Monday, January 20, 2014

မြစ်ဧရာ၏သဘာဝအလှများ ခံစားကြည့်ရှုနိုင်မည့် ရွေ့လျားကရ၀ိတ် ရေပေါ်ဟော်တယ်



ကမ္ဘာလှည့်ခရီးသွားများအထူးစိတ်ဝင်စားမည့် မြန်မာ့ယဉ်ကျေးမှုလက်ရာများဖြင့် မွမ်းမံပြင်ဆင်ထားသော ရွေ့လျားကရဝိက်ရေပေါ်ဟိုတယ်ကို မန္တလေးဆိပ်ကမ်း တွင် အချောသပ်တည်ဆောက်လျက်ရှိကြောင်း သိရ သည်။

"၂၀၁၃ ခုနှစ် ဧပြီလက စစ်ကိုင်းဘက် အောင်နိုင်သူ လွန်းကျင်းမှာ စပြီးဆောက်ခဲ့တာပါ။ ရေယာဉ် တည်ငြိမ်မှု ဒီဇိုင်းပိုင်းကို ရုရှားကပညာရှင် အကူအညီယူထားပြီး ကျန်တဲ့တည်ဆောက်မှုအပိုင်းက ကျွန်တော့်ကိုယ်ပိုင် စိတ်ကူးနဲ့ မြန်မာ့ယဉ်ကျေးမှုလက်ရာကို အသေးစိတ် ပုံဖော်နေတယ်။ ကုန်ကျစရိတ်က ကျပ်သိန်းပေါင်း တစ်သောင်းကျော်လောက်ရှိမယ်။ သက်ဆိုင်ရာဝန်ကြီး ဌာနတွေရဲ့ ခွင့်ပြုချက်ရရှိပြီး သားပါ "ဟု GC ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းက ပြောသည်။

လက်ရှိတွင် ရေကြောင်းပို့ဆောင်ရေးသင်္ဘောကျင်း ဆိပ်ကမ်း၌ မွမ်းမံနေပြီး ရေယာဉ်တွင် မြင်းကောင်ရေ ၃၆၀၀ ရှိ အင်ဂျင်နှစ်လုံးတပ်ဆင်ထားကြောင်း၊ အလျားပေ ၂၅၀၊ အကျယ်ပေ ၇၀၊ ရေစူးအမြင့် ၄ ပေ ခွဲရှိ၍ နှစ်ထပ် ဖြစ်ပြီး အခန်းပေါင်း ၃၈ ခန်းပါဝင်ကာ ပြီးစီးသွားပါက အလုပ်သမား ၈၀ ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းရရှိ စေမည်ဖြစ်ကြောင်း သိရသည်။

"ရှေးမြန်မာမင်းများ လက် ထက်က ကရဝိက်ဖောင်နဲ့ ရေကြောင်း သွားလာကြတာကို သတိရပြီး စိတ် ကူးရ လာလို့ ကရဝိက် ရေပေါ်ဟိုတယ် လုပ်ဖြစ်သွားတာပါ။ ကမ္ဘာလှည့် ခရီး သွားတွေကို မြန်မာ့ယဉ်ကျေးမှု လက် ရာတွေ ပြသချင်တာလည်းပါတယ်။ အခန်း အဆောက်အအုံတွေကို ကျွန်း သားနဲ့ ဗိသုကာလက်ရာ တွေ အသေးစိတ်ပုံဖော်ထားတာကြောင့် ပြီးမယ့် နေ့ကို အတိအကျပြောလို့ မရဘူး" ဟု ၎င်းကဆက်လက် ပြောကြားသည်။

ပို့ဆောင်ပေးမည့် ခရီးစဉ်မှာ မန္တလေး- မင်းကွန်း- ရွှေကြက်ယက် တို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားများက တောင်းဆိုလာလျှင် ဗန်းမော်- ရွှေကူ စသည့် အခြားဆိပ်ကမ်းမြို့များသို့ ပို့ဆောင်ရန် စီစဉ်ပေးမည်ဖြစ်၍ ဧရာ ၀တီမြစ်ကြီး၏ သဘာဝအလှတရားများကို ခံစားကြည့်ရှုနိုင်မှာဖြစ်သည်ဟု ဆိုသည်။ ပွင့်လင်းမြင် သာသည့် အချိန်တွင် ဧရာဝတီမြစ်၏ အလှအပများ၊ မြန်မာတို့၏ လူနေမှုသဘာဝ အခြေအနေများ၊ မပျက်စီး သေးသော တောတောင်ရေမြေရှုခင်းများနှင့်အတူ မြန်မာ့ယဉ်ကျေးမှုလက်ရာများကို ကမ္ဘာကသိအောင် ပြသနိုင်သကဲ့သို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ အား ဆွဲဆောင်နိုင်မည်ဖြစ်သည်။

"နှစ်ထပ်ဆောင်အပေါ်ထပ်မှာ လေသာဆောင် ဟင်းလင်းပြင်ပါလို့ မင်္ဂလာဧည့်ခံပွဲကျင်းပချင်ရင် လက်ခံ ပေးသွားမယ်၊ ကမ္ဘာလှည့်ခရီးသွား တွေ စိတ်ဝင်စားအောင် ပန်းချီပြပွဲ၊ ရုပ်သေးပြပွဲ၊ မြန်မာ့ရိုးရာ ခြင်းလုံး အလှပြ ကစားတာတွေ စီစဉ်ထားပေး မယ်" ဟု ဦးထွန်းထွန်းက ပြောသည်။ ဝန်ဆောင်ခဈေးနှုန်းများကို လက်ရှိ အချိန်တွင် မသိရသေးသော်လည်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း တာဝန်ရှိသူများနှင့် ညှိနှိုင်းသတ် မှတ်သွား မည်ဖြစ်ကြောင်း၊ဆိပ်ကမ်းနေရာ ရရှိရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနသို့ တင်ပြလျှောက်ထားဆဲဖြစ် ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List