Friday, March 21, 2014

၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က နယ်မြေအားလုံးမှာ ဝင်ပြိုင်မယ်


လစ်လပ် မဲဆန္ဒနယ်များအတွက် အခု ၂ဝ၁၄ ခုနှစ်အတွင်းမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ရှိတယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြည်သူ့ လွှတ်တော်မှာ မတ်လ ၂ဝ ရက်
နေ့ က ပြောသွားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အခုလို စီစဉ်ရတာလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်တဲ့အခါ ပါဝင်ရမယ့် ကိုယ်စားလှယ် အရေအတွက် မပြည့်တဲ့အတွက် စီစဉ်ရတာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် အသိုင်းအဝိုင်းက ပြောပါတယ်။

အခု ၂ဝ၁၄ ခုနှစ်အတွင်း ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခု ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီကလည်း လစ်လပ်နယ်မြေအားလုံးမှာ ဝင်ရောက် ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက မတ်လ ၂ဝ ရက်နေ့က ပြောထားပါတယ်။

အခု ၂ဝ၁၄ ခုနှစ်အတွင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် လစ်လပ်နယ်မြေ ၃ဝ ရှိတယ်လို့ သိရပါတယ်။

NLD အနေနဲ့ ပါတီတရားဝင် ပြန်လည် မှတ်ပုံတင်ပြီး ၂ဝ၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် နယ်မြေ ၄၆ နေရာရှိခဲ့တာမှာ အင်းတော်မြို့နယ်က ကန့်ကွက်ခံခဲ့ ရလို့ NLD ပါတီက ၄၅ နေရာမှာသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

ဒါကြောင့် ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက ၄၄ နေရာမှာ မဲအပြတ်အသတ်နဲ့ အနိုင် ရခဲ့ပြီး ၁ နေရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီတုန်းက လစ်လပ်နယ်မြေ တခုဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း အမျိုးသား လွှတ်တော်မဲ ဆန္ဒနယ် အမှတ် ၃ မှာ လားရှိုး၊ မိုင်းရယ် တန့်ယန်း သိန္နီနဲ့ ကွမ်လုံမြို့နယ်တို့ ပါဝင်ခဲ့တာမှာ NLD ပါတီ ကိုယ်စားလှယ် စိုင်းမြင့်မောင်က ကြံ့ခိုင်ရေးပါတီက ဒေါက်တာ နန်းကိန်ဖောင်းတစ်၊ လားဟူပါတီက ဦးယောသပ် (ဦးဂျိုဇက်)၊ ကိုးကန့် တိုင်းရင်းသားပါတီက လော်ရှင်းကွန်းတို့နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List