Tuesday, March 18, 2014

ထားထက်ထက် သရုပ်ဆောင် လုပ်ပြီ


Miss Grand International 2013 ၂ဝ၁၃ ပြိုင်ပွဲတွင် ဆု သုံး ဆု ဆွတ်ခူးရရှိခဲ့တဲ့ Miss ထားထက်ထက် တစ်ယောက် ပထမ ဆုံးအနေနဲ့ အက်ရှင်ဇာတ် ကား ရိုက်ကူးတော့ မယ်လို့ သိရပါတယ်။ ဒါကြောင့် ထားထက်ထက် အ နေနဲ့ အက်ရှင် ဇာတ်ကားတွင် သရုပ်ဆောင်ရမယ့် ဇာတ်ကောင် စရိုက်အပေါ် ကြိုတင်ပြင်ဆင်မှု တွေနဲ့ Miss တစ်ယောက်ရဲ့ ရပ် တည်မှုတွေအကြောင်းကို ယခုလို ပဲ မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး- ထားထက်ထက်ရဲ့ အက်ရှင်ဇာတ်ကားက ဘယ်တော့လောက် စရိုက်ဖြစ်မလဲ။
ဖြေ- ဒီနှစ်အတွင်းမှာတော့ စရိုက်ဖြစ်မှာပါ။ ထားထက်ထက် သိတာ ကတော့ ဒီဇာတ်ကားဟာ အမျိုးသမီးတစ်ယောက်က ဘယ်လောက် အထိ စွမ်းဆောင်နိုင်လဲ။ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ ဇာတ် လမ်းတစ်ခု ဖြစ်လာမှာပါ။ မြန်မာနိုင်ငံက အမျိုးသမီးတွေလည်း နိုင်ငံ တကာနဲ့ ရင်ပေါင်တန်းပြီး အကောင်းဆုံးလုပ်နိုင်တယ်။ အမျိုးသမီး တွေ တော်တဲ့အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်လမ်းမျိုးပါ။

မေး- ပရိသတ်စိတ်ဝင်စားမယ့် ဒီဇာတ်ကားအတွက် ထားထက်ထက် ဘက်ကရော လစ်ဟာချက်မရှိအောင် ဘယ်လိုပြင်ဆင် ထားပါသလဲ။

ဖြေ- အက်ရှင်ဇတ်ကားလည်းဖြစ်တယ်။ ကိုယ်ကလည်း အားကစား သမားတစ်ယောက်ဖြစ်တော့ တခြားအပိုင်းမှာတော့ အခက်အခဲမရှိ ဘူးပေါ့နော်။ ဒါပေမဲ့ ကိုယ့်အတွက် ပထမဆုံးရိုက်မယ့်ကားဖြစ်တယ်။ ရိုက်ကွင်းမှာတော့ အခက်အခဲရှိလာကောင်း ရှိလာမယ်။ အဲဒီလိုမျိုး မဖြစ်လာအောင် အခုရိုက်ကွင်းတွေကို ကြိုပြီးတော့ လေ့လာနေတယ်။ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါပြီ။

မေး- ထားထက်ထက်က အခုဆိုရင် မြန်မာနိုင်ငံကိုယ်စားပြုမယ် တစ်ယောက်ဖြစ်တဲ့အတွက် ဘဝမှာ ဘယ်အရာတွေက ပြောင်းလဲ သွား ပြီလဲ။

ဖြေ- Miss တစ်ယောက်အနေနဲ့ တခြားနိုင်ငံမှာ သွားပြိုင်ရတယ်။ ပြန်လာတဲ့အခါကျတော့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို ကြည့်တာ က ပြည်တွင်းတစ်ခုတည်း မဟုတ်တော့ဘူး။ အင်တာနေရှင်နယ်က သူငယ်ချင်းတွေက စောင့်ကြည့်နေကြတာဆိုတော့ အစစအရာရာ သတိထားပြီး လုပ်ဆောင်ရတာပေါ့။ 

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

The Yangon Times Journal

No comments:

Post a Comment

My Blog List