Monday, March 17, 2014

ယူကရိန်းမှ ခွဲထွက်ပြီး ရုရှားနှင့် ပူးပေါင်းရန် ခရိုင်းမီးယား လူထု မဲဆန္ဒခံယူပွဲမှ ဆုံးဖြတ်

မဲအရေအတွက် ထက်ဝက်ခန့်ကို ရေတွက်ပြီးနောက်တွင် ၉၅.၅ ရာခိုင်နှုန်းမှာ ရုရှားနှင့် ပူးပေါင်းရန် ဆန္ဒရှိကြသည်ဟု လူထု မဲဆန္ဒ ခံယူပွဲ ခေါင်းဆောင် မစ်ခေးမလေရှဗ်မှ ပြောဆိုခဲ့သည်။ မဲအရေအတွက် အားလုံးကို ရေတွက်ရာတွင် ၈၃ ရာခိုင်နှုန်း ရှိကြောင်းကိုလည်း ဖြည့်စွက် ပြောကြားသွားခဲ့သည်။
ရုရှားနှင့် ပူးပေါင်းရန်အတွက် တနလာင်္နေ့တွင် လျှောက်ထားသွားမည် ဖြစ်ကြောင်း ခရိုင်း မီးယား ခေါင်းဆောင်မှ ပြောကြားခဲ့သည်။ ခရိုင်းမီးယား ပြည်သူများ၏ ဆန္ဒကို လေးစားသွား မည် ဖြစ်ကြောင်း ရုရှား သမ္မတ ဝလာဒီမာ ပူတင်မှ ပြောဆိုခဲ့သည်။

ခရိုင်းမီးယန်း အများအပြားမှာ ယူကရိန်း အပေါ်တွင် သစ္စာရှိကြပြီး လူထုမဲဆန္ဒ ခံယူပွဲကို သပိတ်မှောက် ထားခဲ့သည်။ ဥရောပ သမဂ္ဂနှင့် အမေရိကန်တို့မှာလည်း လူထုမဲဆန္ဒ ခံယူပွဲကို တရားမဝင်ဟု ပြစ်တင်ရှုံချ ထားသည်။ ခရိုင်းမီးယား ဒေသကို ရုရှားယိမ်း အင်အားစုများမှ ဖေဖော်ဝါရီလတွင် ထိန်းချုပ်ထား ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်း၏ ရုရှားယိမ်း သမ္မတဗစ်တာယနူကိုဗစ်ခ်ျအား ဖြုတ်ချခဲ့ ပြီးနောက်တွင် ၎င်းအင်အားစုများမှ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

ခရိုင်းမီးယား မြို့တော် ဆင်းဖရာပိုတွင် မဲပေးပြီးနောက်တွင် ရုရှားယိမ်း လူအများမှ အောင်ပွဲခံခဲ့ကြသည်။

မစ္စတာ ပူတင်နှင့် အမေရိကန် သမ္မတ ဘားရက်အိုဘားမားတို့ ဖုန်းပြောဆိုမှု ပြုလုပ်ခဲ့ကြပြီး နောက်ပိုင်း တွင် ကရင်မလင်နှင့် အိမ်ဖြူတော်တို့မှ ၎င်းပြောဆိုမှုကို ထုတ်ပြန်ခဲ့ကြသည်။

ယူကရိန်း၏ တည်ငြိမ်မှုအတွက် နည်းလမ်းရှာဖွေရန် နှစ်ဦးစလုံး သဘောတူညီခဲ့ကြကြောင်း ကရင်မလင်မှ ထုတ်ပြန်ခဲ့ပြီး ပြင်းထန်သော အမျိုးသားရေး ဝါဒီများ၏ အကြမ်းဖက် လှုပ်ရှားမှုကို ဟန့်တားရန် ပျက်ကွက် ခဲ့ကြောင်း ယူကရိန်းအစိုးရအား မစ္စတာ ပူတင်မှ ဖိအားပေး ပြောဆိုခဲ့သည်။

မစ္စတာ အိုဘားမားမှ လူထုဆန္ဒ ခံယူပွဲသည် တရားမဝင်ဘဲ ရလဒ်များကိုလည်း လက်ခံသွားမည် မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ယူကရိန်း အရှေ့ပိုင်းတွင် နိုင်ငံတကာ စောင့်ကြည့်မှုများကို အကူ အညီ ပေးသွားရန် မော်စကိုအား တောင်းဆိုခဲ့ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ခဲ့သည်။

ဥရောပ သမဂ္ဂမှ ကြေငြာချက်တွင် ၎င်းမဲပေးမှုသည် မှန်ကန်မှုလည်း မရှိ တရားဝင်မှုလည်း မရှိဘဲ ရလဒ်များကိုလည်း အသိအမှတ် ပြုမည် မဟုတ်ကြောင်း ပြောဆိုသွားသည်။ ဥရောပသမဂ္ဂ ၏ နိုင်ငံခြားရေး ဝန်ကြီးများသည် တနင်္လာနေ့တွင် တွေ့ဆုံရန် ရှိပြီး ရုရှား အပေါ်သို့ စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ရန် မျှော်လင့်လျက် ရှိကြသည်။

ရုရှားမှ ထိန်းချုပ်ခဲ့သည့်နောက်တွင် တင်မြှောက်ခဲ့သည့် ခရိုင်းမီးယား ခေါင်းဆောင် ဆာဂီးအဆိုင်းနော့မှ မဲဆန္ဒ ခံယူပွဲအား ဆင်းဖရာပိုမြို့ရှိ စတိတ်စင်ပေါ်တွင် ချီးကျူးဂုဏ်ပြုခဲ့သည်။ ရုရှား နိုင်ငံတော် သီချင်း၊ ရုရှားအလံများနှင့် ရုရှား၏ ပင်လယ်နက်ဒေသ စစ်မှုထမ်းများအကြားတွင် ခရိုင်းမီးယားသည် အိမ်ပြန်တော့မည် ဖြစ်ကြောင်း ရုရှားအား ပူးပေါင်းရန် ရည်ရွယ်ပြီး ထောက်ခံသူများအား ပြောဆို သွားသည်။

REF: BBC
The Myanmar Age

No comments:

Post a Comment

My Blog List