Thursday, March 20, 2014

လစ်လပ်နေသောမဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၄ခုနှစ် နိုဝင်ဘာသို့မဟုတ် ဒီဇင်ဘာလတွင်ကျင်းပနိင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌပြော

လစ်လပ်နေသောမဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၄ခုနှစ် နိုဝင်ဘာသို့မဟုတ် ဒီဇင်ဘာလတွင်ကျင်းပနိင်မည်ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကပြောသည်။
“တိုင်းပြည်မှာ ၀န်တွေပိနေတယ် ဘာလဲဆိုတော့ အာဆီယံအားကစားပြိုင်ပွဲတွေရှိတယ် အာဆီယံ ဥက္ကဌဖြစ်နေတော့ ၀န်ကြီးဌာနအသီးသီးနဲ့ကိုယ်တို့ကြီးပဲ လုပ်ပေးရမဲ့အခြေအနေရှိပါတယ်
ဒါတွေအကုန်လုံးပိနေတော့ လုပ်ပေးနေရတော့ဒါကတစ်ချက်ပါ”ဟုဦးတင်အေးကဆိုသည်။ ဆက်လက်ပြီး ၄င်းက မကြာမီတွင် မိုးတွင်းရောက်လာပြီ ဖြစ်သောကြောင့် ရာသီဥတုကောင်းသည့်အချိန် နှင့် အာဆီယံဥက္ကဌတာဝန်ပြီးသည့် ရာသီဥတုကောင်းလောက်သည့်အချိန်ဖြစ်သော နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလတို့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိင်မည်ဟု ထပ်လောင်းပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမည့်အပေါ် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်က“ရွေးကောက်ပွဲဥပဒေ မှာပြဌာန်းပြီးသား ကော်မရှင်ကလည်းရွေးကောက်ပွဲကျင်းပဖို့ကသူရဲ့တာဝန် လစ်လပ်တဲ့မဲဆန္ဒနယ်ရှိရင် အစားထိုးရွေးပေးရမယ်”ဟု ပြည်သူ့လွှတ်တော် ခေတ္တရပ်နားစဉ် သတင်းသမားများနှင့်တွေ့ဆုံသည့် အခါတွင် ပြောကြားခဲ့သည်။

လက်ရှိလစ်လပ်နေသော မဲဆန္ဒနယ်များမှာ တိုင်းဒေသကြီးလွှတ်တော်အတွက် ကိုယ်စားလှယ် ၁၁နေရာ နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၁၃နေရာ အမျိုးသားလွှတ်တော်အတွက်၎နေရာ စုစုပေါင်း ၂၈နေရာလစ်လပ်လျှက်ရှိကြောင်း ၄င်းကဆိုသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List