Friday, March 21, 2014

မလေးရှားရေဒါစနစ် အိန္ဒိယသမုဒ္ဒရာအထိ ထောက်လှမ်းနိုင်စွမ်းရှိ


မလေးရှားရဲ့ ရေဒါစနစ်က ဒေသတွင်းပင်လယ်ပြင်မှာ ပျံနေတဲ့ လေယာဉ်ပျံကိုခြေရာခံနိုင်တဲ့အခြေ အနေမှာရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဟောင်း အန်ဝါအီဘရာဟင်က ပြောလိုက်ပါတယ်။

ပျောက်ဆုံးလေယာဉ်ရှာဖွေရေးမှာ မလေးရှားက သတင်းထိန်ချန်ထားဖွယ်ရှိတယ်၊ တုန့်ပြန်ဆောင်ရွက် မှု နှေးတယ် ဆိုပြီး စွပ်စွဲခံနေရချိန်မှာ အဲသလို ပြောလိုက်တာပါ။
အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်က CNN သတင်းဌာနကို ပြောရာမှာ ပျောက်ဆုံးလေယာဉ်က တရုတ်ပြည် ပီကင်းကိုမသွားဘဲ လမ်းကြောင်းပြောင်းသွားတာကို မလေးရှားကနေ စုံစမ်း သိရှိနိုင် တဲ့ ရေဒါစနစ် သေချာပေါက် ရှိတယ်၊ အဲဒီလေယာဉ်မှမဟုတ် - ဒေသတွင်း ပျံသန်းနေတဲ့ ဘယ်လေယာဉ် ရဲ့ လှုပ်ရှားမှုကိုမဆို သူတို့ရေဒါကနေ ခြေရာခံနိုင်တယ်လို့ ဆိုပါတယ်။

ဒေသတွင်း ဆိုတာက တောင်တရုတ်ပင်လယ်ကနေ အိန္ဒိယသမုဒ္ဒရာအထိ လို့ သူက ဆိုပါတယ်။

အီတလီနိုင်ငံ Alenia-Marconi Systems ဆိုတဲ့ ရေဒါနည်းပညာဌာနက မလေးရှားမှာ လုပ်ငန်း လုပ်ကိုင်ခွင့် ရခဲ့တာဆိုပြီး ၂ဝဝဝ ပြည့်နှစ် New Straits Times သတင်းစာမှာ ဖော်ပြခဲ့ကြောင်း  CNN သတင်းဌာနက ဆိုပါတယ်။

သတင်းစာက ဖော်ပြခဲ့ချိန်မှာ Kuching, Kota Kinabalu, Johor, Subang, Langkawi, Labuan, Sepang  ဆိုတဲ့ လေယာဉ်ကွင်းတွေမှာ ရေဒါစခန်းတွေရှိနှင့်ပြီးဖြစ်တယ်လို့ ဆိုတယ်။

မလေးရှားရဲ့ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှုမရှိကြတဲ့အတွက် နိုင်ငံတကာက ၀ိုင်းဝန်း ဝေဖန်ကြတဲ့ထဲမှာ တရုတ်နိုင်ငံက အပြင်းထန်ဆုံး ဝေဖန်ခဲ့တာပါ။

လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် ၂ဝဝ ကျော်ထဲမှာ တရုတ်နိုင်ငံသားက ၁၅ဝ ကျော် ပါဝင်ပါတယ်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List