Tuesday, March 18, 2014

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၇ ရက်အထိ ဖြေဆိုမှု ယခင်နှစ် မေးခွန်းဟောင်းများ ပြန်လည်ပါဝင်မှုကြောင့် ကျောင်းသားအများစု ဖြေဆိုနိုင်


၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၌ ယခင်နှစ် မေးခွန်းဟောင်းများထဲမှ မေးခွန်းများ ပြန်လည်ထည့်သွင်း မေးမြန်း လာခြင်းကြောင့် ကျောင်းသား အများစုမှာ စာမေးပွဲ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။စာမေးပွဲစတင်စစ်ဆေးသည့် မြန်မာစာ ဘာသာရပ် ဖြေဆိုသည့်နေ့မှစ၍ အင်္ဂလိပ်စာ၊ သချာင်္နှင့် ဓာတုဗေဒ ဘာသာရပ် ဖြေဆိုသည့်နေ့အထိ ဖြေဆို ရသည့် မေးခွန်းများတွင် ယခင်နှစ်က မေးခွန်းများ ပါဝင်လာမှုကြောင့် ယင်းကဲ့သို့ ဖြေဆိုနိုင်ခဲ့ကြခြင်း ဖြစ်ကြောင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများက ဆိုပါသည်။
"မနှစ်က မေးခွန်းဟောင်းတွေထဲက ပြန်မေးတာတွေပါတော့ တော်တော်များများ ဖြေနိုင်ကြပါတယ်။ စာမေးပွဲနား နီးတော့ မေးခွန်းဟောင်းတွေကိုပဲ အထပ်ထပ်အခါခါ လေ့လာခဲ့တာဆိုတော့ မေးခွန်းတွေ တော်တော်တိုးတာပေါ့။ မနှစ်က မေးခွန်းတွေထဲမှ တစ်နှစ်က မေးခွန်းတွေပါတယ် ဆိုပေမဲ့ဒီနှစ်လောက်လောက် မေး ခွန်းဟောင်းတွေ တော်တော်ပြန်ပါလာတာ မရှိသေးပါဘူး။ ခုချိန်ထိဖြေတဲ့အထဲမှာ မေးခွန်းဟောင်းတွေ ပြန်ပါလာတုန်းဆိုတော့ စာမေးပွဲဖြေရတာ ဘာအခက်အခဲမှ မရှိသေးပါဘူး။ နောက်ရက်တွေမှာလည်း ဒီလိုမျိုးမေးခွန်းဟောင်း တွေထဲကပဲ များများပြန်ပါလာရင် သိပ်ကောင်းမယ်" ဟု အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူတစ်ဦးက ဆိုသည်။

"ဒီနှစ်စာမေးပွဲမှာ မေးခွန်းဟောင်းတွေ တော်တော်များများ ပြန်ပါပါတယ်။ မေးခွန်းတွေရဲ့ အောင်မှတ်ဖိုးလောက်တော့ ကလေးတွေအနေနဲ့ လွယ်လွယ်ကူကူ ဖြေဆိုနိုင်အောင်တော့ မေးခွန်းဟောင်းတွေ မေးထားတာကို တွေ့ရပါတယ်။ သီအိုရီ သဘောတရား တွေကိုတော့ နည်းနည်းထည့်မေးထားတယ်။ အမှတ်ကောင်းရဖို့ ဂုဏ်ထူးထွက်ဖို့ကတော့ ဥာဏ်စမ်းတွေ ထည့်မေးထားတာ တွေ့ရတယ်။ ကလေးတွေ ဥာဏ်ရည်မမီ လို့ပဲဖြစ်ဖြစ်၊ ဆရာတွေအနေနဲ့ အချိန်မရလို့ပဲဖြစ်ဖြစ် မသင်ပေးမိတဲ့အတွက် အခန်းတွေအကုန်လုံး မကြည့်ဖြစ်တဲ့ ကလေးတွေကတော့ နောက်ပိုင်း အခန်းတွေက ဥာဏ်စမ်းတွေမေးတော့ တချို့ကလေးတွေက မဖြေနိုင်ကြဘူးပေါ့။ မေးခွန်းလည်း မသတ်ပါဘူး။ တချို့ တစ်မှတ်တန် မေးခွန်းဆိုရင် မေးခွန်းဟောင်းကနေ တည့်တည့်နေရာမလွဲပဲ မေးထားတာ တွေ့ရတယ်။ ဖြေဆိုခဲ့ပြီးတဲ့ ဘာသာရပ်တွေ အကုန်လုံးမေးခွန်း ဟောင်းတွေထဲကပဲ မေးသွားတာပါ။ ဥာဏ်စမ်းကတော့ တော်တဲ့လူတွေကို မေးခွန်းထုတ်တဲ့ သူတွေအနေနဲ့ ရွေးချယ်တာပေါ့။ ဓာတုဗေဒဘာသာရပ် ဆိုရင် မေးခွန်းဟောင်းထဲက အမှတ်၇၀ ဖိုးလောက် ပြန်ပါတာ တွေ့ရတယ်။ ဘာသာရပ်တိုင်း လိုလိုကတော့ ယခင်မေးခွန်းဟောင်းတွေကို အောင်မှတ်ဖိုးလောက်ကို ပြန်လည်ပါဝင်လာတာ တွေ့ရပါတယ်" ဟု ပညာရွှေပြည် ပုဂ္ဂလိကကျောင်းမှ ကျောင်းအုပ်ကြီး ဦးစိုးအောင်ကဆိုသည်။

သင်္ချာဘာသာရပ် ဖြေဆိုသည့်နေ့၌ ယခင်နှစ်မေးခွန်းဟောင်း များထဲမှ အမှတ် ၆၀ ၀န်းကျင်၊ ဓာတုဗေဒ ဘာသာရပ် ဖြေဆိုသည့်နေ့၌ ယခင်နှစ်မေးခွန်း ဟောင်းများထဲမှ အမှတ် ၇၀ ၀န်းကျင် မေးခွန်းဟောင်းများ ပြန်လည်ပါဝင် လာကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

My Blog List