Monday, January 20, 2014

အုတ်ကျင်းဂုန်နီစက်ရုံ အခြေခံအလုပ်သမားအဖွဲ့ အစည်း ရုံးခန်းဖွင့်လှစ်ပွဲ ကျင်းပ




ရန်ကုန်မြို့ လှိုင်မြို့ နယ် အုတ်ကျင်းဂုန်နီစက်ရုံ အခြေခံအလုပ်သမားအဖွဲ့ အစည်း ရုံးခန်းဖွင့်လှစ်ပွဲအား စက်ရုံဝင်းအတွင်းရှိ ခန်းမတွင် ဇန်န၀ါရီလ ၁၆ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအုတ်ကျင်းဂုန်နီစက်ရုံ အခြေခံအလုပ်သမားအဖွဲ့ အစည်းရုံးခန်းဖွင့်လှစ်ပွဲသို့ လှိုင်မြို့ နယ်အလုပ် သမားဦးစီးဌာနမှ ဦးစီးမှူး ဦးတင်ဝင်း၊ ကျော်ထက်ကျော်ကုမဏီလီမီတက်မှ အမူဆောင်ဒါရိုက်တာများ၊ စက်ရုံမှူးများနှင့် အုတ်ကျင်းဂုန်နီစက်ရုံမှ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ နှင့် အဖွဲ့ ဝင်များ စက်ရုံ အလုပ်သမားများ၊ အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ၊ အလုပ်သမားအရေး လှုပ်ရှား သူများတက်ရောက်ခဲ့ကြပါသည်။

လှိုင်မြို့ နယ်အလုပ်သမားဦးစီးဌာနမှ ဦးစီးမှူးမှ အမှာစကားပြောကြားရာတွင် " အလုပ်ရှင်နှင့် အလုပ် သမားဆိုသည်မှာ အကျိုးတူပူးပေါင်းဆောင်ရွက်မှသာ ပြေလည်နိုင်မည်ဖြစ်ပြီး အလုပ်သမားအဖွဲ့ အစည်းများသည် အလုပ်ရှင်ကို တိုက်ဘို့ မဟုတ်ပဲ အလုပ်ရှင်နှင့် အလုပ်သမားများအကျိုးစီးပွားကို ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်သည်" ဟုပြောကြားခဲ့သည်။

အုတ်ကျင်းဂုန်နီစက်ရုံအခြေခံအလုပ်သမားအဖွဲ့ အစည်းအား အခြေခံအလုပ်သမားအဖွဲ့ အစည်းများဖွဲ့ စည်းခွင့်ဥပဒေပေါ်ပေါက်ခဲ့သည့် နောက်ပိုင်းတွင် ဖွဲ့ စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအသင်းအဖွဲ့ ဖွဲ့ စည်းခွင့် ပိတ်ပင်ထားခဲ့ပြီးနောက်  ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အလုပ်သမားအဖွဲ့ ဖွဲ့ စည်းခွင့်ဥပဒေပေါ်ပေါက်လာခဲ့ပြီး အလုပ်သမားအဖွဲ့ အစည်းများ ဖွဲ့ စည်းလာခဲ့ရာ ယခုအခါတွင် ၈၀၀ ကျော်ခန့် ရှိပြီဖြစ်သည်။

Hot News Journal

No comments:

Post a Comment

My Blog List