ်လာမလဲ ဆိုရင် သူတို့တွေ ဟာ မြန်မာပြည်ကိုထားပြီး တခြားနေရာ အသီးသီးကို ဆက်လက် သွားကြမှာပါ၊ဒီမှာ သူတို့ လုပ်ခဲ့တဲ့ ကိစ္စတွေ ရှုပ်ထွေးမှုတွေ ကျန်နေခဲ့ပါမယ်”

“The MPC is like an organization which is being paid for doing nothing”  ဆိုတဲ့ ဘာတေးလ် လင့်တ်နာရဲ့ ပြောဆိုချက်ကို ကိုးကားထားတာပါ။

သူ့ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး MPCအဖွဲ့ရဲ့ တုန့်ပြန်ချက်ကို ဒီကနေ့ထုတ် Venus News ဂျာနယ်မှာ  သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

MPCအဖွဲ့ရဲ့ အပစ်အခတ်ရပ်စဲရေးဌာန ညွှန်ကြားရေးမှူး ဦးမင်းဇော်ဦးရဲ့ တုန့်ပြန်ချက်ပါ..

သူက  ဘာတေးလ် လင့်တ်နာရဲ့ ပြောဆိုချက်တွေကို လုံးဝ ပယ်ချပါတယ်။

ကချင်ဒေသမှာ KIA  နဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ခဲ့ပေမယ့် အခုဆိုရင် ၇ ဆ လောက် လျော့နည်း သွားပြီ၊ ပြည်နယ်တိုင်း ၁၀ ခုမှာ ၈ ခုလောက်က သေနတ်သံ မကြားရတော့ပါဘူးလို့ ပြောပါတယ်။ ဘာတေးလ် လင့်တ်နာက နိုင်ငံတကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို လေ့လာဖို့ လိုသေးတယ်၊ ၀မ်းစာ မပြည့်သေးဘူးလို့လည်း ပြောလိုက်ပါတယ်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List