Friday, March 21, 2014

စာချုပ်နဲ့ လုပ်ရတာက ပိုပြီးတော့ အဆင်ပြေတယ်လို့ဆိုတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်

၂၀၁၁ခုနှစ်ရဲ့ အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး နောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေပြီဖြစ်တဲ့ သရုပ်ဆောင် ဖူးပွင့်သခင် ကို Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ လက်ရှိမှာ စာချုပ်ပြည့်သွားပြီ ဖြစ်တဲ့အတွက် စာချုပ်နဲ့ ပတ်သက်ပြီး အနုပညာ အလုပ်လုပ်ကိုင်ရတဲ့ အပေါ်မှာ သူမရဲ့စိတ်ခံစားချက် ဘယ်လိုရှိတယ်ဆိုတာ မေးမြန်းကြည့်လိုက်တော့ ‘ ညီမ Lucky Boss နဲ့စာချုပ်ချုပ်ထားတာ ပြည့်သွားပြီ။ 
 
ဒါပေမဲ့ 5-NetWork နဲ့ စာချုပ်ချုပ်ထားတာက ကျန်သေးတယ်။ တခြား ထုတ်လုပ်ရေးတွေကနေ ကမ်းလှမ်း လာရင် ညီမသတ်မှတ်ထားတဲ့ အရာတွေနဲ့ ကိုက်ညီပြီး လွတ်လပ်ခွင့်ပေးထားမယ်၊ အခြားကုမ္မဏီတွေနဲ့ လည်း ရိုက်ခွင့်ပေးမယ်ဆိုရင် စာချုပ်ချုပ်ပြီး ရိုက်ကူးသွားမယ်။ 
 
အခု ညီမချုပ်ခဲ့တဲ့ ချုပ်ထားတဲ့ ကုမ္မဏီတွေကလည်း ချုပ်နှောင်မထားဘူး။ အပြင် ကုမ္မဏီတွေနဲ့ ရိုက်ခွင့်ပေးထားတယ်။ သူတို့ကလည်း နားလည်ပေးတယ်။ တစ်လတစ်ကား ပုံမှန်ရိုက်ပေးဖြစ်သလို အားရင်လည်း အားသလို ၂ကား၃ကား ရိုက်ပေးဖြစ်တယ်လေ။ အဲဒီ့လို အပြန်အလှန် နားလည်ပေးတော့ ပြဿနာမရှိဘူး။ အသစ်တစ်ယောက်အနေနဲ့တော့ စာချုပ်နဲ့ ရိုက်ရတာ ပိုကောင်း ပါတယ်။ ကားရိုက်ဖို့က အရေးကြီးပါတယ်။ 
 
ဒါမှ ကိုယ်ရိုက်ထားတဲ့ ကားလေးတွေ ထွက်လာရင် ပရိသတ်က ကိုယ့်ကို သိကြမှာလေ။ လခစားနဲ့ နေ့စား သမားတွေလိုပေါ့။ ကိုယ့်မှာ စာချုပ်ချုပ်ထားတာရှိတော့ တစ်လ ဘယ်နှစ်ကား ရိုက်ရမလဲဆိုတာ ရှိတယ်လေ။ အဆက်အသွယ် မပြတ်သွားဘူး။ ကိုယ့်ကို ခေါ်မှရိုက်ရမှာထက် ကိုယ်ရိုက်ဖို့ ကုမ္မဏီရှိတော့ အဆင်ပြေတာပေါ့။ မကြိုက်တဲ့ ကာရိုက်တာတွေ ရှိရင်လည်း သူတို့နဲ့ညှိုလို့ရတယ်။ ဒါကြောင့် ညီမအတွက် စာချုပ်နဲ့လုပ်ရတာ ပိုပြီးအဆင်ပြေတယ်။ ဒါကလည်း တစ်ချို့က မတူဘူးပေါ့။ ညီမကတော့ စာချုပ်ရှိပေမဲ့ လွတ်လွတ်လပ်လပ်နဲ့ အနုပညာအလုပ်တွေလုပ်ရတော့ အဆင်ပြေပါတယ်’လို့ သူမက ဆိုပါတယ်။

စန္ဒီ
ွှTrend Myanmar

No comments:

Post a Comment

My Blog List