Tuesday, March 18, 2014

သမ္မတနှင့်ကာချုပ်ခရီးဒီမိုကရေစီအင်အားစုများကြိုဆို


မတ်လ ၁၆ ရက်နေ့ကသမ်္မတ နှင့် ကာကွယ်ရေးဦးစီးချုပ်တို့အတူ သွားခဲ့သည့်ကချင်ပြည်နယ်ခရီးစဉ် ကို ဒီမိုကရေစီအင်အားစုများနှင့် မီဒီယာအသိုင်းအ၀ိုင်းကပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်စိတ် အေးစရာပုံရိပ်အဖြစ်ကြိုဆိုလိုက် ကြသည်။
၎င်းခရီးစဉ်တွင်နိုင်ငံတော် သမ္မတဦးသိန်းစိန်က “ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာအပစ်အခတ် ရပ်စဲရေး အတွက်တပ်မတော်က အပြည့်အ၀အာမခံပါတယ်၊ အပစ်ရပ်ရုံနဲ့မလုံလောက်ဘဲအားလုံးပါဝင် မယ့်နိုင် ငံရေးဆွေးနွေးပွဲကိုလည်း အမြန်ဆုံးအကောင်အထည်ဖော်ရပါမယ်””ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို အနားမှာထား၍ပြောကြားခဲ့ကြောင်းသိ ရသည်။

အဆိုပါမိန့်ခွန်းနှင့် ခရီးစဉ်  သည် တိုင်းပြည်၏အသွင်ကူးပြောင်း ရေးတွင်တပ်မတော်၏အခန်းဂဏ္ဍ ကိုအချို့သောဝေဖန်သုံးသပ်သူတို့ ထင်မြင်သလိုမဟုတ်ဘဲ၊ သမ္မတ၏ နိုင်ငံတော်အာဏာအောက်တွင် တပ်မတော်ရှိကြောင်းပြသလိုက်သည်ဟု ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဇော်ဇော်မင်းကပြောကြားသည်။

““ဒါဟာဒီမိုကရေစီရေးမှာတပ်မတော်ကလိုလိုလားလားရှိ ကြောင်းနဲ့နိုင်ငံတော်သမ္မတဖော် ဆောင်နေတဲ့ငြိမ်းချမ်းရေးဖြစ်စဉ် မှာကာကွယ်ရေးဦးစီးချုပ်ဦးဆောင် တဲ့တပ်မတော်ကပူးပေါင်းပါဝင် တယ်လို့မြင်ပါတယ်၊ ဘယ်အတိုင်း အတာအထိပါဝင်မယ်ဆိုတာကို တော့စောင့်ကြည့်ရမှာဖြစ်ပါတယ်””ဟု၎င်းကဆိုသည်။

ယင်းခရီးစဉ်မှာ သမ္မတနှင့် ကာချုပ်ပူးတွဲသွားလာသည့် ပထမဆုံးခရီးစဉ်ဖြစ်သလို ဒီမိုကရေစီ နှင့်ငြိမ်း ချမ်းရေးအတွက်စိတ်အေး စရာပထမဆုံးမြင်ကွင်းဖြစ်ကြောင်း လေ့လာသူများကသုံးသပ်လျက်ရှိသည်။

Hot News Journal

No comments:

Post a Comment

My Blog List